Saturday, December 31, 2011

ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို ထူးဆန်းသော ဥက္ကာခဲများက အဆက်မပြတ် လှည့်ပတ်လျက်ရှိရာ ကမ္ဘာ၌ အမြဲတမ်း လနှစ်စင်း ရှိနေသည်ဟုဆို


၂ဝဝ၆ ခုနှစ်တွင် သိပံပညာရှင်များက ကမ္ဘာအားလှည့်ပတ်နေသည့် ထူးဆန်းသော ဖြူဖွေးနေသည့် အရာတစ်ခုကို တွေ့ရှိခဲ့ရာ ဒုံးပျံတစ်စင်းဟုသာ ယူဆခဲ့ကြသည်။ ၂ဝဝ၇ ခုနှစ် ဇွန်လရောက်မှသာ ကမ္ဘာကိုလှည့်ပတ်နေသော ဥက္ကာခဲတစ်ခုကို တွေ့ရှိခဲ့ရသည်။ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ကွန်နဲပြည်နယ် မှ နက္ခတ္တဗေဒ ပညာရှင်များ၏ လေ့လာတွေ့ရှိချက် အသစ်တစ်ရပ်အရ ကျွန်ုပ်တို့ ကမ္ဘာကြီး၌ ယာယီသဘောအားဖြင့် အမြဲတမ်း ဒုတိယမြောက် လတစ်စင်းရှိ နေကြောင်း သိရသည်။ ကွန်နဲ့တက္ကသိုလ်မှ သုတေသနပြုချက်အရ မည်သည့် အချိန်၌မဆို ကမ္ဘာကြီးကို လှည့်ပတ်နေသည့် လအပိုတစ်စင်း ရှိနေပြီး ယင်းသည် အချင်း တစ်မီတာ(၃ဒသမ ၂၈၃ပေ) ခန့်ရှိနေတတ်သည် ဟုဆိုသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text