Friday, November 4, 2011

အစားအစာကို ဘယ်လိုရွှေးချယ် ကြမလဲ


news
လူတွေဟာ ကိုယ်စားမယ့် အစား အသောက်တစ်ခုခုကို ဘယ်လိုအ ကြောင်းအချက်တွေနဲ့ စံကိုက်ချိန်ထိုး ပြီး ရွေးချယ်လေ့ရှိကြသလဲဆိုတဲ့ အကြောင်းပြချက်တွေ အများကြီးရှိတဲ့ အထဲက အဓိကအကျဆုံးအကြောင်း ရင်းက အရသာ (Taste) ကြိုက်မှု၊ မကြိုက်မှု ဆိုတဲ့အချက်ပါပဲ။ အရသာ ဆိုတာကလည်း သူ့ဘာသာသူ ရှိနေ တဲ့ကိစ္စဖြစ်ပြီး ချိုချင်ချိုမယ်၊ ချဉ်ချင် ချဉ်မယ်၊ ကောင်းတယ်၊ မကောင်းဘူး ဆိုတာက တစ်မျိုး၊ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာက တစ်ဘာသာ ဖြစ်တယ်။
လူတိုင်းလိုလို ဒါမှမဟုတ် အများ စုကတော့ အချိုကို ကြိုက်ကြမှာ အမှန်ပင်ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူသားတည်းဟူသော သတ္တဝါသည် မွေးကတည်းက အချို တည်းဟူသော အရသာကို ကြိုက်နှစ် သက်ခဲ့ကြရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးရဲ့ ပါးစပ်ထဲသို့ အစားအသောက်အဖြစ် ပထမဦးဆုံး ဝင်ရောက်ခဲ့ရသော မိခင်နို့ဟာ အချို ဓာတ်ပါခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နို့ချိုတိုက်ကျွေးတယ်လို့တောင် မြန်မာ လို ဆိုစမှတ်ပြုခဲ့ကြတယ်။ လူတွေကြိုက်တတ်တဲ့ အစား အစာ သို့မဟုတ် လူတွေရဲ့စိတ်ထဲမှာ စားကောင်းသောက်ကောင်းတွေ ကျွေးမယ့်နေရာပဲ၊ဝါးကြောပဲဟေ့ဆိုပြီး ရွေးချယ်လေ့ရှိတဲ့၊ သွားချင်စိတ်ရှိတဲ့ စားသောက်ပွဲနေရာ တွေကတော့ ပျော်ရွှင်စရာကောင်းသော စုစည်း တွေ့ဆုံ ဧည့်ခံပွဲတွေပဲ။
ဥပမာ-မွေး နေ့ပါတီတွေ၊ ကျောင်းပိတ် ရက်မှာ မိသားစုဝင်တွေ ပြန်လည် တွေ့ဆုံတဲ့ပွဲ တွေ၊ ကလေးဘဝတုန်းက မိမိကို ချစ်ခင်တဲ့သူတစ်ဦးဦးက ကျွေးမွေး ဧည့်ခံခဲ့တာတွေ စသည်တို့ပေါ့။ အဲဒါတွေက စားကောင်း သောက် ဖွယ်ဖြစ်သော အစားအစာတွေပါပဲ။ ဒါ့အပြင် သင်နေမကောင်း ဖြစ်ရာက နာလန်ပြန်ထကာစမှာ မိဘတွေက အတင်းစားခိုင်းတဲ့ တကူးတက အထူး တလည် ဖန်တီး ရှာဖွေချက်ပြုတ်ပေး တဲ့ အစားအစာတွေဟာလည်း ကောင်းသော အစားအစာတွေပါပဲ။
ဒါတွေကို သင့်ရဲ့ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်မှာ အစားကောင်း အသောက်ကောင်းတွေအဖြစ် သင် မှတ်မိနေလေ့ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ငယ်ငယ်က သတိမထား မိခဲ့သော ဥပမာ-သင့်မိဘများက သင့်ရဲ့ အိမ်နီးနားချင်းတွေကို ဝေမျှ ပေးကမ်းခဲ့တဲ့ အစားအစာတွေဟာ ကောင်းလွန်းလို့ဆိုပြီး မျှပေးခဲ့တာ လည်း ရှိခဲ့နိုင်ပါတယ်။ စားသောက်တဲ့ အလေ့အကျင့် ဟာ စိတ်ပိုင်းဆိုင်ရာနဲ့လည်း နက်ရှိုင်း စွာ ဆက်နွှယ်လျက်ရှိပါတယ်။ ဥပမာ- နို့စို့ကလေးငယ်ရဲ့ နို့စို့ခြင်းကိစ္စဟာ မိခင်ရဲ့ ချစ်မေတ္တာနဲ့ ဆက်စပ်လျက် ရှိတယ်။ “ငါတို့ငယ်ငယ်က ရွာမှာ နေတုန်းက ဆောင်းတွင်းညတွေမှာ မီးလှုံရင်း ထန်းပင်မြစ် မီးဖုတ်စားခဲ့ တာလေး သတိရလိုက်တာ၊ ထန်းပင် မြစ်ဖုတ်လေး စားချင်လိုက်တာ” ဆိုတဲ့ စားခဲ့ဖူးတဲ့ အစားအစာတစ်ခုကို တမ်းတခြင်း၊ အစာတစ်ခုမြင်လျှင် အငမ်းမရ စားချင်စိတ်တွေ ဖြစ်ပေါ် လာခြင်း၊ တချို့ဆိုရင် ဒူးရင်းသီးတွေ ရောင်းတာမြင်ရင် ဈေးကြီးမှန်းသိ လျက်နဲ့ ဝယ်ပြီး စားပစ်လိုက်တာမျိုး၊ အစာတစ်ခုခုကို မစားရမနေနိုင် စွဲလမ်းခြင်း၊ တချို့က နံနက်တိုင်း ကော်ဖီတစ်ခွက်သောက်ရမှ၊ ထမင်း စားပြီး ထန်းလျက်တစ်ခဲစားရမှ ကျေနပ် ခြင်း စတဲ့ဖြစ်ရပ်များဟာ စိတ်ပိုင်း ဆိုင်ရာ ကိစ္စတွေပါပဲ။
တချို့က စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့ အနေနဲ့ အစားအသောက် ပိုစားတတ် ကြတယ်။ တချို့စိတ်ဓာတ်ကျတဲ့သူ တွေလည်း အစာပိုစားပြီး ဝလိုတာမျိုး တောင် ရှိပါတယ်။ ယခုခေတ်မှာဆိုရင်တော့ ကမ္ဘာ နှင့်ချီပြီး ကျယ်ကျယ်ပြန့်ပြန့် အမြင် ရှိတဲ့သူတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်ပြီး ကမ္ဘာ ပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ တိရစ္ဆာန် မျိုးစိတ်တွေ ပျောက်ကွယ်သွားမှာကို ကာကွယ်တဲ့အနေနဲ့ အသားမစား ကြဖို့၊ သက်သတ်လွတ်စားကြဖို့ လှုံ့ဆော်နေကြတာတွေတောင် ရှိလာ ပါတယ်။ တချို့ဆိုရင် အစားအသောက် ထုတ်လုပ်ရောင်းချကြတဲ့ ကုမ္ပဏီတွေ ရဲ့ ကြော်ငြာမှုအလေ့အထကို သပိတ် မှောက်ချင်လို့ အဲဒီကုမ္ပဏီက ထုတ် လုပ်တဲ့ အစားအသောက်တွေ ဝယ် မစားကြဖို့ တိုက်တွန်းစည်းရုံးမှုတွေ လည်း ရှိတယ်။ လူတွေရဲ့ စားသောက်မှုအလေ့ အထအပေါ် လွှမ်းမိုးနေတဲ့အချက်တွေ ကတော့ အများကြီးပါပဲ။ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး၊ ရိုးရာဓလေ့ ထုံးစံ၊ ကြိုက်နှစ်သက်မှုရှိ၊ မရှိ၊ အရ သာ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ ပတ်ဝန်းကျင်အကြောင်းအချက် စတဲ့ အချက်တွေပေါ်မှာ မူတည်နေသော် လည်း ကျန်းမာရေးနှင့် အာဟာရ ဓာတ် ရှုထောင့်မှ အသိဗဟုသုတများ ကိုလေ့လာသိရှိမှတ်သားပြီးသင့်လျော် အောင် လိုက်နာကျင့်သုံးစားသောက် တတ်ဖို့ကိုတော့ မေ့ထားလို့ မရပါဘူး ဆိုတာ ဖော်ပြလိုက်ရပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text