Monday, December 12, 2011

ရာသီဥတုပြောင်းလဲမှု တားဆီးမယ့် သဘောတူညီချက်သစ်ရရှိ

ကျိုတိုသဘောတူညီချက် သက်တမ်းတိုးဖို့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံတွင်း ၀န်ကြီးများ သဘောတူညီမှု ရယူခဲ့ကြစဉ်။ (ဒါဘန်မြို့၊ ဒီဇင်ဘာလ ၁၁၊ ၂၀၁၁)
ဓာတ်ပုံ Reuters
ကျိုတိုသဘောတူညီချက် သက်တမ်းတိုးဖို့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံတွင်း ၀န်ကြီးများ သဘောတူညီမှု ရယူခဲ့ကြစဉ်။ (ဒါဘန်မြို့၊ ဒီဇင်ဘာလ ၁၁၊ ၂၀၁၁)
ကမ္ဘာ့ ဥတုရာသီပြောင်းလဲနေမှု အရှိန်လျော့သွားစေမယ့် တိုင်းပြည်တိုင်း မဖြစ်မနေ လိုက်နာရမယ့် သဘောတူညီချက်တစ်ခုကို စေ့စပ် ညှိနှိုင်းကြဖို့ ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာ ညီလာခံကို တက်နေကြတဲ့ နိုင်ငံပေါင်း ၁၉၄ နိုင်ငံက ကိုယ်စားလှယ်တွေက သဘောတူလိုက်ကြပါတယ်။
စက်မှုလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ တိုင်းပြည်တွေအနေနဲ့ ၁၉၉၂ ခုနှစ်မှာ သဘောတူညီမှု ရခဲ့တဲ့ ကျိုတို သဘောတူညီချက် ၂၀၁၂ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးပြီးနောက်မှာ အနည်းဆုံး နောက်ထပ် ၅ နှစ်လောက် အဲဒီ ကျိုတို သဘောတူညီချက်အတိုင်း လိုက်နာကြဖို့ ဒီကနေ့ သဘောတူလိုက်ကြတာပါ။ အဲဒီ ကျိုတို သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ တိုင်းပြည်တွေအနေနဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ယိုစိမ့်မှုလျော့ကျရေး အတွက် ယာထားချက် ပြည့်မီအောင် လိုက်နာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှား၊ ဂျပန်နဲ့ ကနေဒါတို့ကတော့ အဲဒီ ကျိုတိုသဘောတူညီချက် သက်တမ်းတိုးမယ့်ကိစ္စကို သဘောမတူဘူးလို့ ဆိုပါတယ်။
တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ သီတင်း နှစ်ပတ်ကြာကျင်းပနေတဲ့ အဲဒီ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ညီလာခံ တရားဝင်ပိတ်ပြီး နှစ်ရက်အကြာမှာ ဒီသဘောတူညီချက်ကို ရလိုက်နိုင်ကြတာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအများဆုံး ဖြစ်ပေါ်နေတဲ့ တိုင်းပြည်တွေက အဲဒီသဘောတူညီချက်ကို လက်မှတ်ထိုးမှသာ အမေရိကန်ပြည်ထောင်အနေနဲ့လည်း မလိုက်နာ မနေရဆိုတဲ့ အဲဒီသဘောတူညီချက်ကို လက်မှတ်ထိုးမယ်လို့ ဆိုပါတယ်။ စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေက သူတို့ လိုက်နာရမယ့် သဘောတူညီချက်တွေကို မလုပ်ဆောင်ပေမဲ့လည်း သူတို့မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ပါးစေမယ့် ကိုယ်ပိုင် အစီအစဉ်တွေ ချမှတ်လုပ်ဆောင်နေပြီး ဖြစ်တယ်လို့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က ပြောပါတယ်။
ကမ္ဘာ့ လူဦးရေအများဆုံး နိုင်ငံနှစ်နိုင်ငံဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု ကတော့ ကျိုတို သဘောတူညီချက်အတိုင်း လိုက်နာဖို့မလိုတဲ့ တိုင်းပြည်တွေ ဖြစ်ပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text