
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နှုန်းထားအသစ်ဖြင့် ပြောင်းလဲကောက် ခံတော့မည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ ဗီဒီ ယိုဖွင့်စက်နှင့် ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက် ၄ မျိုး လိုင်စင်များအား မြို့နယ် ဆက်သွယ်ရေးစခန်း (စာတိုက်) များနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သလို Online စနစ်ဖြင့် ပေးဆောင် နိုင်ရေးအတွက်ပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ချက်များအရ သိရှိရသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေ ဖြင့် ပြောင်းလဲ ကောက်ခံမည့် လိုင်စင် အခွန်နှုန်းထားများကိုပါ တစ်ပေါင်းတည်း Online စနစ်ဖြင့် ပေးဆောင်နိုင်ရေးအ တွက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းလဲကောက်ခံမည့်နှုန်းထား များအဖြစ် ဂြိုဟ်တုရုပ်မြင်သံကြားဖမ်း စက်လိုင်စင်နှင့် ပတ်သက်၍ Receiver၁ နှစ် ၁ လုံး (စလောင်း- ဗိဒ်ဟောန်၊ LNB ကောင် ဖမ်းစက်) အတွက် ကနဦးလိုင်စင်ကြေး ၃ သောင်း FE ဖြင့် ပေးဆောင်ရန်ဖြစ် ခံမည် ပါက100 USD သို့လည်းကောင်း၊ ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက် (Receiver) ၁ လုံးအတွက် မူလ နှုန်းအတိုင်း ၁ နှစ်လျှင် ၁၂၀ဝ၀ ကျပ်ခန့်လည်း ကောင်း၊FE ဖြင့် ပေးဆောင်ပါက ၆၀ USD သို့လည်းကောင်းပြောင်းလဲကောက် ခံမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေ ဖြင့် ခေတ်နှင့်လျော်ညီမည့် သင့်တော် သောနှုန်းထားများဖြင့် ကောက်ခံနိုင်ရန် အတွက် ဆက်သွယ်ရေးဥပဒေတွင် လက်ရှိ ကောက်ခံနေသော နှုန်းထားများ ကို ပြုပြင်ပြောင်းလဲပြင်ဆင်ကာ ကောက် ခံမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အွန် လိုင်းမှတစ်ဆင့် အခွန်ပေးဆောင်နိုင်မည့် အွန်လိုင်းဖုန်းဘီလ် စနစ်ကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွင်း ရတနာပုံတယ်လီပို့နှင့် ပူးပေါင်းကာ စတင်အကောင်အထည် ဖော်ဆောင်ခဲ့ပြီး၊ ကြိုးဖုန်းများနှင့် ကြိုတင် ငွေပေးမိုဘိုင်းဖုန်းများကို အွန်လိုင်းမှ တစ်ဆင့် ပေးဆောင်နိုင်ရန်အတွက် ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့သည်။ နောင်တစ်ချိန်တွင် အခွန်အခ ဆိုင်ရာ ကိစ္စရပ်များအားလုံးကို Online စနစ်ဖြင့် ပေးဆောင်နိုင်ရန်အတွက် အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

No comments:
Post a Comment