ရန်ကုန်မြို့ ဈေးအချို့တွင် ရောင်းချသော အသင့်စားသုံးနိုင်သော မုန့်ထုပ် (Snack) အချို့တွင် ဆိုးဆေးများပါဝင်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။
ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိရသော အသင့်စားမုန့်ထုပ် (Snack) များကို သိမ်းဆည်းထား၍ ဖျက်ဆီးမှုများပြုလုပ်ရန် စီစဉ်လျှက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်မြို့ရှိ ဈေးများတွင် ဆိုးဆေးများ ပါဝင်သော စားသောက်ကုန်များ ရောင်းချခြင်း ရှိ မရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အပါအ၀င် အဖွဲ့အစည်းများ ပူးပေါင်း၍ ဆက်တိုက် စစ်ဆေးလျှက်ရှိရာ ဆိုးဆေးများပါဝင်သည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လက်ရှိ နောက်ဆုံးစစ်ဆေးထားပြီး သိမ်းဆည်းရမိသော ဆိုးဆေးပါဝင်သည့် စားသောက်ကုန်များတွင် လက်ဖက်၊ ငါးပိ၊ ပဲဝါလေး၊ မျှစ်နှင့် အသင့်စားမုန့်ထုပ် (Snack) များ ပါဝင်ကြောင်းသိရပြီး ပစ္စည်းအားလုံး၏ စုစုပေါင်း အလေးချိန်မှာ ပိဿာ ၈၀ ခန့်ရှိသည်ဟု သိရသည်။
အခုနောက်ဆုံး စစ်ဆေးတဲ့အကြိမ် သိမ်းဆည်းရမိခဲ့တဲ့ စားသောက် ကုန်တွေထဲမှာ မျှစ်၊ ငါးပိ၊ လက်ဖက်၊ ပဲဝါလေးနဲ့ အသင့်စား မုန့်ထုပ်(Snack) တွေ ပါဝင်ပါတယ်။ အားလုံးပေါင်း ပိဿာချိန် ၈၀ လောက် ရှိမယ်ထင်တယ်။ အဲဒီပစ္စည်းတွေကို နိုဝင်ဘာလဆန်းပိုင်းလောက်မှာ ဖျက်ဆီးသွားဖို့ စီစဉ်နေပါတယ်။
''ဆိုးဆေးစစ်ဆေးတာကို ဈေးတွေမှာ ဆက်တိုက်လုပ်နေပါတယ်။ အရင်ဖမ်းဆီးရမိခဲ့တဲ့ ဆိုးဆေးပါဝင်တဲ့ ပစ္စည်းတွေကိုတော့ မီးရှို့ဖျက်ဆီး ပြီးသွားပြီ။ အခုနောက်ဆုံး စစ်ဆေးတဲ့အကြိမ် သိမ်းဆည်းရမိခဲ့တဲ့ စားသောက် ကုန်တွေထဲမှာ မျှစ်၊ ငါးပိ၊ လက်ဖက်၊ ပဲဝါလေးနဲ့ အသင့်စား မုန့်ထုပ် (Snack)တွေ ပါဝင်ပါတယ်။ အားလုံးပေါင်း ပိဿာချိန် ၈၀ လောက် ရှိမယ်ထင်တယ်။ အဲဒီ ပစ္စည်းတွေကို နိုဝင်ဘာလဆန်းပိုင်းလောက်မှာ ဖျက်ဆီး သွားဖို့ စီစဉ်နေပါတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့ရှိ ဈေးများအားလုံးတွင် ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းသိမ်းဆည်းခြင်းအပြင် လက်ရှိဖွင့်လှစ်ထားသော ဆိုင်ခန်းများပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။ ဆိုးဆေးပါဝင်သည့် စားသောက်ကုန်များသည် စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်းကြောင့် ရန်ကုန်မြို့တွင် ရောင်းချခြင်း မပြုလုပ်ရန် အသိပေး ကြေညာထားခြင်းဖြစ်ပြီး ရောင်းချခြင်းရှိ မရှိကိုလည်း ရှောင်တခင် ၀င်ရောက်စစ်ဆေးနေခြင်း ဖြစ်သည်။ #ပြီးခဲ့သည့် တစ်လကျော်ခန့်က ဘုရင့်နောင်ပွဲရုံတွင် ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment