Sunday, October 30, 2011

နှလုံးသွေးကြောကျဉ်းရောဂါ ကိုယ်တွေ့

news
နှလုံးရောဂါဆိုတာ လူနေထူထပ်တဲ့ မြို့ကြီးပြကြီးတွေမှာ ပိုပြီးအဖြစ်များတယ်။ မြို့ပြမှာက လူနေထူထပ်၊ ကားတွေ၊ စက်ရုံ တွေကထွက် တဲ့မကောင်းတဲ့ ဓာတ်ငွေ့ တွေရှူရတယ်။ လေကောင်းလေသန့်မရ ဘူး။ ကျေးလက်မှာတော့ လေကောင်းလေ သန့်အပြည့်အဝ ရှူရတာကိုက နှလုံးသွေး ကြောတွေ အောက်ဆီဂျင်ရဖို့ အထောက် အပံ့ဖြစ်နေတယ်။ ငွေမပေးပဲ ရနေတဲ့ လေကောင်းလေသန့် လက်ဆောင်ပါ။
မြို့ ပြမှာက ပြိုင်ဆိုင်မှုများတယ်။ လောဘ ဒေါသတွေများတယ်။ ဒါကြောင့်လည်း နှလုံး ရောဂါဖြစ်ပွားမှုနှုန်းက မြင့်တက်လာ တာပါ။ နှလုံးရောဂါ၊ အထူးသဖြင့် ဒီဆယ်စု နှစ်မှာ အဖြစ်များလာတဲ့ နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်ရခြင်းအကြောင်းအရင်းတွေ မှာ လေထု ညစ်ညမ်း မှု၊ ဆေးလိပ်၊ အရက်၊ အဆီစားသုံးမှုများခြင်းနဲ့ စိတ်ဖိစီးမှုကြောင့် လို့ နှလုံးအထူးကုပညာရှင်ကြီးများက ပြောပါတယ်။
တစ်ခါကစာရေးသူကိုယ်တိုင် မန္တ လေးမြို့နှလုံးရောဂါအထူးကုဆောင်မှာ ဆေးရုံတစ်ည တက် ရဖူး ပါတယ်။ ဆရာ လည်းဘာသားနဲ့ထုထားတာမို့လဲ။ ကိုယ့် မှာရောဂါ တစ်ခုခုရ တော့မယ် ဆိုရင် ဆရာ ဆိုတော့ ကြိုသိတယ်။ ပိုသိတယ်။ သိ တော့ကြောက်တာပေါ့။ ကြောက်တော့ အပြင်မှာစားဆေးနဲ့ကုရင်ရမှာတောင် ဆေးရုံတစ်ည တော့ပြေးလိုက် ရပါသေးတယ်။ နောက်ကြောင်းပြန်ပြောရရင် စာရေးသူငယ်စဉ် အထက်တန်းကျောင်း သားဘဝ ကတည်းက လူကြီးတွေကို အတုယူပြီး ဆေးလိပ်ခိုးသောက်ခဲ့ပါတယ်။ ကိုးတန်းကျောင်းသားကတည်းက သောက်ခဲ့တာပါ။ ဆေးပေါ့လိပ်က စ သောက်တတ်တာ။
စာအုပ်တွေ အများ ကြီးဖတ်ပြီး ဆရာကြီးရွှေဥဒေါင်းကိုအား ကျပြီးအိမ်ကအဖိုးရဲ့ ဆေးတံကိုတောင် ခိုးသောက်ခဲ့ဖူးပါတယ်။ တက္ကသိုလ်ရောက် တော့ စီးကရက်ပေါ့။ အသက် ၁၆ နှစ်လောက်က စ သောက်ခဲ့တာ အသက် ၄၄ နှစ် အထိ ကြားမှာ (၂) နှစ်ပြတ်ဖူးပါတယ်။ ပြန် သောက်တာပဲ။ အဲဒီလောက်သောက်ခဲ့ တော့ ဆေးလိပ်ရဲ့ ဆိုးကျိုးက တစ်ချိန် မှာတော့ပြလာတာပေါ့။ တစ်ခါတစ်ရံ ဘယ်ဘက်ရင်ဘတ်ထဲမှာ အပ်နဲ့ထိုးသလို စူးကနဲ စူးကနဲ ဖြစ်လာတယ်။ ဒါကိုလည်း အမှုမဲ့ အမှတ်မဲ့နေခဲ့သေးတယ်။
နောက် အသက် ၅၀ ရောက်လာတော့ ဘယ်ဖက် ရင်ဘတ်က သိသိသာသာကြီးအောင့်လာ လို့ တစ်ခါတစ်ရံရေနွေးအိတ်ကပ်ရတယ်။ နှလုံးတည့်တည့်မှာတိုင်းရင်းဆေးတွေ လိမ်းရတယ်။ ပျောက်လိုက် ပေါ်လိုက် ကြာလာတော့မှ နှလုံးအထူးကုဆရာဝန် ကြီးတွေသတင်းစုံစမ်းပြီး တစ်ဦးထံပြေး ရပါတော့တယ်။ ဆရာဝန်ကြီးကို တိုင်း ရင်းဆေးဆရာတစ်ဦးဖြစ်ကြောင်း၊ ငယ်စဉ် ကဆေးလိပ်သောက်ခဲ့တာက စပြီးအခု တိုင်းရင်းဆေးလိမ်းတာတွေအထိဖြစ် ကြောင်းကုန်စင်တင်ပြပါတယ်။ ထုံးစံ အတိုင်း သွေးပေါင်ချိန်၊ သွေးစစ်၊ ECG ဆွဲလုပ်ရတာပေါ့။ ရလာတဲ့ အဖြေက တော့ (RBBB) ခေါ်တဲ့ ညာဘက်ခြမ်း က နှလုံးပတ်သွေးကြောတွေ ကျဉ်းနေ တယ်။
ကျန်တာကတော့ နော်မယ်ပဲ။ သွေးစစ်အဖြေကတော့ သွေးတွင်းအဆီ (ကိုလက်စထရော) များနေတယ်။ သိပ် တော့များမဟုတ်ပါဘူး။ (၂၁၀) ကျော်နေ တယ်။ ဆရာဝန် က (၂၀ဝ) အောက်လို ချင်တာ။ ဆရာဝန်ကြီးရဲ့ ညွှန်ကြားချက်အ တိုင်း ဆေးတွေစား။ သက်သာပြီးပျောက် သလောက်ဖြစ်လာပါတယ်။ ကိုယ်သိချင် သမျှ ဆွေးနွေးလို့ရတဲ့ ဆရာဝန်ကြီးနဲ့ လည်း ပိုခင်မင်ရင်းနှီးလာပါတယ်။ ဆေး သောက်လို့ရောဂါပျောက်တဲ့အခါ ခပ်ပေါ့ ပေါ့ပဲနေတယ်။ ဆေးလိပ်ကလည်းမပြတ် သေးဘူး။ လျှော့တော့လျှော့သောက်ပါ တယ်။ မဖြတ်နိုင်သေးဘူး။ ဒီလိုနဲ့ ဆေး တောင်မှန်မှန်မသောက်တော့ပါဘူး။ အသက် (၅၃) ရောက်တော့ ရင်ဘတ်ပြန် အောင့်လာတယ်။
ခေါင်းအုံပြီး ဇက်ကြော တက်လာတယ်။ တစ်ခါတစ်ရံမျက်စေ့ အမြင်တွေ ဝေသလိုဖြစ်လာတယ်။ ဒါနဲ့ မိတ်ဆွေဆရာဝန်ကြီးထံ နောက်တစ်ကြိမ် ထပ်ရောက်ရပြန်တယ်။ သွေးချိန်လိုက် တော့ အပေါ်သွေး ၁၄၀ (မီလီမီတာ/ပြ ဒါး) နဲ့ အောက်သွေး ၉၅ (မီလီမီတာ/ ပြဒါး) သွေးတိုးစဝင်နေပြီ။ ဆရာဝန်ကြီး က ဂရုဏာဒေါသောနဲ့ပြောပါတယ်။ ခင်ဗျား ခြေလေးချောင်း၊ ခြေနှစ်ချောင်း တွေ ဘယ်လောက်ရှောင်နေနေ သတ် သတ်လွတ်ပဲစားစား။ မီးလွတ်ပဲစားနေဦး တော့ ဆေးလိပ်မဖြတ်လို့တော့ အလ ကားပဲ။ နှလုံးသွေးကြောပါမကဘူး။ တစ် ကိုယ်လုံးက သွေးကြောတွေ မျက်စေ့သူ ငယ်အိမ်ကသွေးကြောတွေအထိ ဆေးလိပ် ကြောင့်ကျဉ်းသွားနိုင်တယ်။ နောက်ဆုံး လေဖြတ်နိုင်တယ်လို့ ဆူပါတယ်။
ဒါကြောင့် အသက် (၅၃) နှစ်မှာ ဆေးလိပ်ဖြတ်၊ အဆီများတဲ့ အစာတွေ ရှောင်ရပါတယ်။ ကြက်၊ ဝက်၊ အမဲစတဲ့ ခြေနှစ်ချောင်း၊ ခြေလေးချောင်းတွေက တော့ မစားတာကြာပါပြီ။ ၁၉၉၅ ခုနှစ် စာရေးသူရဲ့ အမဆုံးပြီးကတည်းက လှူ လိုက်တာပါ။ ဒါတောင်မှ နှလုံးနဲ့သွေးကြော တွေ အဆီတက်ရသေးတယ်။ ဘာကြောင့် လဲ၊ စာတွေပြန်ဖတ်၊ အဆီတွေအမျိုးမျိုး အကြောင်းလေ့လာကြည့်တော့မှလား နှစ်ခါပြန်ကျော်တဲ့ ဆီတွေကြောင့်ကိုး။ စာရေးသူ ဆေးရုံရောက်ရတာလည်း ဒီ အကြော်ဆီတွေကြောင့်ပါပဲ။ စာရေးသူက အသားမစားပဲ ငါးပဲ စားနေတော့ နေ့စဉ်ထမင်းစားရာမှာ အိမ် က ငါးဟင်း၊ ငါးကြော်အပြင်အဆင်သင့် စားလို့ရတဲ့ ရောင်းတန်း၊ ကြက်သွန်ကြော်၊ ပဲကြော်၊ ဘယာကြော်၊ တို့ဟူးကြော်တွေ အပြင်က နေ့စဉ်ဝယ်စားလေ့ရှိပါတယ်။ ဝက်ဆီ၊ စားအုန်းဆီတွေကဆိုးတာ လူတိုင်းသိတယ်။
ဒါပေမယ့် တစ်ခါသုံးပြီး သား ဆီအဟောင်းကို နောက်တစ်ခါ ပြန် ကြော်တဲ့ဆီဘယ်လောက်ဒုက္ခပေးတယ်ဆို တာ လူတိုင်းမသိကြဘူး။ တိုက်ကြီးပေါ် မှာဝက်သား၊ ထောပတ်၊ မလိုင်တွေစား ပြီး လေဖြတ်တဲ့သူဌေးတွေ ဆေးရုံရောက် သွားတာသာလူသိကြတာ။ လမ်းဘေးမှာ ဆင်းရဲသားတွေ အကြော်နဲ့ထမင်းစားပြီး နှလုံးသွေးကြောအဆီတတ်၊ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံတောင် မရောက်လိုက်တာ ဘယ်သူမှမသိလိုက်ကြ ဘူး။ စားအုန်းဆီနဲ့ဈေးပေါပေါနဲ့သုံးနေကြ တဲ့ ဆင်းရဲသားတွေမှာပိုပြီးလေဖြတ်တာ များတယ်။ စားအုန်းဆီပါတဲ့ အကြော်ဆီတွေ ဟာ အကြော်ကိုြွကတ်ရွစေတာကြောင့် အသုံးများကြတယ်။ ဆီသန့်နဲ့ကြော်ရင် သိပ်ပြီးမြွကပ်ရွဘူး။ ဆီဈေးကြီးတာ ကြောင့် ဈေးပေါတဲ့ အရောဆီကိုပဲ သုံးနိုင် တာလဲပါတယ်။
အသည်းအထူးကုဆရာဝန်ကြီးတစ်ဦး ရေးတဲ့ စာထဲမှာ လူတစ်ယောက်ဟာ အဆီလျော့ချဖို့အတွက် လမ်းလျှောက် ထွက်တာ သူလျောက်ခဲ့တဲ့ ၂ မိုင်ခန့် ခရီးအတွက်ကျသွားတဲ့ အဆီပိုနဲ့ သူပြန် ရောက်တဲ့အခါ နံနက်စာအစာပြေစား လိုက်တဲ့ အကြော်တစ်ခုမှာပါတဲ့ အဆီပို၊ မကောင်းတဲ့အဆီကယ်လိုရီကိုတွက်ကြည့် လိုက်တဲ့အခါ အတူတူလောက်ညီမျှနေ တော့ သူနံနက် လေ့ကျင့်ခန်းယူလမ်း လျှောက်ခဲ့တာ အလကားဖြစ်သွားတယ်။ လမ်းလျှောက်လို့ လျှော့ချနိုင်တဲ့ အဆီဟာ အကြော်တစ်ခုကြောင့်ပြန်တက်လာတယ်။ ဒါသတိထားသင့်တဲ့ပညာပေးတစ်ခုပါပဲ။ နှလုံးဆိုတာလူ့ရဲ့ ခန္ဓာကိုယ်ကို သွေး ပို့ပေးရတဲ့အရေးအကြီးဆုံး ကိရိယာတစ် ခုဖြစ်တယ်။ လူ့ရဲ့အသက်ဖြစ်တဲ့ သွေးေ ထောက်ပံ့မှုရဖို့အတွက် နှလုံးကျန်းမာရေး ကိုအထူးဂရုစိုက်ရာမှ လမ်းလျှောက်ခြင်းစ တဲ့ လေ့ကျင့်ခန်းလည်းလုပ်နေစဉ် စားနေ တဲ့ အစားအသောက်မှာလည်း မသန့်တဲ့ ဆီတွေပါနေတာကို ဂရုစိုက်ကြဖို့ သတိ ပေးလိုပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text