
မယုံကြည်နိုင်စရာပင် မည်သို့ မျှထင်မှတ်ဖွယ်မရှိစွာ အသက် ၁၆ နှစ်အရွယ်ရှိ ကောင်လေးတစ်ယောက်၏
လည်ချောင်း၊ လေပြွန်အတွင်းမှ ၄ လက်မ အရှည်ရှိ မျှော့ တစ်ကောင်အား တွေ့ ရှိခဲ့ ကြရပါတယ်...
လွန်ခဲ့ သည့် နှစ်လခန့် မှစပြီး တောင်ကျားယွမ် တစ်ယောက်နေထိုင်မကောင်းဖြစ်ကာ သူ့ ရဲ့ အသံမှာလည်း
အက်ကွဲရှတသည့် အသံဖြစ်လာခဲ့ ပါတယ်...
သူ၏မိခင်ဖြစ်သူက သူ့ အားအအေးမိသည်ဟုထင်ကာဆးတိုက်ခဲ့ သော်လည်း သက်သာပျောက်ကင်းခြင်း
မရှိခဲ့ ပေ...
သို့ နှင့် ထိုကောင်လေးမှာ ပိန်ချူံးချိနဲ့ လာခဲ့ ရပါတော့ တယ်...နောက်ဆုံးအသက်ရှုရတာပင် ခက်ခဲပင်ပန်း
လာခဲ့ ရတာမို့ မိသားစုမှ သူ့ အားဆေး၇ုံသို့ ခေါ်ဆောင်လာခဲ့ ပါတော့ တယ်...
ထိုအခါမှပင် ၎င်း၏လေပြွန်အတွင်း မျှော့ တစ်ကောင်အသက်ရှုင်လျှက်ရှိနေသည်ကိုဆရာဝန်များမှတွေ့ ရှိ
ခဲ့ ကြပါတော့ တယ်...
ထိုလူငယ်လေး၏လည်ချောင်းထဲတွင်ရှိသည့် မျှော့ အား လွန်ခဲ့ သည့် သီတင်းပါတ်နှောင်းပိုင်းက တရုတ်
နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ နန်အန်းဒေသ၊ ယီဘင်မြို့ မှ အမှတ် ၂ ယီဘင်ဆေးရုံ္မ္ပတွင်ခွဲ
စိတ်ကုသကာ ဖယ်ရှားပေးခဲ့ ပါတယ်...
သွေးစုပ်ကာအသက်ရှင်နေသည့် မျှော့ ဟာ ခွဲစိတ်ရန်ထိုးပေးခဲ့ သည့်  မေ့ ဆေး၊ ထုံဆေး အားကြံ့ ကြံ့ ခံ
ကာ လူငယ်လေး၏ လေပြွန်ထဲတွင် ရွေ့ လျားသွားလာကာ လည်ချောင်းမှထွက်ပေါ်ဖယ်ရှားခဲ့ ရခြင်းဖြစ်
ပါတယ်...
ယခုဖြစ်ရပ်ဟာ အလွန့် အလွန်ရှားပါးသည့် ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း မျှော့ များအနေဖြင့် လူ့ ကိုယ်အ
တွင်း သတိမပြုမိပဲ ၀င်ရောက်သွားနိုင်ခြင်းဟာလည်း ဖြစ်နိုင်ဖွယ်ပါပဲ လို့ အဆိုပါခွဲစိတ်ကုသမှုအား အဓိက
ဦးဆောင်ခဲ့ သည့် ဆရာဝန် ဒေါက်တာချန်ဘင်း ကပြောကြားခဲ့ ပါတယ်...
မျှော့ များဟာ လူ့ နှာခေါင်းလမ်းကြောင်း သို့ တည်းမဟုတ် လည်ချောင်းအတွင်းမှာ အသက်ရှင်နေနိုင်ကြ
ပါတယ် လို့ ဒေါက်တာချန်း ကဆိုခဲ့ ပါတယ်...
မျှော့ များဟာ မြစ်များ၊ချောင်းများ၊ လယ်ကွင်းများ၊ ရေအိုင်များ စသည့် ရေချိုအရပ်ဒေသများတွင် ပေါက်
ပွားနေထိုင်ကြပါတယ်...
ထိုလူငယ်လေးဟာ လယ်ကွင်းထဲတွင်အလုပ်လုပ်နေတုံး မျှော့ ပါရှိသည့် ချောင်းရေကို သောက်သုံးခဲ့ တာ
ဖြစ်ရမယ်ဟု ဖခင်ဖြစ်သူ တောင်ချွမ်ဟွား ကပြောကြားခဲ့ ပါတယ်..
ကျွန်တော်တို့ ငယ်စဉ်ကလည်း ချောင်းတွေ၊ ကန်တွေ၊ အိုင်တွေမှာ ရေကူးဆော့ ကစားခဲ့ လေ့ ရှိတာမို့ လူ
ကြီးတွေက စအိုထဲကနေမျှော့ ဝင်ပြီးဗိုက်ထဲမှာမျှော့ တွေပေါက်ပွားနေခဲ့ တဲ့ ဖြစ်ရပ်ရှိခဲ့ ဖူးတယ်ဆိုပြီး
ချောက် ပြောခဲ့ ဖူးပါတယ်...

No comments:
Post a Comment