Sunday, November 27, 2011

ရေနွေးကြမ်းက ကိုလက်စရောပမာဏကိုလျှော့ချနိုင်

ရေနွေးကြမ်းက ကိုလက်စရောပမာဏကိုလျှော့ချနိုင်
ခန္ဓာကိုယ်တွင်းအကျိုးပြုသောကို လက်စရော HDL နှင့် ဥပါဒ်ပေးသော ကိုလက်စရော LDL ဟူ၍ နှစ်မျိုးရှိရာ ရေနွေးကြမ်းသည် ဥပါဒ်ပေးနိုင်သည့် LDL ပမာဏကို (၅)ဆ၊ (၆)ဆခန့် လျှော့ချစေ ၍ အကျိုးပြုသော LDL ပမာဏအပေါ် တွင်မူ မည်သို့မျှအကျိုးသက်ရောက်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိထားသည်။ လက်ဖက် ခြောက် ခပ်ခြင်းနှင့် လက် ဖက်ခြောက်အိတ်ငယ်များ စိမ်သောက် ခြင်းသည် အကျိုး ပေး မကွာ ခြားသော်လည်း လက်ဖက်ခြောက်ခပ်ခြင်းက ပိုမိုသင့်လျော် သည်ဟု ပညာရှင်များကသုံးသပ်ကြသည်။
လက်ဖက်ခြောက်တွင် Catechins ကဲ့သို့သော ဓာတ်တိုးမှုဆန့်ကျင်သည့် ဒြပ် ပေါင်းများပါဝင်ကာ ၄င်းတို့ကအသည်းမှ ကိုလက်စရောထုတ်လုပ်မှုကို လျော့ကျ စေသည်။ လေ့လာစမ်းသပ်ချက်များအရ သွေးတွင်ကိုလက်စရောပမာဏ မြင့်မား နေသူများ ရေနွေးကြမ်းကိုနေ့စဉ်သောက် သုံးပါက (၃)ပတ်မှ (၆)လအတွင်း ကို လက်စရောပမာဏ လျော့ကျလာကြောင်း တွေ့ရှိရသည်။
သို့ရာတွင်ရေနွေးကြမ်းသည် သွေး တွင်းကိုလက်စရောဓာတ် လျော့ချရာတွင် အဓိကသုံးနိုင်သည်ဟု ပညာရှင်များမ မျှော်လင့်ကြချေ။ ၄င်း၏ LDL ပမာဏ လျော့ချပေးနိုင်မှုနည်းပါးနေခြင်းကြောင့် ရေနွေးကြမ်းသီးသန့်ထက် အခြားဆေး ဝါးနှင့် လူနေမှုစရိုက်ကိုပါ တွဲဖက်ပြောင်း လဲသင့်ကြောင်း အကြံပြုကြသည်။ LDL ပမာဏတိုးမြှင့်ရခြင်း၏ အဓိ ကအကြောင်းအရင်းများမှာ ဆေးလိပ် သောက်ခြင်း၊ သွေးတိုးရော၈ါ၊ အသက်အ ရွယ်ကြီးရင့်လာမှု၊ မိသားစုမျိုးရိုးလိုက်ခြင်း နှင့် စားသောက်နေထိုင်မှုပုံစံများကြောင့် ဖြစ်သည်။ LDL ပမာဏမြင့်မားလေလေ၊ နှလုံးရောဂါနှင့် နှလုံးသွေးကြောကျဉ်း ရောဂါ အဖြစ်များလေလေဖြစ်သည်။ ထို့ ကြောင့်ရေနွေးကြမ်းသည် ကိုလက်စရော ပမာဏကို လျော့ချပေးနိုင်သော်လည်း ဆေးဝါး၊ လေ့ကျင့်ခန်း၊ လူနေမှုစရိုက် ပြောင်းလဲမှုတို့နှင့်တွဲဖက်၍ ဖြည့်စွက်စာ အနေနှင့် အသုံးပြုခြင်းသည်သာ အသင့် တော်ဆုံးဖြစ်ကြောင်း တင်ပြလိုက်ပါ သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text