Tuesday, October 25, 2011

3D Notebook များ စိတ်ဝင်စားမှု များပြား

Mobile Guide Journal
news
ပြည်တွင်းတွင် 3D နည်း ပညာ အသုံးပြု ထားသော နည်း ပညာ ပစ္စည်းများကို စိတ်ဝင်စားမှု များပြားလာ သောကြောင့် ပြည် တွင်းရှိ အိုင်တီ ကုမ္ပဏီများမှ 3D နည်းပညာ ပစ္စည်း များကို တင်သွင်း လာကြရာ 3D Notebook များကို စိတ်ဝင်စားမှု များပြား ကြောင်း တင်သွင်း လာသော ကုမ္ပဏီများက ပြောသည်။
ပြည်တွင်းတွင် ပထမဆုံး အ ကြိမ်အဖြစ် ကျင်းပသော နိုင်ငံ တကာအိုင်စီတီပြပွဲတွင် ပြည်တွင်း နည်းပညာ ကုမ္ပဏီများက 3D နည်းပညာ ပစ္စည်းများကို ပြသရာ Notebook များ ပါဝင်ြပသပြီး စိတ်ဝင်စား ကြည့်ရှုသူများပြား ကြောင်း ပြသသော ကုမ္ပဏီများက ပြော သည်။ Asus 3D Notebook များ ကို ပြသသော Golden Power Technology မှ ဦးသန့်ဇင်ထွေး က “3D မှာ Gaming ကိုဦးစား ပေးထားတဲ့ Series ပါ။ Gaming အတွက်ကို special ထုတ်ပေး ထားတာပါ။ အများအားဖြင့် ကတော့ 3D Notebook တွေကို လူငယ်တွေ ဂိမ်းကစားရတာ ကြိုက်တဲ့သူတွေ စိတ်ဝင်စားတာ များပါတယ်။
လူငယ်တွေက ပိုစိတ် ဝင်စားပါတယ်။ Game ဆော့မယ်။ Movie ကြည့်မယ်ဆိုတဲ့ သူတွေက 3D နည်းပညာကို စိတ်ဝင်စားပါ တယ်။ အရင်တုန်းကတော့ 3D Monitor တွေပဲ ဝင်တာ ဖြစ်ပေ မယ့် နောက်ပိုင်းတော့ 3D Notebook တွေပါ ဝင်လာတယ်။ ပြည် တွင်းမှာ လည်း 3D Notebook တွေကို စိတ်ဝင်စားတာ များပါ တယ်။ ဒါပေမဲ့ ပြည်တွင်းမှာက 3D ဂိမ်းမရှိဘူး။ Movie မရှိဘူး။ ပြီးတော့ ဈေးနှုန်းအနေနဲ့ ပြောမယ် ဆိုရင်လည်း မြင့်တဲ့အတွက် Demand နည်းတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ နည်းပညာ အ နေနဲ့တော့ ပြသထားပါတယ်”ဟု ပြည်တွင်းဈေးကွက် အခြေအ နေနှင့် ပတ်သက်ပြီး ရှင်းပြသည်။
Sign Tech Notebook များကို ပြည်တွင်းတွင် ဖြန့်ဖြူး ရောင်းချသော Cyber City ကုမ္ပဏီမှ ကိုပြည့်စုံဦးကလည်း ပြည်တွင်း 3D နည်းပညာဈေး ကွက်နှင့် ပတ်သက်၍ “အခု နောက်ပိုင်းက ၃ီ နည်း ပညာကို စိတ်ဝင်စားတာ များပါတယ်။ ကျွန် တော်တို့ Sing Tech ကလည်း Game အတွက် ဦးစားပေးထုတ် ထားတဲ့ 3D Notebook ကို ပြသ ထားပါတယ်။ Latest Technology ပါ။ စိတ်ဝင်စား သူများပါ တယ်။ အများအားဖြင့် လူငယ်တွေ ပိုစိတ်ဝင်စားမယ် ထင်ပါတယ်။ ဈေးကွက်အနေနဲ့ ဆိုရင်တော့ ဈေးမြင့်တယ် ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ လည်း ကျွန်တော် တို့ရဲ့ Latest Technology ကို ပြသတာပါ” ဟု ဆိုသည်။ နည်းပညာ စိတ်ဝင်စား သူတစ်ဦး က “3D နည်းပညာ ကိုတော့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ဂိမ်းကစားသူတွေ ရုပ်ရှင် ကြည့်ချင်သူတွေ အတွက် ပိုအဆင် ပြေတာပေါ့။ ဒီအတိုင်း ရုံးသုံးလိုမျိုး သုံးချင်တာ ဆိုရင်တော့ သုံးဖြစ်မှာ မဟုတ်ပါဘူး။ ဈေးကလည်းကွာ သေးတာကို။ သုံးမယ်ဆိုရင်တော့ စဉ်းစားရမှာပေါ့” ဟု သူ၏ အမြင်ကို ပြောသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text