Sunday, October 30, 2011

ကမ္ဘာ့အကြီးဆုံး ရွှေပြားအား သြစတြေးလျတို့ ပြသ

ကမ္ဘာ့အကြီးဆုံး ရွှေပြားကြီးအား သြစတြေးလျ နိုင်ငံမှ ထုတ်ဖော် ပြသလိုက်ပြီ ဖြစ်ပြီး စုစုပေါင်း အလေးချိန် ၁၀၀၀ ကီလိုဂရမ် ရှိကြောင်း သိရသည်။ ပါသ်မြို့ရှိ ရွှေပြားထုတ် စက်ရုံမှ ထုတ်လုပ်ထားသည့် ယင်းရွှေပြားကြီးမှာ အဲလီဇဘက် ဘုရင်မကြီးမှ သြစတြေးလျ နိုင်ငံ အနောက်ပိုင်းမြို့ တစ်ခုတွင် ပြုလုပ်ခဲ့သည့် ဓနသဟာယ နိုင်ငံများ၏ အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်သည့် အထိမ်းအမှတ် အဖြစ် ယခုလို ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ရွှေပြားမှာ တစ်ဖက်တွင် သားပိုက်ကောင်ပုံကို ပုံဖော်ထားပြီး အခြားတစ်ဖက်တွင်  ဘုရင်မကြီး၏ ကိုယ်ရေး အကျဉ်းကို ရေးသား ထားကာ အချင်း ၈၀ စင်တီမီတာ ရှိပြီး အထူ ၁၂ စင်တီမီတာ ရှိကြောင်း သိရသည်။ ပါ့သ်မြို့ ငွေထုတ်ဌာန အမှုဆောင်ချုပ် ဖြစ်သူ Ed Harbuz မှပြောရာ၌ ယခုလို ပြုလုပ်ရခြင်းမှာ အလွန်ပင် အံ့မခန်း စိန်ခေါ်မှု တစ်ရပ် ဖြစ်ပြီး အခြားသော ငွေစက္ကူ ရိုက်နှိပ်သည့် စက်များ အနေဖြင့် စဉ်းပင် မစဉ်းစား နိုင်သည့် လုပ်ရပ်တစ်ခုလည်း ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

ယခု ထုတ်လုပ်လိုက်သည့် သြစတြေးလျ ရွှေပြားကြီးမှာ ယခင်က တော်ဝင် ကနေဒါ ငွေစက္ကူထုတ် ဌာနမှ ထုတ်လုပ်ခဲ့သည့် ကမ္ဘာအကြီးဆုံး ရွှေပြားထက် ငါးဆပိုမို အလေးချိန်စီးကြောင်းလည်း သိရသည်။ ယခုလို အလွန်ကြီးမားအောင် ပြုလုပ်ခြင်းဖြင့် ကမ္ဘာအကြီးဆုံး ရွှေပြားကြီး အဖြစ် အချိန်ကြာမြင့်စွာ ရှိနေနိုင်ရန် ပြုလုပ်လိုက်နိုင်ပြီ ဖြစ်သည်ဟု Harbuz မှပြောခဲ့သည်။ ယခုရွှေပြားကြီးမှာ ၉၉.၉ ရာနှုန်း ရွေ စစ်စစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး သြစတေးလျ ငွေ တစ်သန်း ကျသင့်ကာ အမေရိကန် ဒေါ်လာ အဖြစ် (တစ်သန်း ခြောက်သောင်း တစ်ထောင်) ကျသင့်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text