Sunday, November 27, 2011

Australia မှထူးခြားဆန်းပြားသော သမုဒ္ဒရာအနုပညာပြပွဲ

Australia နိုင်ငံ ဆစ်နီမြို့  တွင် ယခုလ 3ရက်နေ့ က ပင်လယ် သမုဒ္ဒရာနှင့် သက်ဆိုင်သည့် ထူးခြားသော လွန်စွာခမ်းနား ကြီးမားသောအနုပညာ ပြပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည် ။ တကယ့်ကိုလဲ ထုးခြားပါသည် ပတ်ဝန်းကျင် နှင့်အပ်ဆက်မှုများ ရှိသည့် ပန်းပုရုပ်များ ကျောက်ဆစ်နှင့် ပြုလုပ်ထားသော အ၇ုပ်များ ကိုလဲပြသခဲ့ပါသည် တကယ့်ကိုထူးခြားသော ပြပွဲတစ်ခုဖြစ်ခဲ့ပါသည်။ ယခုထိုပြပွဲမှ ရုပ်ထုများ ကျောက်ဆစ်ရုပ်များ ၏လက်ရာများအကြောင်း ဓါတ်ပုံများနှင့်တကွ ပြသ ရှင်းလင်းကာ မိမိတို့ ကိုယ်တိုင် ထို Australia သို့ သွားရောက် သွားသည့်အတိုင်းဖြစ်စေရန်အတွက် ထိုသမုဒ္ဒရာ ကမ်းဘေးတွင်ပြသထားသည့် ပြတိုက်သို့ အလည်တစ်ခေါက်ခေါ် ရင်းမိတ်ဆတ်ပေးလိုက်ပါသည် ။
ယခု ဥယျာဉ်ပုံသဏ္ဍန် ပြပွဲသို့ သင်ဝင်လိုက်သည့် နှင့် အရောင်စုံသည့် ကျောက်ဆစ်ရုပ်ထုများ နှင့်ပန်းပု ရုပ်ထုများကိုမြင်ရသည့်အခါ သင့်အတွက် တစ်ခါမှ မကြုံဖူးသင့် ရင်ခုန်မှု ပျော်ရွှင်မှုများကို ပေးမည်မှာအသေအချာပင်ဖြစ်ပါသည် ။ ယခုမြင်ရမည့် အကောင်းဆုံး အနုပညာ လက်ရာများသည် အကောင်းဆုံးလက်ရာများကိုရွေးချယ်ကာ ပြသထားခြင်းဖြစ်ပါသည်။ အခုမြင်နေရတာကတော့ သမင်လေးတစ်ကောင် တောထဲမှ ထွက်ကာ ပင်လယ် ကမ်းခြေစပ်နားရေသောက်လင်းလာသည့် ပုံသဏ္ဍန်ကိုထုလုပ်ထားခြင်းဖြစ်ပါသည် ။
ယခုမြင်နေရသည့်အထက် ပါမှန်ကတော့ထူးခြားသည့် ကြေးမုံမှန်လေး တစ်ချပ်ပဲဖြစ်ပါသည် ။ထိုမှန်သည် ဆစ်နီမြို့ မှမှန်ကြီးဖြစ်ပြီး။ ယခုမှန်ကို ပြုလုပ်ထားသူကတော့ Australia မှပညာရှင် Jane Gillings မှယခုပွဲအတွက်ပြုလုပ်ထားခြင်းဖြစ်ပါသည် ။
ယခုမြင်နေရတာကတော့ မြင်းကျားရုပ်များဖြစ်ပါသည် . လူကြိုက်များသော နေရာတစ်ခုလဲဖြစ်ပြီး ပြုလုပ်ထားသည်ကတော့ အံ့သြစရာများနှင့် တကယ့်ကိုအသက်ဝင်နေသည့်အလား အရမ်းကိုရင်သတ်မရှုမောစရာပဲဖြစ်ပါသည် ။ ယခုအဖြူအမဲ မြင်းကျားကိုပြုလုပ်ထားသူတွေကတော့ ဆစ်နီမြို့ မှပညာရှင်များဖြစ်ကြသည့် Alan and Julie တို့ ကယခုပြပွဲအတွက် ကြိုးစားပမ်းစား ပြုလုပ်ထားခြင်းဖြစ်ပါသည် ။
ယခုမြင်နေရသည့် ရုပ်လုံးကြွပြီး အရမ်းကို ကောင်းမွန်တဲ့လက်ရာများကိုတော့Steve Crouett ၏လက်ရာတစ်ခုဖြစ်ပြီး ယခုအနုပညာလက်ရာသည်လည်း ဆစ်စနီမြို့ ပင်လယ်သမုဒ္ဒရာပြပွဲမှ ဖြစ်ပါသည် ။
ယခုမြင်နေရတဲ့ပုံစံကတော့ တကယ့်ကိုထူးခြားတဲ့ပူံတစ်ပုံပဲဖြစ်ပါသည် အနုပညာလက်ရာမြောက်တစ်ခုဖြစ်ပြီးနောက် ယခုမြင်နေရသည့် အနုပညာလက်ရာလေးကို“Look This Way” ဟုနာမည်ပေးထားပါသည် ။ယခုပန်းပုရုပ်လေးကိုဖန်တီးသူကတော့ ဆစ်နီမှ ဖန်တီးမှုပညာရှင် Ken Unswoerth ပဲဖြစ်ပါသည် ယအခုအရုပ်လေးကတော့ Bondi ကမ်းခြေ ဆစ်နီမြို့ မှဖြစ်ပါသည် ။

ယခုမြင်နေရတဲ့ အနုပညာလက်ရာကတော့ ကမ္ဘာပေါ်မှာ တစ်ရာမှာ တစ်ခုသာရှိနိုင်သည့်ပုံဆန်းလက်ရာတစ်ခုဖြစ်သည်ဟုဆိုပါသည် ။ ယခုလက်ရာကိုတော့ ဆစ်နီမှ ပညာရှင် Bert Flugelmanမှအနုပညာလက်ရာ မြောက်စွာထူးခြားလှပအောင် ပြုလုပ်ထားခြင်းဖြစ်ပါသည် ။
ယခုမြင်နေရသည့် ထူးဆန်းသည့်ပုံသဏ္ဍန် အနုပညာလက်ရာကိုတော့ Australia မှ အနုလက်ရာပညာရှင် Simon မှဆစ်နီ ပြပွဲအတွက် ဆန်းပြားစွာပြုလုပ်ထားခြင်းဖြစ်ပါသည် ။
ယခုမြင်နေရသည့် အနုပညာလက်ရာဟာဆိုလို့ ရှိရင် စတီးဖြင့်ပြုလုပ်ထားသည့် Isometric Trinity ပုံသဏ္ဍန်ဖြစ်ပါသည် ။ ပြုလုပ်ထားသူကတော့ Australia မှပညာရှင် Fatih Semiz မှပြုလုပ်ထားခြင်းဖြစ်ပါသည် ။ တကယ့်ကို ဒုံးပျံတစ်ခုလိုပါပဲ လက်ရာခဲဆစ်ပြီး ကြီးမားစွာ ပြုလုပ်ပေးထားပါသည် ။
ယခုလို လှပပြီး စိမ်းစိုနေသည့် ကြာပန်းအရွက်ကလေး ယခုလိုနေရာတွင် ထားကာ အလှဆင်ထားပါသည် ပြုလုပ်ထားသူကတော့ Australia မှပညာရှင် Chava Kuchar ဖြစ်ပါသည် ။
ကမ်းခြေတွင် ယခုမြင်နေရသည့် လင်းပိုင် ပုံလှေပုံသဏ္ဍန်ရှိသည့် စီးလို့ လဲရသည့် အနုပညာလက်ရာကိုတော့ Corey Thomas မှပြုလုပ်ထားခြင်းဖြစ်ပြီးနောက် တကယ့်ကို စီးလို့ လဲရနိုင်သည်ဟု သိရပါသည် ။


ခေတ် ဆန်စွာ ဆန်းသစ်ပြီး ထူးခြားလုပသော ယခု အနုပညာလက်ရာကိုတော့ ဆစ်နီ ပြပွဲအတွက်Sang Bong Lee မှပြုလုပ်ပေးထားခြင်းဖြစ်ပါသည် ။
ယခုအနုပညာ လက်ရာကိုတော့ ထူးခြားပြီးဆန်း ပြားလှပအောင် Bondi ကမ်းခြေမှ အနုပညာ လက်ရာရှင်Hugh Ramage မှပြုလုပ်ပေးထားခြင်းဖြစ်ပါသည် ။
ယခု မြင်နေရသည့် ထူးခြားသော ပုံသဏ္ဍန်လက်ရာကတော့ အထူးပြုလုပ်ထားခြင်းဖြစ်ပြီးတော့ တကယ့်ဖြစ်ရပ်တစ်ခုကို အခြေခံထားကာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ပြုလုပ်ထားသူ၏ပြောပြချက်အရသိရပါသည် ။ ပြုလုပ်ထားသူကတော့ Hannah Kidd ပဲဖြစ်ပါသည် ။
ယခုမြင်နေရသည့် တံငါး ငါးဖမ်းကိရိယာ ပုံသဏ္ဍန် ကိုထူးခြားလှပပြီး ပတ်ဝန်းကျင်နှင့် လိုက်ဖတ်မှုရှီစေရန် ပြုလုပ်ထားသူကတော့ Greer Taylor ပဲဖြစ်ပါသည် ။
ခေတ်ဆန်ပြီး ဆန်းသစ်လှပသည့် ပန်းပု အနုပညာရုပ်ကိုတော့ Tamarama ကမ်းခြေ ဆစ်နီမြို့ မှပညာရှင် Yoshio Nitta
မှပြုလုပ်ပေးထားခြင်းဖြစ်ပါသည် ။



ယခုမြင်နေရသည့် ခြင်္သေ့ဇနီး မောင်နှံပုံကို ထူးခြားလှပစွာ ပြုလုပ်ထားသူကတော့ Belinda Villani မှAustrial ဆစ်နီမြို့ ထူးခြားဆန်းပြားသော အနုပညာ လက်ရာပြပွဲအတွက် ပြသထားခြင်းဖြစ်ပါသည် ။
ယခုမြင်နေတာကတော့ ယခင် ခေတ် တီဗီလေးတစ်ခုကို ပြန်လည်ပြသထားကာ အနုပညာတစ်ခုအနေဖြင့် ယခုပြပွဲ 15 နှစ်ပြည့်အဖြစ် ပြသထားခြင်းဖြစ်ပါသည် ။
ယခုမြင်နေရသည့် အနုပညာဆန်သွာ သဲသောင်ြ့ပင်ပေါ်တွင်ပြုလုပ်ထားခြင်းဖြစ်ပါသည် ဆစ်စနီမြို့ မှအနုပညာရှင်တစ်ယောက်က ပြုလုပ်ထားခြင်းဖြစ်ပါသည် ။
ယခုမြင်နေရသည့် ထူးခြား ထူးကဲလှပသည့် အနုပညာလက်ရာကတော့ keizo Ushio ကပြုလုပ်ထားခြင်းဖြစ်ပါသည် ။

ကဲအခုဆိုရင် အားလုံးပဲ ကျွှန်တော်နဲ့ အတူ Austrial နိုင်ငံ ဆစ်နီမြို့ ကထူးခြားလှပ ဆန်းကြယ်သော အနုပညာပြပွဲကြီးကိုအတူတူတတ်ရောက်ခဲ့ပြီးကြပြီပဲနော်ဟိ .. အားလုံးပဲ ရွှင်လန်းဝမ်းမြောက်ကြပါစေ..

No comments:

Post a Comment

 

Sample text

Sample Text

Sample Text