
ရန်ကုန်မြို့တော်အတွင်းရှိ ပုဂလိက အလုပ်သမားများ၊ အစိုးရ ရုံးဝန်ထမ်းများနှင့် အခြေခံ လူတန်းစားများ အများဆုံး စီးနင်းရာ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလော်ကယ် ရထားများကို နိုဝင်ဘာလ ၁၅ရက်နေ့တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ခရီးသည် တစ်ဦးလျှင် လက်မှတ်ခ ၁၀၀ကျပ် တိုးမြှင့် သတ်မှတ်သော်လည်း ယင်းလတ်မှတ်ခမှာ တစ်ရက်လျှင် နှစ်ကြိမ် စီးနင်းနိုင်ကြောင်း မြန်မာ့ မီးရထားတိုင်း(၇)မှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ လက်မှတ်ခမှာ တစ်ဦးလျှင် ၁၀ဝ ကျပ်ဖြစ်သော်လည်း မိမိစီးနင်းရာ ဘူတာမှ သွားလိုရာခရီးသို့ တစ်ရက် တည်းတွင် တစ်ဦးလျှင် အသွားနှင့်အပြန် နှစ်ကြိမ်သော်လည်းကောင်း၊ အသွား တစ်ခုတည်းနှစ်ကြိမ် ဖြတ်၍သော်လည်း စီးနင်းနိုင်ကြောင်း ရန်ကုန်ဘူတာကြီး မှ မြို့ပတ်ရထားလက်မှတ်အရောင်း တာဝန်ခံက ဆိုသည်။
အဆိုပါ လက်မှတ်မှာ ခရီးစဉ် နှစ်ကြောင်း စီးနင်းနိုင်သောကြောင့် ခရီး စဉ် တစ်ကြောင်းလျှင် ကျပ် ၅၀ ခန့်သာ ကျသင့်မည်ဖြစ်ကြောင်း၊ ယင်းအတွက် ရုံးသွားသူ အလုပ်သွားသူများအတွက အဆင်ပြေနိုင်မည်ဖြစ်ပြီး အသွားအပြန် စီးနင်းနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး (မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရသည်။ "ကားထက်စာရင်တော့ သက်သာ သေးတာပေါ့၊ ကားခဆိုရင် ၄၀ဝလောက် ကျမှာ။ အခု ၁၀ဝ ပဲပေးရတယ်" ဟု မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ် ကုန်းဘူတာအနီးနေထိုင်သူ ပညာရေး ဝန်ထမ်းဟောင်း ဦးစောဝင်းမောင်က ပြောကြားသည်။ ယင်းကဲ့သို့ လက်မှတ်ခတိုးမြှင့် လိုက်သောကြောင့် နေ့စဉ်မြို့ပတ်ရထား စီးနင်းမှုမှာ သိသိသာသာလျော့နည်းသွားခြင်း မရှိကြောင်း၊ ပုံမှန်ခရီးသည် တစ်သိန်း ဝန်းကျင်ရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်း တိုင်း (၇) မှ တာဝန်ရှိသူက ရှင်းပြသည်။ ရထားလက်မှတ်ခ ဈေးနှုန်းတိုးမြှင့် သော်လည်း ရထားလက်မှတ်ခဝယ်ယူ စီးနင်းသူများရှိသည့်အပြင် လက်မှတ်မဲ့ စီးနင်းသူများလည်းရှိကြောင်း၊ ယင်းကဲ့သို့ လက်မှတ်မဲ့စီးနင်းခြင်းကို စစ်ဆေးလျက် ရှိသော်လည်း ဝန်ထမ်းအင်အားနည်းပါး သောကြောင့် ရာနှုန်းပြည့်စစ်ဆေးနိုင် ခြင်းမရှိကြောင်း ယင်းတိုင်း (၇) ရုံးထံမှ သိရသည်။ "စီးနင်းသူတိုင်းရဲ့ ရထားအပေါ် ထားတဲ့ခံယူချက်ပေါ်မူတည်တယ်။ လက်မှတ်ဝယ်ယူတဲ့အတွက် ရထား လုပ်ငန်းအတွက် ဝင်ငွေရမယ်၊ လုပ်ငန်း တွေပိုပြီး အဆင်မြှင့်နိုင်မယ်ဆိုတဲ့ အသိရှိ ရင် လက်မှတ်စစ်တောင်ထားစရာမလို ဘူး" ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။
"၁၀ဝ ဆိုလည်း စီးရမှာပဲ ကားခ ထက်တော့ သက်သာနေသေးတယ်။ ကျွန်မတို့လခနဲ့က ရထားစီးမှ တွက်ခြေ ကိုက်တာ" ဟု ယုဇနပလာဇာ တွင် အရောင်းစာရေးအလုပ်လုပ်ကိုင်သူ အသက် ၁၉ နှစ်အရွယ်အမျိုးသမီး တစ်ဦး ကဆိုသည်။ ရန်ကုန်မြို့တွင်း မြို့ပတ်နှင့် ဆင်ခြေဖုံးရပ်ကွက်များသို့ပြေးဆွဲပေး နေသော မြို့ပတ်ရထားမှာ တွဲဆိုင်း၂၁ ဆိုင်းအသုံးပြုကာ ခေါက်ရေ ၂၀ဝ ခန့်ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့ မီးရထားထံမှသိရသည်။

No comments:
Post a Comment