Thursday, December 15, 2011

Myanmar Explore Webiste အား မိုဘိုင်း ဗားရှင်းဖြင့် ကြည့်ရှုနိုင်မည်

Myanmar Explore Webiste
ရန်ကုန်မြို့ မြေပုံနှင့်စီးပွားရေး လုပ်ငန်းများ၏ တည်နေရာကို မို ဘိုင်းဖုန်းဖြင့် လွယ်ကူစွာ ကြည့်ရှု နိုင်ရန် အတွက် www.myanmarexplore.com ဝက်ဘ်ဆိုက်ကို Mobile Version ဖြင့် ထုတ်လွှင့်သွား ရန် ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း In Mai Kha ကုမ္ပဏီ၏ Managing Director ဖြစ်သူ ဦးမိုးသန့်ဦးမှသိရသည်။ In Mai Kha ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံရှိမြို့များ၏ မြေပုံများကို အွန်လိုင်း အသုံးပြု၍ အလွယ်တကူ ကြည့်ရှု နိုင်ရန် အတွက် www.myan marexplore.com အမည်ဖြင့် လွှင့်တင်ခဲ့ရာ ဝင်ရောက် ကြည့်ရှုသူများ ပြားသည့် အတွက် မိုဘိုင်းဗား ရှင်းဖြင့်ပါ ထုတ်သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
Myanmar explore ဝက်ဘ်ဆိုက်၏ မိုဘိုင်းဗား ရှင်းတွင် လည်း မူလ www.myanmarexplore.com ဝက်ဘ်ဆိုက် နည်းတူ သုံးစွဲသူများ အနေဖြင့် စီးပွားရေး လုပ်ငန်းများ၏ တည်နေရာကို စုစည်း ကြည့်ရှုနိုင်ခြင်း ဧရိယာများကို သတ်မှတ်၍ မိမိကြည့်လိုသော လုပ်ငန်း များကို ကြည့်ရှုခံစား နိုင်မည်ဟု ဆိုသည်။ မိုဘိုင်းဗားရှင်းနှင့် လွှင့်တင်ပေးရခြင်းနှင့် ပတ်သက်၍ ဦးမိုးသန့်ဦးက “မိုဘိုင်းဗားရှင်းနဲ့ ထုတ်ဝေပေး ရတာက မိုဘိုင်းဖုန်း အသုံးပြု သူတွေ အတွက်လည်း ရန်ကုန်မြို့မြေပုံကို ကြည့်ရှုချင်တဲ့အခါ ဖုန်းနဲ့ အလွယ်တကူ ကြည့်ရှုရ အဆင်ပြေ စေချင်လို့ ဖြစ်ပါတယ်။
မိုဘိုင်းဟန်းဆက်တွေက အမျိုးမျိုးရှိတာဆိုတော့ ဟန်းဆက်အမျိုး အစားအားလုံးနဲ့ အဆင်ပြေ စေမယ့် မိုဘိုင်းဗားရှင်း ကို ထုတ်ဝေ သွားမှာဖြစ်ပါတယ်” ဟုပြောကြား သည်။ မိုဘိုင်းဗားရှင်းဖြင့် ထုတ်ဝေမည့် www.myanmarexplore.com ဝက်ဘ်ဆိုက် တွင် စီးပွားရေးလုပ်ငန်း၏ တည်နေရာကို မြေပုံပေါ်တွင် အတိအကျ မိမိကိုယ်တိုင် ထည့်သွင်းဖော်ပြနိုင်ခြင်း၊ မိမိစီးပွားရေးလုပ်ငန်း ၏ Profile ကိုဖော်ပြနိုင်ခြင်း၊ မိမိ၏ထုတ်ကုန်၊ စီးပွားရေး လုပ်ငန်းများကို Mini Webpage ဖြင့် အခမဲ့ဖော်ပြနိုင်ခြင်း၊ ရှိပြီးသား (သို့မဟုတ်) သီး ခြား တနဘစေါန အသစ်များကိုလည်း Link ချိတ်ပြီး အသုံးပြုနိုင်ခြင်း၊ မိမိ၏လုပ်ငန်းသစ်များ တိုးချဲ့လိုသော လုပ်ငန်းများ အတွက် သင့်တင့်သော နေရာရွေးချယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အချက်အလက်များ စုစည်း ရှာဖွေနိုင်ခြင်းများပြုလုပ်နိုင်မည်ဟု သိရသည်။ In Mai Kha ကုမ္ပဏီအနေဖြင့် မြေပုံကို offline စနစ်ဖြင့် လွယ်ကူစွာ ကြည့်ရှုနိုင်ရန်အတွက် ကွန်ပျူတာ များတွင်အသုံးပြုနိုင်သည့် မြေပုံ Application CD ချပ်ကို လာမည့်ဇန်နဝါရီလတွင် ကျင်းပမည့် New year IT & Mobile Fair တွင် ရောင်းချပေး သွားမည်ဟုသိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text