Sunday, November 27, 2011
Facebook တွင် အမျိုးသားများက အမျိုးသမီးများထက် လိမ်လည်မှုပိုမိုကြုံတွေ့ရဟုဆို
Antivirus software ကုမ္ပဏီတစ်ခုဖြစ်သည့် Bitdefender မှပြုလုပ်ခဲ့သည့် လေ့လာချက်တစ်ခုအရ Facebook မှတစ်ဆင့် လိမ်လည်လှည့်ဖျားမှုများကို အမျိုးသမီးများထက် အမျိုးသားများက ပိုမိုကြုံတွေ့ခံစားနေရသည်ကို တွေ့ရှိရကြောင်း CBS News ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါလေ့လာချက်များအရ ၆၄.၂ ရာခိုင်နှုန်းသော အမျိုးသမီးများသည် မိမိနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသော မိတ်ဆွေများထံမှရရှိသည့် Facebook friend request များကို ငြင်းဆိုလေ့ရှိသော်လည်း အမျိုးသားများ၏ ၅၅.၄ ရာခိုင်နှုန်းကသာ ၎င်းကဲ့သို့ငြင်းဆိုခြင်းကို ပြုလုပ်ကြကြောင်းတွေ့ရသည်။ အမျိုးသားအများစုက ဆွဲဆောင်မှုရှိပြီး ချစ်ခင်ဖွယ်ကောင်းသည့် အမျိုးသမီးရုပ်ပုံဖြင့်ပြုလုပ်လာသော friend request များကို ပြန်လည်လက်ခံလေ့ရှိကြပြီး အချို့သောအမျိုးသားများက ၎င်းတို့၏တည်နေရာအနေအထား၊ ပတ်ဝန်းကျင်တို့ကို ဖော်ပြလိုလေ့ရှိကြကြောင်း တွေ့ရှိရသည်။ Bitdefender ၏ လူမှုကွန်ရက်လုံခြုံရေးပိုင်းဆိုင်ရာအုပ်ချုပ်ရေးမှုး George Petre ဆိုသူကမူ အမျိုးသမီးများသည် ပိုမိုသတိထားရမည့် သဘာဝကျသော အန္တရာယ်သတိပေးချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment