Sunday, October 30, 2011

ဝင်ဒိုးစမတ်ဖုန်း Lumia 710 ကို နိုကီယာ လွှတ်တင်

ဝင်းဒိုးဖုန်း Lumia 800 အား ထုတ်ဖော်ပြသပြီးနောက် နိုကီယာက ပိုပြီး ဈေးနှုန်းသင့်လျော်သည့် ဝင်ဒိုးစမတ်ဖုန်း Lumia 710 ကိုလည်း ထုတ်လွှတ်လိုက်သည်။

စခရင်မျက်နှာပြင် ၃.၇ လက်မနှင့် Lumia 800 ကဲ့သို့ပင် ၁.၄ GHz processor နှင့် RAM memory ၅၁၂ MB တို့ဖြစ်ပြီး device မှာ မတူညီပေ။ Lumai 710 တွင် 5-megapixel ကင်မရာသာ ဖြစ်သည်။

Nokia Lumia 710 အတွက် လက်လီဈေးနှုန်းမှာ ခန့်မှန်းခြေ ယူရို ၂၇၀ ဖြစ်ဖွယ်ရှိသည်။

Lumai 710 သည် ဟောင်ကောင်၊ အိန္ဒိယ၊ ရုရှား၊ စင်္ကာပူနှင့် ထိုင်ဝမ်တို့တွင် ၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် ပထမဆုံး ရရှိမည်ဖြစ်ပြီး အခြားဈေးကွက်များသို့ ၂၀၁၂ ခုနှစ်အစောပိုင်းတွင် ရောက်ရှိမည်။

Lumia 800 တွင် Internet Explorer 9 ၊ အသံဖြင့် ညွန်ကြားနိုင်မည့် လုပ်ဆောင်ချက် ၊ အခမဲ့ ဂီတ နှင့် ပုံရိမ်များ သိုလှောင်မှုများကို လုပ်ဆောင်နိုင်မည်ဟု သိရသည်။
Nokia Lumia 800

Nokia Lumia 800

Nokia Lumia 710

Nokia Lumia 710

Nokia Asha 200

Nokia Asha 300

Nokia Asha 303

No comments:

Post a Comment

 

Sample text

Sample Text

Sample Text