အစာမျို ထားသည့် စပါးကြီးြွေမ၏ နှလုံးနှင့် အခြား အတွင်းပိုင်း အင်္ဂါများသည် ၁ ရက်အတွင်း အရွယ်ပမာဏ ၂ ဆ ကြီးမားလာ ကြောင်း သိရှိရ သည်။ စပါးကြီး မြွေသည် သမင်၊ တောဝက်၊ အိမ်မွေး တိရစ္ဆာန် စသည့် အရွယ်ပမာဏရှိ သား ကောင်ကို မျိုထားနိုင်သည်။ အစာ မျိုထားစဉ်အတွင်း အင်ဆူလင်နှင့် လစ်ဗစ်ဓာတ် ထုတ်လုပ်နှုန်းမြင့် တက်လာ သည်။ အစာမျိုပြီး ရက် အနည်းငယ် အကြာတွင် ၎င်း၏နှလုံး နှင့် အခြားကိုယ်တွင်း အင်္ဂါများ ပုံ မှန်အတိုင်း ပြန်ဖြစ်သွားသည်ဟု ဆိုသည်။ ခန္ဓာကိုယ် အစာချေဖျက် နှုန်းလည်း တဖြည်းဖြည်း နှေးကွေး လာသည်။ အစာတစ်ကြိမ် မျိုပြီး သည့် စပါးကြီးမြွေသည် ခန္ဓာကိုယ် ကြွက်သားများ လျော့ရဲသွားစေခြင်း မရှိဘဲ ကျန်းကျန်း မာမာဖြင့် တစ်နှစ် အထိ ထပ်မံစား သောက်ခြင်းမပြု ဘဲ ရှင်သန်နေထိုင် နိုင်ကြောင်း သိရှိ ရသည်။ ကော်လိုရာဒို တက္ကသိုလ်မှ သိပံ္ပ ပညာရှင်များက လူသား၏နှလုံး ရောဂါ ကုသရေးကို အထောက် အကူပြုနိုင်သည့် စပါးကြီးအဖြစ် လျှို့ဝှက်ဆန်းကြယ်သည့် ဇီဝဗေဒ ဆိုင်ရာ ပဟေဠိကို တစ်စိတ်တစ် ပိုင်း လေ့လာသိရှိထားပြီဟု ဆို သည်။ အဆီ အက်ဆစ် ၃ မျိုး ပေါင်းစပ်ပြီး စပါးကြီး၏ နှလုံးနှင့် ကိုယ်တွင်း အင်္ဂါများကို ကြီးထွားစေ နိုင်ခြင်းဖြစ်ကြောင်း သိပံ္ပပညာ ရှင် များက တင်ပြခဲ့သည်။ အစာမျို ထားသည့် စပါးကြီးမြွေနှင့် အစာ မစားရ သေးသည့် စပါးကြီးမြွေတို့ ၏ ပလာစမာထဲမှ ပရိုတိန်း၊ အက် ဆစ်နှင့် အခြားဓာတ်များကို ဓာတု ဆေးသွင်း နည်းနှင့် အခြားနည်း ပညာများအသုံးပြုပြီး ဆက်လက် လေ့လာ နေကြောင်း သိရှိရ သည်။
No comments:
Post a Comment