Falcon HTV-2 ဒုံးကျည်နှင့် အလားသဏ္ဍန်တူညီပြီး ကမ္ဘာပြေပေါ်ရှိ မည်သည့် ပစ်မှတ်ကိုမဆို နာရီဝက်အတွင်း
ပစ်ခတ် တိုက်ခိုက်နိုင်သည့် အသံထက်မြန်သော အဆင့်မြင့် ဒုံးကျည်တစ်ဆင်းကို အမေရိကန် စစ်တပ်က
18.11.2011 ရက်နေ့က အောင်မြင်စွာ ပစ်ခတ် စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆင့်မြင့် ဒုံးကျည် (AHW)အားတွေ့ရစဉ်-

အသံထက်မြန်သည့် အဆင့်မြင့် ဒုံးကျည်(AWH)သည် အသံထက် ငါးဆပိုမိုမြန်ဆန်ပြီး၎င်းဒုံးကျည်အား နံနက်
(113း0)နာရီ က ဟာဝိုင်အီမှ မိုင်ပေါင်း 2500 အကွာအဝေးရှိ ပစ်မှတ်အား စမ်းသပ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းဒုံးကျည်သည် တစ်နာရီလျှင် 3728 မိုင်အထိ ပျံသန်းနိုင်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြုခဲ့ကြသည်။
အမေရိကန်စစ်ဌာနချုပ်သည် ယင်းအစီအစဉ်အတွက် ဒေါ်လာ 69 သန်းသုံးစွဲခဲ့ပြီး Global Strick လက်နက်စီမံကိန်း
အတွက် စုစုပေါင်းဒေါ်လာ 239.9 သန်း အကုန်အကျခံခဲ့သည်ဟု သိရသည် ....
အမေရိကန်စစ်ဌာနချုပ်သည် တစ်နာရီလျှင် 16776 မိုင်ပျံသန်းနိုင်သည့် အသံထက်မြန်သော HTV-2ဒုံးကျည်အား
စမ်းသပ်လျှက် ရှိနေသေးသည်ဟု ဆိုသည်။

No comments:
Post a Comment