Monday, November 14, 2011

အဖြူဆင်းခြင်း နှင့် ပုံမှန်လား-ရောဂါလား


အဖြူဆင်းခြင်း
အဖြူဆင်းခြင်း ဆိုတဲ့ ခေါင်းစဉ်လေး ကို မြင်လိုက်တာ နဲ့ အမျိုးသမီး များ ရဲ့ စိတ်ထဲမှာ သိချင် စိတ်ကလေးတွေ ခေါင်းထောင် လာမှာပါ။ အဖြူဆင်းတယ် ဆိုတာ အမျိုးသမီး အများစု ကြုံတွေ့ ရတဲ့ ပြဿနာလေးဖြစ်လို့ပါပဲ။ တကယ်တော့ အဖြူဆင်းတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတစ်ခု ဖြစ်ချင် ဖြစ်မယ်။
ဒါမှမဟုတ် မူမမှန်လက္ခဏာတစ်ရပ်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အမျိုးသမီးရဲ့အင်္ဂါ (Vagina)) ဟာ ခန္ဓာကိုယ်တွင်းက မျိုးပွားအင်္ဂါ အစုအဖွဲ့ နဲ့ ခန္ဓာကိုယ်ပြင်ပကြားမှာ လမ်း ကြောင်း Passageway တစ်ခုအ ဖြစ် တည်ရှိပါတယ်။ ပြင်ပက ပိုးမွှား တွေအတွက် ဝင်ပေါက်တံခါးတစ်ခု သဖွယ်လည်းဖြစ်တဲ့အတွက် သူ့ကိုယ် သူ သန့်ရှင်း ရေး လုပ်တဲ့ အနေနဲ့သော် လည်းကောင်း၊ ပုံမှန်အခြေအနေလေး တစ်ခု ဖန်တီး ပေးထား တဲ့အနေနဲ့သော် လည်းကောင်း Vaginal Discharge မိန်းမကိုယ်အရည်လေးတွေ ထုတ်ပေး ပါတယ်။
ဒီ စစ်ထုတ်ရည်လေးတွေ ထုတ်ပေးခြင်းဟာ ပုံမှန်အခြေအနေပါ ပဲ။ မအင်္ဂါရဲ့ pH ဟာ အက်စစ်pH (pH.5၀န်းကျင်ခန့်) မှာ ရှိနေအောင် သူ့ကိုယ်သူ အမြဲပြုပြင်ပေးနေပါတယ်။ ဒီလို အက်စစ် pH ဖြစ်အောင် လုပ်ပေး နေခြင်းဟာ ပြင်ပက ရောဂါပိုးမွှားတွေ က အက်စစ် pH ဆိုရင် မကြိုက်တဲ့ အတွက် လာရောက်ပေါက်ပွားမှု မရှိအောင် ကာကွယ်ပေးထားတဲ့ သဘောပါပဲ။ အကြောင်း တစ်ခုခု ကြောင့် အဲဒီ pH အပြောင်းအလဲဖြစ် သွားရင် မအင်္ဂါထဲမှာ ရောဂါပိုးမွှား အချို့ပေါက်ပွားလာပြီး မူမမှန်တဲ့ အဖြူဆင်းခြင်းများ ဖြစ်လာနိုင်ပါတယ်။
မအင်္ဂါရဲ့ အက်စစ် pH ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အကြောင်းတွေထဲမှာ ဓမ္မတာစက်ဝန်း၊ စိတ်ဖိစီးမှု၊ အာဟာရအခြေအနေများ၊ ကိုယ်ဝန်ရှိခြင်း၊ အချို့ဆေးဝါးများ စသည်တို့ ပါဝင်ပါတယ်။ အမျိုးသမီး အများစုဟာ အဖြူဆင်းတာ ရောဂါ ကြောင့်မဟုတ်ဘဲ လုံးဝပုံမှန်ဖြစ်ပါ တယ်။ ကိုယ်ဝန်ရှိတဲ့အချိန်မှာ အဖြူ ဆင်းတာကလည်း မူမှန်ပါပဲ။
ဓမ္မတာ စက်ဝန်းရဲ့အလယ် Mid Cycle သားဥြွေကတဲ့အချိန် မအင်္ဂါမှာ စိုစွတ်နေ ခြင်းနဲ့ အရည်ကြည်ဆင်းခြင်းဟာ လည်း ပုံမှန်ပဲဖြစ်ပါတယ်။ တကယ်လို့ ဆင်းတဲ့အဖြူဟာမူမမှန်ဘဲနဲ့ပုံသဏ္ဌာန်၊ အရောင်ရှိပြီး အဖြူဆင်းတဲ့အခါ မအင်္ဂါ တစ်ဝိုက်မှာ ယားယံခြင်း၊ နာကျင်ခြင်း မကောင်းတဲ့အနံ့ထွက်ခြင်းစတဲ့ မူမမှန်မှုတစ်ခုခုရှိခဲ့ရင်သာ ဘာကြောင့် လဲလို့ စဉ်းစားရမှာပါ။မူမမှန်တဲ့ အဖြူ ဆင်းခြင်းတွေဖြစ်ခဲ့ရင်တောင်မှ ယား ယံခြင်း၊ ရောင်ရမ်းခြင်း၊ အနည်းငယ် နေရ ထိုင်ရခက်ခြင်းလေးတွေ စသဖြင့် ခံစားရပေမယ့် ကျန်းမာရေးကို ဆိုးဆိုး ရွားရွား ထိခိုက်ခြင်းမရှိပါဘူး။
အချို့ သော အဖြူဆင်းခြင်းများဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးမွှား များကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီပိုးမွှားတွေဟာ သားအိမ်၊ မျိုးဥအိမ်နဲ့ မျိုးဥလမ်း ကြောင်းတို့ဆီ ပျံ့နှံ့ရောက်ရှိသွား တာမျိုး ရှိတတ်ပါတယ်။ ရှားရှားပါးပါး ဆိုပေမယ့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ရင်လည်း အညိုရောင် ဒါမှမဟုတ် သွေးစွန်းထင်းနေတဲ့ အဖြူရည်များ ဆင်းတတ်ပါသေးတယ်။ အဲဒါမျိုးတွေ ဆိုရင်တော့ အ္တရာယ်ရှိတဲ့ အဖြူဆင်း ခြင်းဖြစ်ပါတယ်။
မူမမှန် အဖြူဆင်းခြင်း၏ လက္ခဏာများ -
အဖြူဆင်းခြင်းသည် ယားယံခြင်း၊ နီရဲခြင်း၊ အနာများဖြစ်ခြင်းတို့နှင့် တွဲ ဖက် ဖြစ်ပေါ်ခြင်း၊ - အဖြူဆင်းခြင်းသည် တောက် လျှောက် ကြာရှည်ဖြစ်နေခြင်း၊ - ဆီးသွားလျှင် အရေပြားတွင်ပူခြင်း၊ - အစိမ်းရောင်၊ အဝါရောင် သို့ မဟုတ် ဒိန်ချဉ်ဖတ်ကလေးများကဲ့သို့ ခပ်ပျစ်ပျစ်ဖြစ်ခြင်း၊ - အနံ့အသက်ဆိုးခြင်း၊ - ရာသီလာခြင်းမဟုတ်ဘဲ သွေး ဆင်းခြင်း သို့မဟုတ် ဆင်းသည့်အဖြူ ထဲတွင် သွေးစပါခြင်း၊ - အဖြူရောင်စေးကပ်ကပ်အရည်ခဲ ဖြစ်ခြင်း။
အဖြူဆင်း စေသောအကြောင်း ရင်း များ
- ဗက်တီးရီးယားကြောင့်ဖြစ်သော Bacterial Vaginosis - သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) - လိင်အင်္ဂြွါကက်နို့ - ဂနိုရောဂါ - HPV ကူးစက်ရောဂါ - တင်ပါးဆုံရိုးကွင်းရောင်ရမ်းရောဂါ (Pelvic Inflammatory Disease) - လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STDs) - မအင်္ဂါကင်ဆာရောဂါ (Vaginal Cancer) - မအင်္ဂါရောင်ရမ်းရောဂါ (Vaginitis) - Yeast Infection - ကလာမိုင်းဒီးယားပိုး (Chlamydia) -Trichomoniasis စသဖြင့် ဖြစ်ပါတယ်။
မူမမှန် အဖြူဆင်းခြင်းကိုဖြစ်စေတဲ့ အဖြစ် အများဆုံးအကြောင်းရင်း ကူးစက်ရောဂါ သုံးမျိုး
၁။ ဗက်တီးရီးယားပိုးဝင်အဖြူဆင်း ရောဂါ (Bacterial Vaginosis)
Bacterial Vaginosis ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းတိတိ ကျကျကိုမသိရသေးပါဘူး။ မိန်းမကိုယ် ထဲမှာ ဗက်တီးရီးယားပေါက်ပွားမှု လွန် ကဲလာပြီး အဲဒီလို လွန်ကဲလာတဲ့အခါ မိန်းမကိုယ်ထဲက ပတ်ဝန်းကျင်နဲ့ မျှ ခြေက အပြောင်းအလဲဖြစ်သွားပါတော့ တယ်။ လိင်ဆက်ဆံဖက်များတဲ့ အမျိုး သမီးနဲ့ Oral Intercourse လက်ခံ တဲ့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ အ္တရာယ်များပါတယ်။
လက္ခဏာရပ်များ

- မီးခိုးရောင် အဖြူရောင်အရည်ကျဲကျဲ - ညှီစို့စို့အနံ့ရှိ
ကုသမှု
Metronidazole ပေးလေ့ရှိပါ တယ်။ ကုသမှုခံယူနေစဉ်မှာ အရက် မသောက်ရန်။
၂။ ပရိုတိုဇိုးဝါးပိုးဝင်ရောဂါ (Trichomoniasis)
Trichomoniasis ဟာ ပရိုတို ဇိုးဝါးပိုးဝင်ခြင်းကြောင့်ဖြစ်ပွားပြီး များ သောအားဖြင့် လိင်ဆက်ဆံခြင်းမှ ကူး စက်ပြန့်ပွားပါတယ်။ ဒါပေမယ့် ပရိုတို ဇိုးဝါးပိုးဟာ စိုစွတ်တဲ့နေရာမှာ ၂၄ နာရီ အသက်ရှင်နိုင်တာကြောင့် အများသုံး ရေချိုးခန်းသုံး အဝတ်တွေ၊ တဘက်တွေမှတစ်ဆင့်လည်း ကူးစက် တတ်ပါတယ်။
လက္ခဏာရပ်များ

- အစိမ်းရောင်၊ အဝါရောင်၊ အမြှုပ် အနည်းငယ်ထသောအရည်ဖြစ်ခြင်း
- အနံ့ဆိုးရှိခြင်း
- ပမာဏများပြားခြင်း
- မိန်းမကိုယ်ရောင်ရမ်းမှုရှိခြင်း
- ဆီးမကြာခဏသွားခြင်း
- ယားယံခြင်း
ကုသမှု

- ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး များ၊ Metronidazole
- ဆေးသောက်နေစဉ်ကာလမှာ အရက်ရှောင်ရန်
- လိင်ဆက်ဆံဖော်ကိုပါ ကုသမှု ခံယူရန်
- ကုသမှုမပြီးဆုံးခင်အထိ လိင်ဆက် ဆံမှု ရှောင်ကြဉ်ရန်
၃။ Monilia (Yeast Infection) ပုံမှန်အားဖြင့် မိန်းမကိုယ်ထဲမှာ Candida Albicans ဆိုတဲ့ Yeast ပိုး အနည်းငယ်ရှိပါတယ်။ မိန်းမကိုယ် ထဲမှာ pH အပြောင်းအလဲဖြစ်ရင် Yeast တွေ အဆမတန်ပေါက်ပွား လာပါတယ်။Yeast ပေါက်ပွားခြင်း ဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါဘူး။
Yeast Infections ဖြစ်ပွားမှုမြင့်မား စေတဲ့အချက်များ
- စိတ်ဖိစီးမှုများခြင်း
- ပဋိသန္ဓေတားဆေးများသောက်သုံး ခြင်း
- ဆီးချိုရောဂါ
- ကိုယ်ဝန်
- ပဋိဇီဝပိုးသတ်ဆေးများသောက်သုံး ခြင်း (ပဋိဇီဝပိုးသတ်ဆေးတွေဟာ အခြားပိုးမွှားတွေမပေါက်ပွားအောင် ကာကွယ်ပေးတဲ့ မအင်္ဂါထဲက အကျိုး ပြု ဗက်တီးရီးယားတွေကို သတ်ပစ် လိုက်ပါတယ်။)
လက္ခဏာများ
- အဖြူဆင်းတာများခြင်း
- အဖြူရောင်၊ ဒိန်ချဉ်ဖတ်ကဲ့သို့ ခပ် ပျစ်ပျစ်
- မိန်းမကိုယ်တွင် နီရဲ၊ ယားယံ၊ ပူစပ်ခြင်း။
ကုသမှု

- မှိုသတ်ဆေး Antifungal Agents လိမ်းဆေး၊ သောက်ဆေး၊ မိန်းမ ကိုယ်ထဲ ထည့်သည့်ဆေးများ
- ကိုယ်ဝန်ရှိသူဖြစ်လျှင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ကုသမှုခံယူရန်
- လိင်ဆက်ဆံဖော် အမျိုးသားပါ ကုသမှုခံယူရန် လိုအပ်ပါတယ်။
ကာကွယ်ရန်နှင့် ကုသရန် လမ်းညွှန် ချက်အချို့
- ကွန်ဒုံးအသုံးပြုပါ
- အာဟာရပြည့်တာစား၊ အိပ်ရေး ဝအောင်အိပ်၊ အရည်များများသောက် ပါ။
- မိန်းမကိုယ်အား သန့်ရှင်းအောင်၊ ခြောက်သွေ့အောင်ထားပါ။
- ချည်ထည်အတွင်းခံကိုသာ ဝတ် ဆင်ပါ။ - အညစ်အကြေးစွန့်ပြီးလို့ ရေဆေး ရင် ရှေ့မှနောက်ဘက်သို့ ရေဆေးပါ။
- မိန်းမကိုယ်သုံး အမွှေးနံ့သာများ၊ မိန်းမကိုယ်ထဲထည့်သော ဂွမ်းတောင့် Tampons များ မသုံးပါနှင့်။
-Petroleum Jelly သို့မဟုတ် အခြားဆီများကို Lubricants ချော ဆီအနေနှင့် မသုံးပါနှင့်။
- ဆေးဝါးကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း အတိအကျသောက်သုံးပါ။ (သောက်သည့်ပမာဏ၊ အကြိမ်အရေ အတွက်)
- ရောဂါမပျောက်ကင်းသေးသည့် အချိန်အထိ လိင်ဆက်ဆံမှုရှောင်ရှား ပါ။
- ရောင်ရမ်းယားယံသည့်နေရာကို မကုတ်ခြစ်ပါနှင့်။ ရေအေးအိတ် သို့ မဟုတ် ရေအေးအဝတ်ကပ်ပေးပါ။
-Tampons အစား Pads ကိုသာ အသုံးပြုပါ။ -Yeast Infection လို့ ယူဆရရင် Antifungal Cream ဝယ်ယူပြီးလိမ်း ပါ။
-တစ်ပတ်ကြာတဲ့အထိ ရောဂါ လက္ခဏာတွေ မပျောက်ကင်းဘဲ အဖြူဆင်းမြဲဆင်းနေရင် ဆရာဝန်နှင့် ပြသပါ။ အိမ်သာတက်တိုင်း၊ ဆီးသွားပြီး တိုင်း သန့်ချင်တဲ့စိတ်နဲ့ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲတွေနဲ့ ခဏခဏ ဆေးကြော ပေးခြင်းကြောင့် မိန်းမကိုယ်ထဲက အက်စစ် pH ပျက်ကာ ပိုးမွှားတွေ ပေါက်ပွားတတ်ပါသေးတယ်။ ဆပ်ပြာ က အယ်ကာလီအပြင်းစားဖြစ်လို့ပါပဲ။ ဒါကြောင့် မအင်္ဂါကို ဆေးကြောတဲ့ အခါ ရေသန့်သန့်နဲ့ဆေးပြီး အဝတ် သန့်သန့်နဲ့ ခြောက်သွေ့အောင် ပြု လုပ်သင့်ပါတယ်။ ဒါမှမဟုတ် မအင်္ဂါ ဆေးဖို့ အထူးထုတ်လုပ်ထားတဲ့ အက်စစ် pH ရှိတဲ့ သန့်စင်ဆေးရည် များနဲ့ ဆေးကြောသင့်ပါတယ်။

1 comment:

  1. မေးစရာရှိလို့ပါဗျာ။မေးလို့ရမလား။

    ReplyDelete

 

Sample text

Sample Text

Sample Text