ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့အတွက် လျှပ်စစ်ဓာတ်အား အဓိကဖြန့်ချိ ပေးလျက်ရှိသော ဘူးဂါး လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေးတွင် ဓာတ်အား ပေးတိုင်များ မိုင်းထိမှန်သဖြင့် လျှပ်စစ်မီးမရရှိသည်မှာ ရက်သတ္တပတ်ကျော်ကြာ မြင့်သွားပြီ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ဒေသခံများက 7 Day News သို့ပြောကြားသည်။
ခုထိမီး မရသေးဘူး ။ ပြင်နေတယ်လို့တော့ ကြားတယ်။ ဘူဂါးမှာ ဓာတ်အားတိုင် မိုင်းထိသွားလို့ မီး ပြတ်တယ်လို့သိရတယ်ဟြုမစ်ြကီး နားမြို့စီတာပူ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကပြောကြားသည်။ မြစ်ကြီးနားမြို့သို့ လျှပ်စစ်ဓာတ်အား အဓိကဖြန့်ဝေပေးနေသော ဘူးဂါး လျှပ်စစ်ဓာတ်အား ဖြန့်ဝေရေးသည် ဘူး ဂါးကုမ္ပဏီိ ပိုင်လျှပ်စစ်ဖြန့်ဝေရေး ဖြစ်ပြီး မြစ်ကြီးနားနှင့် လိုင်ဇာသို့သွားသောလမ်းတွင်တည်ရှိပြီး မြစ်ကြီး နားမြို့နှင့်မိုင်၂၀ခန့် အကွာတွင် တည်ရှိသည်။
ထိုနေရာသည် ကချင်ြပည် နယ်အတွင်းမှ နယ်မြေမငြိမ်းချမ်းသော နေရာများတွင် အပါအဝင်ဖြစ် သည။် မြစ်ြကီး နားမြို့ တွင်ရက်အတန်ကြာ လျှပ်စစ်မီး မရရှိသဖြင့်မီးစက် များကို အဓိကထားသုံးစွဲနေရကာ လုပ်ငန်းများတွင် ထုတ်လုပ်စရိတ်များ ပိုမိုကုန်ကျနေရသဖြင့် လုပ်ငန်းများ တွက်ခြေမကိုက် ဖြစ်နေရကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
နယ်မြေမငြိမ်းချမ်းသော ဗန်းမော်-လွယ်ဂျယ်ကားလမ်းတစ် လျှောက်တွင်ရှိသော ကျေးရွာများမှ ဒေသခံများအတွက် ကယ်ဆယ်ရေး စခန်းများလည်း ဖွင့်လှစ်ထားပြီး လျှပ်စစ်မီး မရရှိသည့်အတွက် နေထိုင်ရ အဆင်မပြေမှုများရှိနေကြောင်း ဒုက္ခသည်များကို အကူညီပေးနေသော ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
မီးမရတော့ ဖုန်းပြောရတာတောင် အခက်အခဲရှိတယ်။ အခုပြော နေတာတောင် သွင်းထားတဲ့ဘထရီ ကုန်သွားမှာစိုးလို့ (ဖုန်း)ကိုဂရုစိုက် ပြောနေရတယ။် အဆင်မပြေတာမှ တော်တော်မပြေတာ။ တချို့နေရာတွေ မှာတော့ မီးစက်နဲ့မီးပေးတာတွေရှိပေမယ့် ညဆို မြစ်ကြီးနားတစ်မြို့လုံး မှောင်နေတာပဲ ဟု မြစ်ြကီး နားမြို့ ဒေသခံအမျိုးသမီးတစ်ဉ်ီးက လက်ရှိ အခြေအနေကို တယ်လီဖုန်းမှတစ်ဆင့်ပြောကြားခဲ့သည်။

No comments:
Post a Comment