Social Icons

Featured Posts

Thursday, January 5, 2012

အမှိုက်သိမ်းခ နှစ်ဆတိုးမည်

ရန်ကုန်မြို့တွင်းတစ်နေရာတွင် သန့်ရှင်းရေးဆောင်ရွက်နေသော ၀န်ထမ်းတစ်ဦးအား တွေ့ရစဉ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခင်ကောက်ခံသော နှုန်းထား၏ နှစ်ဆ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သတင်း ရရှိသည်။

''ရန်ကုန်တစ်မြို့လုံးရဲ့ သန့်ရှင်းရေးဆောင်ရွက်ခတွေကို ယခုနှစ် ဇန်န၀ါရီလမှစတင်ပြီး ယခင်နှုန်းထားရဲ့ နှစ်ဆ တိုးမြှင့်ကောက်ခံမှာဖြစ်ပါတယ်။ သန့်ရှင်းရေး လုပ်ငန်းလုပ်တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်း၊ ယာဉ်၊ ၀န်ထမ်း လုပ်အားခ၊ ၀န်ထမ်းတွေအ တွက် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ ၀ယ်ဖို့အတွက် အရင်ကောက်နေတဲ့နှုန်းထားနဲ့ မညီမျှတဲ့အတွက် တိုးမြှင့်ကောက်ခံရတာဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့၏ သန့်ရှင်းရေး ဆောင်ရွက်ခများကို ရေဖိုးရေခ၊ မြေခွန်၊ ယာပြတ်အခွန်စသည်တို့နှင့် ပေါင်းစည်း၍ သုံးလတစ်ကြိမ် ကောက်ခံခြင်းဖြစ်ကြောင်း၊ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ဥက္ကလာပ စသောမြို့နယ်များတွင် ယခင်တစ်ရက်လျှင် ငါး ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၄၅၀ အစား နှုန်းထားအသစ်ဖြင့် တစ်ရက်လျင် ၁၀ ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၉၀၀ ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း စသော မြို့တွင်းဆက်စပ် မြို့နယ်များတွင် သန့်ရှင်းရေးဝန် ဆောင်ခအဖြစ် တစ်ရက်လျင် ခုနစ် ကျပ်ခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား နှုန်းထားအသစ်ဖြင့် တစ် ရက်လျင်ကျပ် ၁၅ ကျပ်ဖြင့် သုံးလ တစ်ကြိမ် ၁၃၅၀ နှုန်းဖြင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်ကောက်ခံတာနဲ့အတူ ကောင်းမွန်တဲ့ ၀န်ဆောင်မှုပေးဖို့ မျှော်လင့်ပါတယ်။ ပိုက်ဆံလည်း တိုးကောက်တယ်။ ၀န်ဆောင်မှုလည်း အခုလိုပဲဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အခွန်အခပေးပြီး ထိုက်သင့်တဲ့ ၀န်ဆောင်မှုမျိုးကို ပြန်ရချင်ပါတယ် .  .  .

မြို့တွင်း  Down Town  ခြောက် မြို့နယ်တွင်မူ ယခင်တစ်ရက်လျင် ကျပ် ၁၀ နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၉၀၀ အစား နှုန်းထားအသစ် ဖြင့် တစ်ရက်လျှင် ကျပ် ၂၀ နှုန်း ဖြင့် သုံးလတစ်ကြိမ် ၁၈၀၀ ကောက်ခံသွား မည်ဖြစ်ကြောင်း သိရှိရပါ သည်။ ရန်ကုန်မြို့တွင်းရှိ သန့်ရှင်းရေး ဆောင်ရွက်ခနှုန်းထားများကို ယခင်က ဆင်ခြေဖုံးမြို့နယ်များတွင် တစ်ရက်လျှင် ၁ ကျပ်၊ မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များတွင် ၁ ကျပ်ခွဲ နှင့် မြို့တွင်းခြောက်မြို့နယ်တွင် ၂ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ  ၂၀၀၅ -၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် ဆင်ခြေ ဖုံးမြို့နယ်များအား တစ်ရက်လျှင် ၅ ကျပ်၊ မြို့တွင်းနှင့်ဆက်စပ်မြို့နယ် များအား ခုနစ်ကျပ်ခွဲနှင့် မြို့တွင်း မြို့နယ်များတွင် ၁၀ ကျပ်နှုန်းသို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

''သန့်ရှင်းရေး ဆောင်ရွက်ခတိုး မြှင့်ကောက်ခံတာနဲ့အတူ ကောင်းမွန်တဲ့ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ပါတယ်။ ပိုက်ဆံလည်း တိုးကောက် တယ်။ ၀န်ဆောင်မှုလည်း အခုလိုပဲဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့အခွန်အခပေးပြီး ထိုက်သင့် တဲ့ ၀န်ဆောင်မှုမျိုးကို ပြန်ရချင်ပါတယ်'' ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပြခဲ့သည်။

ကမ္ဘာရှေးကျတဲ့မြို့တွေပါ

Damascus, Syria



Bulgaria ,Plovdiv



Paris ,Beirut

Jerusalem


Tel Aviv
Athens
Lisbon
Xi`an
Rome
Delhi


New York မှမြေအောက် 186 မီတာအနက်ထိ အထူးဆောက်ထားသော အိမ်

ကျွှန်တော်တို့ အနေဖြင့် ဇာတ်ကား အနောက်တိုင်း Movie တွေထဲမှာပဲ တွေ့ မြင်ရတတ်တဲ့မြေအောက် အဆောက်အဦးတွေအခုနောက်ပိုင်းဆို တစ်ဖြည်းဖြည်း နိုင်ငံတိုင်းနီးပါးဆောက်လုပ်လာပြီဖြစ်ပါသည် ။ မြေအောက် အဆောက်အဦးများကို တစ်ထပ် နှစ်ထပ်မှ သည် အထပ်ပေါင်းများစွာအထိ ကိုဆောက်လုပ်ကြပါသည် ။ မိမိအသုံးပြုမည့် ပုံပေါ်တွင် မူတည်ကာ ဆောက်လုပ်လျက်ရှိပါသည် ။ယခုမကြာသေးမှီအချိန်အတွင်းကမှ ဆောက်လုပ်ပြီးစီးသွားသည့် မြေအောက်အထပ် ပေါင်းတော်တော်များများနှင့် အဆောက်အဦး အိမ်တစ်လုံး ထိုအဆောက်အဦး တည်နေရာလေးကတော့ Adirondack State Park, New York တွင်တည်ရှိပါသည် ။ ထိုအိမ် ကို အမေရိကန် ဒေါ်လာ $ 1.75 million အကုန်အကျ ခံကာတည်ဆောက်ခဲ့ပါသည် ။ မြေအောက်တွင်း နေထိုင်ပါက မြေပေါ်မှ ရေကြီးမှု ၊ မီးလောင်မှုများနှင့် ၊ အပေါ်ယံသဘာဝဘေးအန္တရာယ် များကို အကောင်းဆုံးခံနိုင်ရည် ရှိပါသည် ။ ထိုအဆောက်အဦးသည် အကျယ်အ၀န်း 2,000 square feet (186 square meters) အတွင်းတည် ရှိပြီးနောက် မြေအောက် အနက်ပေ 2,300 square feet (213 square meters) တွင်တည်ရှိပါသည် ။
အပေါ်ယံ မြေလွာနှင့် အောက်အထပ် ရှိ အိမ်တစ်လုံး
အပေါ်ယံ အိမ်မှာ နှစ်ထပ် အဖြစ်သာဆောက်လုပ်ထားပါသည်
အောက်ထပ်ရှိ အခန်းတစ်ခန်းးကိုတွေ့ ရစဉ်ဖြစ်ပါသည် ။
အထပ်တိုင်းကို ဆတ်သွယ်ထား သောသံမဏိ တံခါးပေါ့က်ကြီးများဖြစ်ပါသည်
အောက်ထပ်မှ အပေါ်ထက် ခံနိုင်ရည် များကို ရည်ရှည်ခံနိုင်ရည် ရှိရန်အတွက်

ွှ့အားလုံးပဲ ယခုထက်ပို ဗဟုသုတများ တိုးပွားနိုင်ပါစေ.

လေယဉ်မောင်းလိုင်စင်ရခဲ့တဲ့ လက်မရှိသောမိန်းကလေး





Oxford နဲ့ Cambridge ကနေပြီးသူတို့ရဲ့ အဘိဓါတ်တွေကနေ မဖြစ်နိုင်ဘူးဆိုတဲ့ Can't / Impossible ဆိုတဲ့ ဝေါ ဟာရတွေကို ဖြုတ်ချဖို့ ပြင်ဆင်နေကြပါပြီ ။

Jessica Cox ဟာ အသက် ၂၅ နှစ်ရှိတဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီးမွေးကတည်းက လက်တွေမပါရှိခဲ့ပါဘူး ။ Arizona မှ Tucson မြို့မှာနေထိုင်ပြီး ပထမဆုံးခြေထောက်နဲ့မောင်းတဲ့ လေယဉ်မှူးလိုင်စင်လက်မှတ်ကို ထူး ထူးခြားခြား ရရှိခဲ့သူလေးဖြစ်ပါတယ် ။



သူမမှာ လက်တွေမရှိခဲ့ဘူး ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတဲ့ စကားစုဟာ သူမရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ ယုံကြည် ချက်တွေကို မရပ်တန့်စေနိုင်ခဲ့ဘူး ။



သူမဟာ ပထမဆုံးခြေထောက်နဲ့လေယဉ်မောင်းဖို့ကြိုးစားခဲ့တုန်းက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့် အဲဒီစကား စုကို သူမကြိုးပမ်းအားထုတ်မှုတွေက ဖယ်ထုတ်ခဲ့တယ် ။




ခြေထောက်တွေနဲ့တင် စတီယာရင်ထိမ်းခြင်း နဲ့ ကျွမ်းကျင်သေသပ်စွာ မောင်းနှင်နိုင်ခြင်းတွေက သူမကို ဒီလက် မှတ်ရရှိစေခဲ့တယ် ။ ပေတစ်သောင်းအထက်ကနေ လေယဉ်နဲပျံသန်းပြခဲ့တဲ့ သူမကို တကမ္ဘာလုံးက အံ့သြမင် သက်ငေးမောခဲ့ရပါတယ် ။

“ သူဟာ တကယ့်ကို ကျွမ်းကျင်တဲ့ပိုင်းလော့တစ်ယောက်ပါ သူ့စိတ်ဓါတ်ဟာ ကျောက်စိုင်တွေလို မာကျောတယ် ” လို့ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ San Manuel's Ray Blair Airport မှ လေယဉ်မောင်းညွှန်ကြားသူ Parrish Traweek က ပြောဆိုခဲ့ပါတယ် ။ Parrish Traweek ဟာ လေယဉ် ထိမ်းသိမ်းရေး နဲ့ ပတ်သတ်ပြီး ပိုင်းလော့ပေါင်းများစွာကို လေ့ကျင့်ပေးခဲ့သူပါ ။




“ သူကားမောင်းတာ မြင်ပြီးတဲ့အခါ လေယဉ်ကိုပါ ဘာပြဿနာမှ မရှိပဲမောင်းနှင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” လို့ Traweek က ပြောခဲ့တယ် ။









ဆရာဝန်တွေက သူမ ဘာကြောင့်လက်တွေမပါပဲ မွေးလာခဲ့ရတယ်ဆိုတာ မဖြေမထုတ်ပေးနိုင်ခဲ့ပေမယ့် သူမ ကတော့ လက်အတုတပ်ပြီးဘ၀ကို ဖြတ်သန်းဖို့ကို ရဲရဲ ၀ံ့ဝံ့ ငြင်းဆန်ခဲ့တယ် ။




လက်တွေမရှိဘူး ဒါပေမယ့် ဘ၀ကို ကြိုးစားဖြတ်သန်းပြီး မဖြစ်နိုင်ဘူးဆိုတဲ့အရာကို ခြေဖျက်ပြခဲ့တယ် ။ ကျွန်တော် တို့မှာ လက်တွေရောခြေထောက်တွေရော အစုံရှိကြတယ် ဒါပေမယ့်ပါးစပ်ကနေ မဖြစ်နိုင်ဘူးလို့ တစ်ခုခု ကို ပြုလုပ်ဖို့ကြံတိုင်း ညည်းတွားနေလေ့ရှိကြတယ် ။ သူမကို အတုယူလို့ ကျွန်တော်တို့ လောကကြီးထဲ ဖြတ်သန်း ပျံဝဲဖို့ ကြိုးစားကြပါစို့လား ။

Wednesday, January 4, 2012

တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေးကြောင့် သေဆုံးမှုရှိ

တရုတ်နိုင်ငံတောင်ပိုင်း ရှင်ဇန်းပြည်နယ်က မြို့တစ်မြို့မှာ H5N1 အမျိုးအစား ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ရှိနေတယ်လို့ စမ်းသပ်တွေ့ရှိထားတဲ့ အမျိုးသားတစ်ဦး ဒီကနေ့ သေဆုံးသွားခဲ့တယ်လို့ ဒီကနေ့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး ဆေးကုသခံခဲ့ရတဲ့ အသက် ၃၉ နှစ်အရွယ် ဘက်စ်ကားမောင်းသူ ချင်း အမည်ရှိတဲ့သူဟာ ဖျားနာလို့ ဆေးရုံရောက်လာတဲ့အခါမှာ သူ့မှာ ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ရတာလို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဒီလစောစောပိုင်း ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ရှိသူနှစ်ဦးကို အဲဒီမြို့မှာ တွေ့ရှိခဲ့ရပြီးတဲ့နောက် ဒီမြို့ရဲ့ တဘက်ကမ်းက ဟောင်ကောင်မှာ တရုတ်ပြည်ကြီးက တင်သွင်းလာတဲ့ သက်ရှိ မွေးမြူရေး တိရစ္ဆာန်တွေကို ပိတ်ပင်ခဲ့သလို သက်ရှိ ကြက်ကောင်ရေ ထောင်ပေါင်းများစွာကိုလည်း သုတ်သင်ခဲ့ပါတယ်။

ကမ္ဘာပေါ်က ခန္ဒာကိုယ်တစ်ပိုင်းနှင့် အမျိုးသမီး၏ပျော်ရွှင်စရာ မိသားစုလေး.......................

ကျွှနိုပ်တို့ လူသားများမွေးဖွား လာစဉ်ကတည်းကပင် အားလုံးတွင် တာဝန်ကိုယ်စီနှင့် ပါလာနိုင်ပါသည် ။ အားလုံးသမိုင်းပေးတာဝန် အရ အချိန်တန် အရွယ်ရောက်လာ လျှင် သီးချိန်တန် သီးရမည် ပွင့်ချိန်တန် ပွင့်ရမည် ဆိုရိုးအတိုင်း မိမိဘယ်လောက်ပင် ဆင်းရဲနေပါစေ ရုပ်ဆိုး ရုပ်ချောနေပါစေ ။ အချိန်တန်လျှင်တော့ အိမ်ထောင်ရက်သား ကျရပေလိမ့်မည်မှာ သေချာပါသည် ။ ထို့ ကြောင့်မိမိ၏ အိမ်ထောင်ဘက်ကို မိမိကိုယ်တိုင် ရှာဖွေ ခွင့်ရှိပါသည် လောက အတွင်းတွင် မိမိရေါးချယ်သော သူသည် မိမိတစ်သက်စာ လက်တွဲရမည့်သူပင်ဖြစ်ပါသည် ။ အမျိုးသမီးများ အတွက်ဆိုလျှင် တစ်သက်မှာ တစ်မင်္ဂလာ ဟုလူကြီးများပြောစကားအရ မှတ်သားဖူးပါသည် ။ ထို့ ကြောင့် အမျိုးသမီးများအနေ ဖြင့်မိမိရွေးချယ်မည့် အမျိုးသား လင်ယောက်ျားသည် မိမိဘ၀အတွက် သာယာပျော်ရွှင်မှု စိတ်ချမ်းမြေ့ မှုတွေ ဘယ်လောက်များပေးစွမ်းနိုင်မလဲ ? အမျိုးသမီးများအနေဖြင့် မိမိကို အချစ်စစ်နဲ့ ချစ်နေသည်လား တစ်သက်တာ အတွက်မိမိ လက်တွဲသွားသင့်လား အစရှိတဲ့ အရာတွေကို စဉ်းစားရပါသေးသည် ။ အခုတော့ အောက်တွင်ဖော်ပြတဲ့မိသားစုလေးကတော့ တကယ့်ကို လေးစားအံ့သြစရာပါပဲ သူတို့ မိသားးစုလေး ဟာအတော် ကိုချစ်ခင်ကြင်နာကြပြီးနောက်.. ဘ၀တစ်ခုကို တည်ဆောက်လာခဲ့တာဆိုရင် အခုဆိုသားသမီးနှစ်ယောက်ထွန်းကားတဲ့အထိပဲဖြစ်ပါသည် ။
ဘ၀ ကိုအရှုံးမပေး ထိုင် ငိုကြွေးမနေပဲ နှင့်ပျော်ရွှင်စွာနှင့် ကျွှန်မ ခင်ပွန်းနှင့်အတူ ဖြတ်သန်းလာခဲ့တာ အခုဆိုရင် ဒုတိယ ကလေးလေးတောင် တော်တော်ကြီးလာပြီ ဖြစ်ပါသည်
ဘယ်သွားသွား ကျွှန်မတို့ မခွဲစတမ်း အတူတူ သွားကြပါတယ် သူရဲ့ကြင်နာမှုတွေက ကျွှန်မ တစ်သက်တာ ပျော်ရွှင်မှုတွေ နဲ့ မဆုံးနိုင်တော့ပါဘူး..
တစ်ခါတစ်လေ လမ်းတွေ ကြမ်းတဲ့အခါ ကျွှန်မကို ကုန်းပိုးတစ်ဖက် နှင့်တစ်ဖက်ကလဲ ကလေးငယ်လေးကို လက်ကစွဲလက် မညည်းမညူ ပျော်ရွှင်နေတတ်ပါသေးသည်..

ဈေးတွေ ဘာတွေ သွားတဲ့အခါ ၀ယ်စရာရှိတယ် ဆိုလဲ သေချာလိုက်ပို့ ပေးတတ်ပါတယ် စိတ်ရှည်ပြီးတော့ ကျွှန်မအပေါ် အမြဲ စိတ်ချမ်းမြေ့ မှုတွေ ဖန်တီးပေးတတ်ပါတယ်..

ကျွှန်မလို အပ်တာကိုလဲ ချက်ချင်း ယူပေးတတ်ကာ ကျွှန်မကို အမြဲ စိတ်ချမ်းသာစေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါပဲသူကတော့..
တစ်ခါတစ်လေ အိမ်ထဲမှာ ငြီးငွေ့ လာတဲ့အခါ အပြင်ဘက် ကို ညနေခင်းလေး အချိန် မိသားစု အတူတူ ပျော်ပျော်ရွှင်ရွှင် ထွက်လည်ပါတယ်
အပြင်ကျတော့ ကျွှန်မ ကသားကြီးနဲ့ အတူဦးဆောင်ပြီးး အိမ်အပြန်လမ်းလေးက ပျော်ရွှင်လျက်ပေါ့ ..
တကယ့်ကို ပျော်ရွှင်ရပါတယ် ကျွှန်မဘ၀လေးက အားလုံးပြည့်စုံနေသလိုပါပဲ က်ႊန္မ ခ်စ္တဲ့က်ႊန္မ သားလေး အခုနောက် သမီးလေး ကျွှန်မကို အမြဲ ကြင်နာတတ်ပြီး သိပ်ချစ်တဲ့ ကျွှန်မ ခင်ပွန်းနဲ့  ကျွှန်မတို့ ဘ၀လေးဟာ အမြဲ ပျော်ရွှင်မဆုံးနိုင်ပါပြီ .. ရာသက်ပန် ရိုးမြေကျ ကျွှန်မတို့ နှစ်ဦး လက်တွဲသွားမည်ဖြစ်ပါသည် ...
သင့်လဲ သင့်ဘ၀အတွက် သင့်ရဲ့လက်တွဲဖော် ကိုသင်ကိုယ်တိုင် ရွေူချယ် စဉ်းစားဆုံးဖြတ်ထား သင့်ပါတယ် အချစ်စစ်တစ်ခုကိုတွေ့ ဖို့ခက်သလို ထာဝရ လက်တွဲဖို့ အတွက် မိမိရွေးတတ်ဖို့လဲလိုပါသေးသည် ။ သင်တကယ်ပဲ ဖြတ်သန်းရမည်ဖြစ်ပါသည် ။ ဘ၀မှာ တစ်ခါသာ သင်ရွေးချယ်သင့်ပါတယ် အနွံနာခံပြီး သင့်ကိုပျော်ရွှင်စွာထားနိုင်သော သူအမြဲ မပြတ်ဂရုစိုက်တတ်ကာ သင့်အပေါ် ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်သော ခင်ပွန်းယောက်ျားဖြစ် မည်ဆိုရင် ဘယ်လို အရာဘယ်လို အခက်အခဲ တွေဖြစ်နေပါစေ သင်တို့ နှစ်ယောက် အတူလက်ချင်းမဖြုတ် တမ်းဖြေရှင်း ရင်ဆိုင်လို့ ရပါပြီ ဖြစ်ပါသည် ။ ချစ်သူဘ၀ကတည်းက သင်တို့နှစ်ယောက်ဟာ ကမ္ဘာပေါ်မှာ အရင်းနှီးဆုံး လူနှစ်ယောက်ဆို ဖြစ်ပါစေ ဒါဆို သံယောဇဉ်တွေ ရစ်ပတ်နှောင်တွယ်ပြီးတော့ ဘယ်သူမှ ခွဲလို့မရတဲ့ ချစ်သူနှစ်ယောက် ဖြစ်သွားပြီပေါ့နော် က်ႊန္မလဲ အခုလို က်ႊန္မအေပၚ ဂရုစိုက္တတ္တဲ့လူ နဲ့ တွေ့ ရတာ ကျွှန်အရမ်းကို ပျော်ရွှင်ကြည် နူး နှစ်သက်ရပါတယ် .. ထာဝရ အချစ်စစ်နဲ့ အတူကျွှန်မတို့ ဆက်လက်ရ်ျ....

ကမ္ဘာ့ အသန့် ရှင်းဆုံးမြို့ (၁၀)မြို့ 

10. Calgary, Canada

9. Helsinki, Finland9. Helsinki, Finland

8. Adelaide, Australia

7. Copenhagen, Denmark

6. Ottawa, Canada
5. Kobe,  Japan
4. Honolulu, Hawaii
3. Oslo, Norway

2. Minneapolis, Minn.
1. Wellington, New Zealand

 

Sample text

Sample Text

Sample Text