Monday, December 12, 2011

ပရိသတ်နှင့် တစ်သားတည်း ဖြစ်စေသည့် တင်ဆက်မှုများနှင့် Rဇာနည်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ

e4365
ပရိသတ်အကြား ရေပန်းစားသည့် တေးသီချင်းပေါင်းများစွာ၏ ပိုင်ရှင်၊ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခု ဆီက ပေါ်ထွက်လာခဲ့သည့် Acid အဖွဲ့မှ အဆိုရှင်တစ်ဦး၊ ရှိုးပွဲတိုင်းတွင် ပေါက်သီချင်းပေါင်းများစွာနှင့် မနားတမ်းဆိုရလေ့ရှိသူ အဆိုတော် R ဇာနည်၏ တစ်ကိုယ်တော်ရှိုး ဖျော်ဖြေပွဲက billboard များထက်တွင် ကတည်းက စိတ်ဝင်စားသူ ပြည့်နှက်နေခဲ့သည်။ ရှိုးပွဲကျင်းပမည့် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၆နာရီကျော်ကျော်တွင်တော့ ရှိုးပွဲပြုလုပ်မည့် သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံရှေ့တွင် ရောင်စုံကားတန်းများနှင့် အရွယ်စုံပရိသတ်များအား တွေ့မြင်နေရသည်။ R ကြီး R ကြီး ဆိုသည့် အော်ဟစ်သံများကြားက ဖျော်ဖြေပွဲ စတင်နေသည်ကို တွေ့မြင်လိုက်ရသည်။
The Tree Band နှင့်အတူ R ဇာနည်က တေးသီချင်းများ စတင်သီဆိုပြီးနောက် အဆိုတော် Lဆိုင်းဇီ ကိုဖိတ်ခေါ်ကာ တွဲဖက်သီဆိုခဲ့သည်။  R ဇာနည်က ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ဆက်လက်သီဆို ဖျော်ဖြေပြီးနောက် ‘သနပ်ခါးချစ်သူ’ တေးသီချင်းတွင် Star Int’l Models Agency မှ မော်ဒယ်လ်များ၏ သရုပ်ပြမှုနှင့် တင်ဆက်ခဲ့သည်။ ဆက်လက်၍ အဆိုတော်ဇော်ပိုင်ကို ဖိတ်ခေါ်သီဆိုခဲ့သည်။
R ဇာနည်က တေးသီချင်းများစွာနှင့် ဆက်လက်သီဆိုဖျော်ဖြေရာ အတိုင်အဖောက်ညီညီ လိုက်ပါသီဆိုရင်း၊ ပန်းစည်းများ၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ရင်းနှင့် ဖျော်ဖြေပွဲကို ရှေ့ဆက်နေခဲ့သည်။ ထို့နောက် J-me ကို ဖိတ်ခေါ်၍ သီဆိုပေးခဲ့သည်။ J-me ၏ သီဆိုမှုအပြီးတွင် စင်မြင့်ဖျော်ဖြေပွဲများ၌ ရှစ်နှစ်ခန့်မျှ တစ်စုတစ်စည်းတည်း တွေ့မြင်ခွင့်မရသည့် အက်ဆစ်အဖွဲ့သားများကို စုံစုံညီညီ တွေ့မြင်ခဲ့ရစေသည့် R ဇာနည်နှင့် တွဲဖက်ဖျော်ဖြေမှုက ပရိသတ်အားပေးမှု အရှိန်အမြင့်တက်ဆုံး အချိန်သို့ ရောက်ရှိသွားစေခဲ့သည်။
R ဇာနည်က ညီဖြစ်သူ Mသီဟ၊ ဂျေမောင်မောင်တို့ကို ဖိတ်ခေါ်၍ တွဲဖက်သီဆိုပေးခဲ့သည်။ ထို့နောက် ၀ိုင်းစုခိုင်သိန်းနှင့်အတူ ‘လိုက်ဖက်တဲ့ဘ၀’ တေးသီချင်းကို ဆက်လက်သီဆိုပေးခဲ့သည်။
Rဇာနည်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် တစ်ဦးချင်းဖျော်ဖြေမှု အဖြစ်ရော၊ အဆိုတော်များနှင့် တွဲဖက် သီဆိုဖျော်ဖြေမှုအဖြစ်ပါ တေးသီချင်းအပုဒ် ၃၀ ကျော်ကို မမောနိုင်မပန်းနိုင် သီဆိုဖျော်ဖြေသွားသည့် အပြင် ပရိသတ်အားပေးမှုနှင့် ဟာမိုနီကျစေခဲ့သည့် ညလေးတစ်ညပင် ဖြစ်ပါတော့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text