Sunday, November 27, 2011

ရာသီဖောက်ပြန်မှု နိုင်းနှင့် လင်ပိုပိုမြစ်ကို ခြိမ်းခြောက်


လင်ပိုပိုမြစ်ဝှမ်းဒေသတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးရွားမှုဒဏ်ကို ခံစားနေရသည်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဂျိုဟန်နက်စဘာ့ဂ်- ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာမှုတို့ကြောင့် အာဖရိက၏ ကြီးမားသော နိုင်းမြစ်နှင့် လင်ပိုပိုမြစ် တို့တွင် ရေစီးဆင်းမှုကို အကျိုးသက် ရောက်နိုင်သည်ဟု စိုက်ပျိုးရေးသုတေ သနအဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။
နိုင်ငံတကာ စိုက်ပျိုးရေးသုတေသန ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က ရာသီဥတု ပြောင်းလဲလာမှုသည် ၎င်းမြစ်နှစ်ခုကို မျှဝေသုံးစွဲနေသော နိုင်ငံများအတွက် အဓိကအကျိုးသက်ရောက်မှု ဖြစ်စေမည် ဟု ၎င်းအဖွဲ့ကဆိုသည်။
ရေသုံးစွဲမှုအပေါ် တွင် ပဋိပက္ခများဖြစ်ပွားနိုင်ကြောင်းနှင့် ၎င်းမှာ လက်ရှိအချိန်မှာပင် ဒေသတွင်း ဆက်ဆံရေးတွင် ပဋိပက္ခဖြစ်စေသော အကြောင်းအချက်တစ်ရပ် ဖြစ်နှင့်ပြီး ကြောင်းလည်း ၎င်းကဆိုသည်။
၎င်းတို့၏လေ့လာချက်တွင် လင်ပိုပို မြစ်ဝှမ်းဒေသအတွက် စိုးရိမ်ရမှုကို အဓိကဖော်ပြထားပြီး ၎င်းမှာ ဘော့စ် ၀ါနာ၊ တောင်အာဖရိက၊ မိုဇမ်ဘစ်၊ ဇင်ဘာဘွေနိုင်ငံတို့အပြင် မြစ်စီးရာ တစ်လျှောက်ရှိ ခြောက်သွေ့နေနှင့် ပြီးသော ဒေသများ ပါဝင်သည်ဟု သိရသည်။ ၎င်းတွေ့ရှိချက်များကို ပရီတိုးရီးယား ရှိ နိုင်ငံတကာရေနှင့် အစားအစာ ဖိုရမ် တွင် တင်ပြခဲ့သည်ဟုလည်း သိရသည်။
၎င်းအဖွဲ့၏ခန့်မှန်းခြေအရ ယခု အချိန်နှင့် ၂၀၅၀ ပြည့်နှစ်အတွင်း ပိုမိုပူပြင်းသော ရာသီဥတုနှင့် မိုးရွာသွန်း မှု နည်းပါးခြင်းများ ကြောင့် ဒေသတွင်း အစားအစာထုတ်လုပ်ရေးနှင့် ဆင်းရဲ မွဲတေမှုကို ပိုမိုဆိုးရွားစေမည်ဟု ဆိုသည်။
လင်ပိုပိုမြစ်ဝှမ်းဒေသရှိ လက်ရှိ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု နည်းဗျူဟာ များသည် လာမည့် ကမ္ဘာ့ရာသီဥတု အနာဂတ်နှင့် ကိုက်ညီမှုရှိမရှိကို မေးခွန်း ထုတ်ရန်ရှိသည်ဟု ထိုလေ့လာမှုပြုေ သော သိပ္ပံပညာရှင် ဆိုင်မွန်ကွတ်က ပြောကြားသည်။
လင်ပိုပိုမြစ်ဝှမ်းဒေသတချို့တွင် ဆည်မြောင်းငယ် သွယ်တန်းရေး စသော ပြုပြင်ပြောင်းလဲမှု ကျယ်ကျယ် ပြန့်ပြန့် ရှိပြီးသော်လည်း ရေလုံလောက်စွာ ရရှိ ရေးအတွက် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ၏ ဆိုးရွားသော အကျိုးဆက်ကို ကျော်လွှားနိုင်ရန် မလုံလောက် ကြောင်း ကွတ်က ပြောကြားသည်။
နိုင်းမြစ်အတွက်မူ မြစ်ရေ ရေငွေ့ပြန် မှု တိုးပွားလာမည်ဖြစ်၍ နိုင်းမြစ်ပြာမြစ် ၀ှမ်းဒေသ အထက်ပိုင်းတွင် ရေရရှိမှု မညီမျှမှုများ ဖြစ်လာနိုင်သည်ဆိုသည်။ ၎င်းကြောင့် မြစ်ရေစီမံခန့်ခွဲရေး အတွက် ဒေသဆိုင်ရာ ဆွေးနွေးညှိနှိုင်း မှုများ တိုးပွားလာနိုင်ကြောင်း၊ ဥပမာ အီသီယိုပီးယားနိုင်ငံ၏ ရေလှောင်တမံ စီမံကိန်းများနှင့်ပတ်သက်၍ ဒေသတွင်း တင်းမာမှုများ နှစ်ချီဖြစ်ပွားခဲ့ခြင်း စသည်တို့ဖြစ်သည်။
ယခုလေ့လာတွေ့ရှိချက်ကြောင့် ကမ္ဘာ့မြစ်ဝှမ်းများ အားလုံးတွင် ရာသီ ဥတုပြောင်းလဲမှုကြောင့် ရေရရှိရေး အစီအစဉ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်လာမည်ဟု ၎င်းအဖွဲ့၏ အစားအစာနှင့် ရေအစီအစဉ် ညွှန်ကြား ရေးမှူး အလိန်ဗီဒယ်က ဆိုသည်။ မြစ်ဝှမ်းများတွင်မူ ယခင်က ပုံမှန် ရာသီဥတုကိုရရှိနေသော်လည်း စိုစွတ် သောရာသီဥတု ခြောက်သွေ့လာမည် ဟုသိရသည်။
ထိုပြောင်းလဲမှုများကြောင့် စီမံခန့်ခွဲ မှုများ အရေးတကြီးလိုအပ်လာမည် ဖြစ်ပြီး ပြုပြင်ပြောင်းလဲလွယ်သော ချဉ်းကပ်မှုများအပြင် ယခင်က လိုအပ် သည်ထက်ပိုသော ရေရှည်ရာသီဥတု ခန့်မှန်းမှုများလည်း လိုအပ်လာမည်ဟု ဗီဒယ်က ဆိုသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text