
ကာလီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ ပညာရှင်များနှင့် အခြား ဓာတ်ခွဲခန်းများမှ သိပ္ပံပညာ ရှင်များ ပါဝင်သည့် အဖွဲ့သည် ကမ္ဘာပေါ်၌ အပေါ့ပါးဆုံး သတ္တုကို ရှာဖွေ တွေ့ရှိကြောင်း သိရှိရသည်။
နန်နိုမီတာ၊ မိုက်ခရွန်၊ မီလီ မီတာစသည့် အငယ်စား စကေးများဖြင့် တိုင်းတာနိုင်ပြီး ပေပမာဏ ၉၉ .၉၉ ရာခိုင်နှုန်းနှင့် အစိုင်အခဲ ပမာဏ ဝ .ဝ၁ မျှသာရှိသည့် သတ္တုတစ်မျိုးကို ဖန်တီးရယူနိုင်ခဲ့ သည်ဟုဆိုသည်။
အဆိုပါသတ္တုသည် လူသား၏ ဆံချည်မျှင် ပမာဏထက် အဆပေါင်း ၁,ဝ၀ဝ ပိုမိုပါးလှပ်သေးငယ်သည့် နံရံ နောက်ခံ ၌ အခေါင်ြးွပန်ငယ်များ ချိတ်ဆက်ထားသည့် ပုံဆောင်ခဲ အမျှင်များဖြင့် ဖွဲ့စည်းထားသည်။ သတ္တုများ ၏ဖွဲ့စည်းပုံ ဒိုင်မစ်ရှင်းများကို နန်နိုစကေးဖြင့် လျှော့ချထားခြင်းကြောင့် ပိုမိုမာကျော ခိုင်မာခြင်းဖြစ်သည်။ မိုက်ခရိုပုံ ဆောင်ခဲများ ၏ ဖွဲ့စည်းပုံကို ထိန်းချုပ်ဖန်တီးခြင်းဖြင့် အလွန်ထူးခြားသည့် ဆဲလ်လူလာ သတ္တုများကို ထုတ်ယူနိုင်မည်ဖြစ်သည်။
ဘက်ထရီအီလက်ထရုထ်စ်နှင့် စွမ်းအင် သုံးစွဲမှုအပြောင်းအလဲများ၌ သင့် လျော်မည်ဖြစ်ကြောင်း ခေတ်မီ ကာကွယ်ရေး သုတေသနစီမံကိန်း အေဂျင်စီမှ ပြောကြားခဲ့သည်။ အ ဆ ၁၀ဝ ပိုမိုပေါ့ပါးသည့်သတ္တုကို ရှာဖွေတွေ့ရှိခြင်းသည် နည်းပညာ သစ်ကို ပေါ်ထွန်းလာစေမည်ဖြစ် ကြောင်း သိရှိရသည်။

No comments:
Post a Comment