Saturday, November 26, 2011

ရေခဲချောင်းထုပ်မှာ ပါသည့် ပလပ်စတစ် ကြိုးရှည်

ရေခဲချောင်းထုပ်မှာ ပါသည့် ပလပ်စတစ် ကြိုးရှည်
ကလေးများအတွက် သတိထား စရာပါ..အရသာ ရှိရှိ ပြုလုပ် ထားသလို ထင်ရသည့် တရုတ် စာတန်းပါ ရေခဲ ချောင်း ထုပ်တွင် ပန်းရောင် ဆေးဆိုး ထားသော ရေခဲချောင်းနဲ့အတူ ပန်းရောင် ပလပ်စတစ် ကြိုးရှည် တစ်ချောင်းကို ရေခဲချောင်းထုပ် ထဲတွင် တွေ့ရှိလိုက်ရပါသည်။
မည်သည့်နေရာက ထုတ်လုပ်သည်ကို အတိအကျ မသိရသော်လည်း အဆိုပါ ကျပ် ၁၀၀ တန်သည့် ရေခဲချောင်းထုပ် ကို ဝယ်စားကြမည့်သူ အများစုမှာ ကျောင်းသား၊ သူအရွယ် ကလေးငယ်များ ဖြစ်နေပါသည်။
မည်မျှပင် ဈေးချိုသည့် အစားအသောက် ဖြစ် စေကာမှု စားသုံးသူ တိုင်းအတွက် အန္တရယ် မဖြစ်အောင် ထုတ်လုပ် သင့်ပါသည်။
မိမိစီးပွားဖြစ်မှု တစ်ခုတည်းကို ရည်ရွယ်ပြီး စားသုံးသူတွေ ဘေးအန္တရယ် ဖြစ်စေမည့် အဖြစ်မျိုး လုံးဝ မပြု လုပ်သင့် ပါ။
ပုံတွင်ပြထားသည့် ရေခဲချောင်းထုပ်ကို ကလေးငယ်များ ဝယ်မစားမိအောင် မိဘများက အထူးသတိထား တားမြစ် သင့်ပါသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text