ဂျပန်နိုင်ငံအခြေစိုက် display ကုမ္ပဏီတစ်ခုဖြစ်သည့် Burton မှ လေဆာအလင်းတန်းများအသုံးပြု၍ 3D ပုံရိပ်များကို လေထဲ (သို့မဟုတ်) ရေအောက်တွင် ဖော်ပြပေးနိုင်မည့် ပရိုဂျက်တာတစ်မျိုးကို လာမည့် အနာဂတ်ကာလတွင် မြင်တွေ့နိုင်စေရန် ဖန်တီးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အကယ်၍ ၎င်းနည်းပညာကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါက အနာဂတ်ကာလ၌ 3D မြင်ကွင်းများကို မှန်သားဖန်သားမျက်နှာပြင်များမလိုဘဲ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ အဆိုပါ effect ကိုဖန်တီးရန် လေထဲတွင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေသည့် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်အမှုန်ငယ်များကို လေဆာအလင်းဖြင့် ထိတွေ့စေရမည်ဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို တစ်နည်းအားဖြင့် plasma excitation ဖြစ်စဉ်ဟုဆိုသည်။ ကုမ္ပဏီမှ လက်ရှိစမ်းသပ်ထားသည့် prototype ပုံစံသည် အလင်းအား point 50,000 ကို 10-15 frames per second ဖြင့် ဖော်ပြပေးနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ရုပ်ရှင်များကဲ့သို့ ၂၄-၃၀ fps ဖြင့်ဖော်ပြပေးနိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။ 3D ပုံရိပ်များကို ပြည့်ဝစွာခံစားနိုင်ရန်အတွက် ကာလာတွဲစပ်မှုကို အစိမ်းရောင်တစ်မျိုးခုတည်းမဟုတ်ဘဲ အနီ၊ အစိမ်းနှင့် အပြာရောင်တို့ကို ပေါင်းစပ်သုံးပေးထားသည်။ Burton မှ အဆိုပါလုပ်ငန်းကို မူလနည်းပညာ developer များဖြစ်ကြသော AIST နှင့် Keio တက္ကသိုလ်တို့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကာ အကယ်၍ ၎င်းနည်းပညာ အသုံးပြုနိုင်သည့် ထုတ်ကုန်တစ်မျိုးခန့် ရောင်းချသူများလက်ထဲသို့ ရောက်ရှိလာပါက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းနှင့် ကြော်ငြာအချို့တို့ လက်တွေ့ပေါ်ပေါက်လာဖွယ်ရှိသည်။
Sunday, November 27, 2011
အနာဂတ်ကာလ၌ 3D မြင်ကွင်းများကို Screen မလိုဘဲ တွေ့မြင်နိုင်ဖွယ်ရှိ

Subscribe to:
Post Comments (Atom)

No comments:
Post a Comment