Friday, November 4, 2011

သတိပြုဖွယ် ရာ ငွေစက္ကူ


news
"ဒီပိုက်ဆံလေးပြဲနေလို့လဲပေး ပါဦး၊ ဒီငွေစက္ကူကအဖာရာနဲ့ လဲပေး ပါဦး” ဆိုပြီး ငွေစက္ကူမှာ ဒဏ်ရာတစ် ခုခုရှိနေရင် ငြင်းဆန်တာမျိုးတွေ ရှိခဲ့ ပါတယ်။ ဒါပေမယ့် အခုတော့ ငွေစက္ကူက ဘယ်လောက်ပဲ စုတ်ပြဲ နေပါစေ၊ အဖာအထေးဘယ်လောက် ပဲရှိနေပါစေ၊ ညစ်ချင် သလောက် ညစ် နေပါစေ ဝမ်းသာစွာလက်ခံနေကြတာ ကိုတွေ့ရပါတယ်။
ငွေစက္ကူ အကြွေရရင် ပဲ ကျေနပ်ကြပါတယ်။ အကြွေလို့ ခေါ်နေကြတဲ့ ငွေစက္ကူကတော့ အရင်ကလို သတ္တု အြွေကတွေမဟုတ် ဘဲ ရာတန်စက္ကူ အသီးသီး ပဲဖြစ်နေ ကြပါတယ်။ အရုပ်ဆိုး၊ အကျည်းတန် လွန်းတဲ့ ငွေစက္ကူတွေကို ကိုင်တွယ်သုံး စွဲနေရတာ အင်မတန် စိတ်ပျက် စရာပါ။ စုတ်ပြဲညစ်ထေးလွန်းလို့ ပလတ်စတစ် အိတ်နဲ့တောင် ထုတ်ထား ပါသေးဗျာ။
ဒီလိုစက္ကူမျိုး ကျပ်တစ်သောင်းလိုချင်ရင် ငွေအကောင်း ကျပ်ကိုးထောင်နဲ့ လဲလို့ရမ လား အောက်မေ့ပါ တယ်။ ပိုတောင် ကောင်းပါသေးတယ်။ ဘာဖြစ်လို့များ ဒီငွေစက္ကူ အဟောင်း အစုတ် အညစ် အနွမ်းတွေကို လဲမပေးကြတာလဲလို့ ရိုးသားစွာတွေးမိပါတယ်။ ဒီငွေစက္ကူတွေဟာ နိုင်ငံသားတွေ ရဲ့ လက်ပေါင်းစုံ၊နေရာပေါင်းစုံမှာ ကျင်လည်နေကြရပြီး သူတို့ရဲ့ သက်တမ်းနဲ့ ကြံ့ခိုင်မှုကလည်း ကြာလေညံ့ဖျင်းလေဖြစ်လာပါတယ်။ ဆိုးတာက ဒီငွေစက္ကူအဟောင်းတွေ မှာ ကူးစက်ရောဂါမျိုးစုံ တွယ်ကပ်နေ ပြီး ကိုင်တွယ်သူများအတွက် ကူးစက် ရောဂါများရရှိစေနိုင်တာကို တွေ့ရလို့ ပါပဲ။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပမြို့နယ် အတွင်းမှာ လည်ပတ်နေတဲ့ ငွေနှစ်ရာတန် စက္ကူ တွေကို ကျွမ်းကျင်သူများက စုဆောင်း စစ်ဆေးရာမှာ အန္တရာယ်ပြုနိုင်တဲ့ ဗက်တီးရီးယားပိုးများစွာ တွေ့ရှိရ ကြောင်းသိရပါတယ်။ Aerobic Spore Bearing Gram Positive Bacilli(65%), Staphylococcus Aureus (37.5%), Pseudomonas Species (36%), Coagulase Negative Staphylococci (13.5%), Enterobacter Species (8%), Klebsiella Species(7.5%), Proteus Species(1.5%) စသည်ဖြင့် ဗက်တီးရီး ယားပိုးများစွာကို တွေ့ရကြောင်း၊ တန်ဖိုးနည်းငွေစက္ကူများမှာ ရောဂါပိုး ပိုများပြီး တန်ဖိုးကြီး ငွေစက္ကူများဖြစ် ကြတဲ့ ကျပ်ငါးရာနဲ့ကျပ်တစ်ထောင်တန် တို့မှာတော့ ရောဂါပိုးများ ပိုမိုနည်းပါး ကြောင်းတို့ကို တွေ့ရှိကြရပါတယ်။
ငွေစက္ကူ အသစ်ကလေးများကတော့ ပိုးမွှားကင်းစင်လေ့ရှိကြတယ်ပေါ့။ အထူးသဖြင့် ဟောင်းနွမ်းညစ်ပေ စုတ် ပြဲနေပြီး တန်ဖိုးနည်း ငွေစက္ကူများကို အမြဲကိုင်တွယ်သုံးစွဲနေတဲ့ အခြေခံ လူတန်းစားများ၊ ကျောင်းသားကျောင်း သူများမှာ ကျန်းမာရေးပြဿနာ တစ်ခု အဖြစ် တွေ့နေရပါတယ်။ ငွေစက္ကူ တွေပေါ်က ရောဂါပိုးတွေဟာ ကိုင် တွယ်သူရဲ့ လက်၊ အရေပြား၊ ထိတွေ့ ရာ အခြားနေရာများကို အလွယ်တကူ ပျံ့နှံ့ရောက်ရှိသွားနိုင်ပါတယ်။ အဓိက ကတော့ ကိုင်တွယ်သူရဲ့ လက်ကနေ သူစားသမျှသောက်သမျှ စားစရာ၊ သောက်ရေတို့မှာ ပါဝင်ပြီး ကူးစက် အန္တရာယ်ပြုနိုင်ပါတယ်။ လက်ကို တံတွေးဆွတ်ပြီး ပိုက်ဆံကို ရေတွက် တတ်ရင်တော့ ပိုပြီးကူးစက်လွယ်တာ ပေါ့။
ကိုင်တွယ်သူမှာ အနာဒဏ်ရာ၊ စအိုဝန်းကျင်၊ နှာမွှန်နှာစေး နှာရည် ယိုတာတွေ၊ ချောင်းဆိုးတာတွေ ကတော့ ရောဂါပျံ့နှံ့မှုတွေဖြစ်စေတတ် ပါတယ်။ ညစ်နွမ်းလွန်းလှတဲ့ ငွေစက္ကူ တွေဟာ အဆိုပါဗက်တီးရီးယားပိုး များစွာ ခိုအောင်းရာ၊ ပေါက်ဖွားရာ နေရာများလည်း ဖြစ်နေပါတယ်။ လေ့လာခဲ့တဲ့ ငွေစက္ကူနှစ်ရာတန် အဟောင်းအရွက် ၂၀ဝမှာ ၁၈၄ရွက် (၉၂ ရာခိုင်နှုန်း)မှာ ကူးစက်ရောဂါပိုး များ တွေ့နေရတာဖြစ်ပါတယ်။ ခေါင်း ရွက်ဗျပ်ထိုးဈေးကုန်သည်များထဲက ငွေ စက္ကူတွေမှာ ပိုးတွေပိုတွေ့ရတာ၊ အခု လို စွတ်စိုတဲ့ရာသီမှာ ခြောက်သွေ့ ရာသီထက် ရောဂါပိုးပိုများတာ တွေ့ရ ပါတယ်။ တွေ့ရတဲ့ ကူးစက် ပြင်းထန် ဗက်တီးရီးယားပိုးများကြောင့် အစာ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ များ၊ အဆုတ်လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ၊ ဆီးလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါများ၊ အရေပြား ကူးစက်ရောဂါများ၊ နှာခေါင်း မျက်စိ တို့သို့ ကူးစက်ခြင်းများစသည်တို့ ဖြစ်စေတတ်ပါတယ်။
အာဟာရ ချို့တဲ့ သူများ၊ သက်ကြီးရွယ်အိုများ၊ နာတာ ရှည်ရောဂါသည်များ၊ ကင်ဆာရောဂါ ဆေးဝါးများ သောက်သုံးနေရသူများ၊ ခုခံအားချို့ယွင်းနေသူများအဖို့ အထူး အ္တရာယ်ကြုံတွေ့နိုင်ပါတယ်။ Currency notes ညသအနျ ငွေစက္ကူများဟာ ရောဂါ ပိုးများစွာသယ်ဆောင်ရာ၊ ပေါက်ဖွား ရာ၊ ပျံ့နှံ့ရာများနဲ့ ကူးစက်ရောဂါ ဗဟိုဌာနများအဖြစ် တွေ့ရပါတယ်။ ဒါကြောင့် ဒီငွေစက္ကူဟောင်း တွေကို ကိုင်တွယ်နေရသူများအဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူး ဂရုပြုဖို့လိုပါတယ်။ စက္ကူတွေကို ကိုင်ပြီးတိုင်း သေချာစွာလက်ဆေး ကြဖို့လိုပါတယ်။ စနစ်တကျ ဆပ်ပြာ နဲ့ ဆေးဖို့လိုပါတယ်။ ထိတွေ့ထား တဲ့ လက်နဲ့နှာခေါင်း၊ ပါးစပ် စတဲ့ နေရာတို့ကို မကိုင်သင့်ပါဘူး။
စားစ ရာ၊ သောက်စရာ ကိုင်တွယ်တာ၊ မိခင်ကနေ ကလေးကို ချီပွေ့တာ၊ ကိုင်တွယ်တာတွေ သတိပြုရပါမယ်။ အမျိုးသမီးအချို့ (ဈေးသည်များ)ဟာ စက္ကူတွေကို အတွင်းခံ အင်္ကျီ၊ ဘရာ စီယာတို့ထဲကို ထည့်ထားတာမျိုး မလုပ်သင့်ပါဘူး။ ငွေစက္ကူတွေကို ပိုမို ညစ်နွမ်းစေတဲ့အပြင် ရောဂါပိုး ကူးစက် မှုကိုလည်း ပိုမိုဖြစ်စေတတ်ပါတယ်။ ဒီငွေစက္ကူအဟောင်းအနွမ်း တွေကြောင့် ဖြစ်ပွားရတဲ့ ကူးစက် ရောဂါများဟာ မြန်မာနိုင်ငံတွင်သာ မက ကမ္ဘာတစ်ဝှမ်းမှာ ပြည်သူ့ကျန်း မာရေးအတွက် ပြဿနာအဖြစ် ရောက်ရှိလာပြီလို့ သိရပါတယ်။ အိန္ဒိယ၊ အီရန်နိုင်ငံတို့မှာ အလားတူ ပြဿနာများရှိနေကြောင်း သိရပါ တယ်။
ဒီကျန်းမာရေးပြဿနာများအ အတွက် လူတိုင်းတစ်ကိုယ်ရေသန့် ရှင်းရေးကို အထူးဂရုပြုဖို့၊ အစားအစာ၊ ရေ၊ အသုံးအဆောင်များမှ ထပ်ဆင့် ကူးစက်နိုင်တာမို့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်အဖြစ် စောင့်ရှောက်ထိန်း သိမ်းကြဖို့ အရေးကြီးပါတယ်။ ပြီး တော့ ဒီကူးစက်ရောဂါပိုးများဟာ အဖိုးတန်ငွေစက္ကူတွေကိုသာကိုင်တွယ် ရတဲ့ သူဌေးများကို အ္တရာယ်ပြုနိုင်မှာ မဟုတ်ပါဘူး။ လက်လုပ်လက်စား ဆင်းရဲသားများ၊ အလုပ်ကြမ်းသမား များနဲ့ အခြားအခြေခံလူတန်းစားများ ဖြစ်ကြတဲ့ ဆင်းရဲသားများကိုသာ အဓိကအ္တရာယ်ပြုမှာဖြစ်ပါတယ်။ နှစ်ရာတန်လေးတွေရလို့ ဝမ်းသာ အားရဖြစ်မယ်မကြံနဲ့ဦး၊ သူတို့က ကိုယ့်ကိုနှစ်ရာမကတန်တဲ့ အ္တရာယ် တွေပေးနိုင်တယ်ဆိုတာ ခေါင်းထဲထည့် ထားဖို့ပါ။ အကောင်းဆုံးကတော့ ဒီအကျည်းတန်လှတဲ့ငွေစက္ကူတွေကို အမြန်ဆုံးဖယ်ရှားပြီး အသစ်တွေနဲ့ အစားထိုးဖို့ပါပဲ။
ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

No comments:

Post a Comment

 

Sample text

Sample Text

Sample Text