
အရက် သို့မဟုတ် အယ်လ်ကို ဟော ပါဝင်သော အရည်များ သောက် သုံးခြင်းဟာ ကင်ဆာ ရောဂါဖြစ်ပွား နိုင်ခြေ အန္တရာယ် တိုးစေတယ်လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အဘယ်ကြောင့် ဆိုသော် အရက်ထဲမှာ ပါဝင်တဲ့ အီသနော ( Ethanol ) ကိုယ်တိုင်က ခန္ဓာကိုယ်ရဲ့ အချို့သော အစိတ် အပိုင်းတွေမှာ ကင်ဆာဖြစ်စေ သော ပစ္စည်းတွေ အဖြစ် ပါဝင်ဆောင် ရွက်လို့ပါပဲ။ သုတေသနပြုသူတွေက အီသ နောဟာ ခန္ဓာ ကိုယ်ထဲမှာ ပြိုကွဲတဲ့ အခါ ဒီအန်အေ (DNA) ပျက်စီးခြင်း ကို ဖြစ်စေပြီး ကလာပ်စည်းတွေကို အန္တရာယ်ရှိတဲ့ ပြောင်းလဲခြင်းတွေ ဖြစ်စေနိုင် တယ်လို့ ပြောခဲ့ပါတယ်။ မေရီလင်းပြည်နယ် မှာရှိတဲ့ အရက်တလွဲ သုံးခြင်းနှင့် အရက်စွဲခြင်း ဆိုင်ရာ သင်တန်း ကျောင်းမှ အမေရိ ကန်ပညာရှင် တွေက အသည်းနှင့် ရင်သားတစ်သျှူးတွေမှာ တွေ့ရသော အင်ဇိုင်းတစ်မျိုးကို ထုတ်လုပ် ရန် လူသား ကလာပ်စည်းကို ဇီဝပြုပြင် ပြောင်းလဲမှုပြုလုပ်ခဲ့ပါတယ်။
သူတို့က အဲဒီကလာပ်စည်း တွေကို အရက် သောက်ပြီး နောက် ခန္ဓာကိုယ်ထဲရှိ သွေးတွင်း အယ်လ်ကိုဟောပမာဏ နှင့် ညီမျှသည့် အယ်လ်ကိုဟောနှင့် ထိတွေ့စေ ပါတယ်။ ရလဒ်က တော့ အယ်လ်ကိုဟော (အီသနော) ဟာ အက်စီတယ်ဒီ ဟိုက် Acetaldehyde) အဖြစ် ပြောင်းလဲ သွားပြီး DNA ကိုပျက်စီးစေပါတယ်။ ကလာပ်စည်း တွေရဲ့ DNA တွေကို ပြန်လည် ပြုပြင် ပေးတဲ့ ဗီဇလည်း ပျက်စီးသွား ပါတယ်။ အယ်လ်ကိုဟော ပိုပြီးတိတိကျကျ ပြောရရင် အီသနောဟာ လူသားတွေ ရဲ့ ခန္ဓာကိုယ် နေရာ တော်တော်များ များမှာ ကင်ဆာဖြစ်စေသောပစ္စည်း ဖြစ်တယ်ဆိုတာ မကြာသေး မီက သက်သေ သာဓက တွေ့ရှိခဲ့ ရတယ် လို့ အမေရိကန်ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ယူကေနိုင်ငံရဲ့ ကင်ဆာ သုတေ သနဌာနမှ သတင်းအချက် အလက် အရာရှိ Oliver Child က အယ်လ်ကို ဟောက ကင်ဆာ တော်တော် များများ နှင့် ဆက်စပ် နေပြီး နည်းလမ်း အမျိုး မျိုးနှင့် ကင်ဆာရောဂါအမျိုးမျိုး ဖြစ် ပွားစေတာ သိရှိရပြီလို့ ပြောကြား ခဲ့ပါ တယ်။

No comments:
Post a Comment