Saturday, October 15, 2011
လယ်ဝေးအရှေ့ဘက်မှ ရွာ ၈ ရွာ ရေလွှမ်းခံရ
တစ်ရက်ကျော်ကြာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် လယ်ဝေးမြို့ အရှေ့ဘက် ရွာငယ် ရှစ်ခုရေကြီး ရေလျှံခဲ့ သည်ဟု ဒေသခံတို့က ပြောသည်။ ယင်းကျေးရွာရှစ်ခုအနက် ဆင် ဆိပ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ သရက်ခုံကျေးရွာ၊ မကျည်းကုန်း ကျေးရွာနှင့် ခရမ်းတိုင်ကျေးရွာ စသည့်ကျေးရွာငါးရွာအတွင်းသို့ ရေ ဝင်ရောက်မှုများပြားခဲ့ပြီး ကျေးရွာ တွင်း အိမ်ခြေများ၊ တံတားများ၊ တာတမံများ ပျက်စီးဆုံးရှုံးခဲ့သည် ဟု ဒေသခံတို့က ပြောသည်။
ကျန်ကျေးရွာသုံးခုဖြစ်သော သစ်စိမ့်ပင်၊ သာစည်၊ မှန်တော ကျေးရွာတို့မှာ ရေဝင်ရောက်မှုမများ သော်လည်း ကျေးရွာအနီးရှိ မဒန် ဆည်နှင့် ချောင်းမငယ်ဆည်တို့ ကန်ပေါင်ကြံ့ခိုင်မှုအားနည်းနေသဖြင့ အချိန်ပိုင်းအတွင်း သက်ဆိုင်ရာက ဆည်ရေဖောက်ချတော့မည်ဟူသော သတင်းတစ်ရပ်ကြောင့် ရွာသူ၊ ရွာသားများသည် ၄င်းတို့၏ကျေးရွာ နေအိမ်တို့ကိုစွန့်ခွာ၍ ဘေးလွတ် ရာသို့ရွှေ့ပြောင်းနေထိုင် ခဲ့ကြသည် ဟု သိရသည်။
အဆိုပါကျေးရွာ အားလုံးမှ ရေ ဘေးဒုက္ခသည် စုစုပေါင်း လေးထောင်ကျော်တို့သည် ကျေးရွာအနီးရှိ ရန်အောင်မြင်ဘုရားကြီး အတွင်းသို့ လာရောက်နေထိုင်ခဲ့ သဖြင့် ဘုရားဂေါပကအဖွဲ့က လာရောက် ခိုလှုံသူ ရေဘေးဒုက္ခသည်များအား လူဦးရေကန့်သတ်ခွဲခြား နေရာချ ထားပေးခဲ့ သည်ဟု ဂေါပကအဖွဲ့မှ ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။ အလှူခံရာတွင် ၂ ရက်တာ အလှူခံရရှိငွေမှာ ကျပ်သိန်း ၁၀ဝ ခန့်ရှိခဲ့ပြီး ရရှိလာသောငွေကို ဒေသ တွင်း ပြန်လည်ပြုပြင်ရေး၊ ဖွဲ့စည်း ရေးများတွင် အသုံးပြုမည်ဖြစ် ကြောင်း နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်မြင့်ဆွေနှင့် ဦး သန်းအောင်တို့က ပေါ်ပြူလာနယူးစ် နှင့် တွေ့ဆုံမေးမြန်းစဉ်က ထည့် သွင်းပြောကြားသည်။ ကောင်စီအဖွဲ့ဝင် ဦးသန်းအောင် က "ကျွန်တော်တို့ ရငွေ၊ သုံးငွေ စာရင်းပြုစုပြီး လယ်ဝေးမြို့ပေါ်မှာ ပြည်သူသိအောင် ကြေညာမှာပါ။
ရရှိငွေတွေကို စုပြီးရေဝင်ပျက်စီးခဲ့တဲ့ ကျေးရွာတွေအတွက် အချိုးချမယ်။ ပြီး ရင်ရသင့်တဲ့အချိုးကျငွေနဲ့ ဒေသတွင်း ပြန်လည်ထူထောင်ရေး တွေ၊ ဖွံ့ဖြိုးရေးတွေ လုပ်မယ်။ ဒေသတွင်း ကျန်းမာရေးအရနေထိုင် မှု သင့်မသင့်ကို စစ်ဆေးမယ်။ နေ ထိုင်သင့်ပြီ၊ စိတ်ချရပြီဆိုမှ သူတို့ ကိုထမင်းကျွေး အဝတ်အထည်တွေ ပေးပြီး ပြန်ပို့ပေးမှာပါ" ဟု ထပ် လောင်းပြောကြားသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၂ နာရီတွင် ရွာတချို့မှ ပေါင် လောက်အထိရေတက်၍ ဘုရား ကြီးပေါ်ရောက်အောင်တက်လာခဲ့ရ သလိုတချို့ရွာများ၌ကောလာဟလ သတင်းများကြောင့် ရွာထဲရေဝပ်ရုံနှင့် ကြောက်လန့်ကာ ရောက်လာကြ ကြောင်း လယ်ဝေးမြို့နယ် ပြည်ခိုင် ဖြိုးအဖွဲ့ဝင် ဦးကြည်လွင်က ပြော သည်။ "ညကြီးအိပ်လို့ကောင်းတုန်း အိမ်ကြမ်းပြင်ကို ရေလာထိတာနဲ့ လန့်ပြီး နိုးလာတာဗျ။ အဲဒီအချိန် သူများတွေလည်း နိုးနေပြီ။ တချို့ မိန်းမတွေ၊ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေကို မိသားစုတွေက ရန် အောင်မြင်ဘုရားကြီးကို ပို့နေကြ တယ်။
ကျုပ်လည်း ကျုပ်အမေ ကြီးကို ည ၂ နာရီလောက်မှာ လိုက်ပို့ခဲ့သေးတယ်။ ပို့ခါစတုန်းက ရေက ပေါင်လယ်လောက်ပဲရှိသေး တယ်။ ကျုပ်ပြန်လာတော့ ၄ နာရီ ကျော်လောက်ရှိပြီ။ ရေက ပခုံး ကျော်နေပြီဗျ။ ရွာလယ်မှာပိုပြီးနက် တယ်။ ရွာထဲက ကျွဲတွေ၊ နွား တွေ၊ ဝက်တွေဆိုရင် အမြန်လမ်းမ ကြီးပေါ် ရောက်နေပြီ။ ကျုပ်လည်း အိမ်ပြန်ပြီး လုပ်စရာရှိတာတွေ လုပ် ရတယ်။ ဝက်တွေရှာရတယ်။ ရွာ ထဲမှာ ကူညီရတယ်။ ၆ နာရီ၊ ၇ နာရီလောက်ရောက်တော့ ရေက ကျုပ်အရပ်မြုပ်တော့မယ်။ ဒါနဲ့ ကျုပ်တို့ရွာသားတွေလည်း ရန် အောင်မြင်ဘုရားကြီးကို စုဝေး ရောက်လာတော့တာပဲ"ဟု ဆင် ဆိပ်ကျေးရွာသားတစ်ဦးက ပြော သည်။ ရေကြီးရေလျှံခဲ့သော ကျေးရွာ များသည် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း၌ ရွာတွင်းရေ ပြန်လည်ကျဆင်းခဲ့သဖြင့် ရေဘေး ဒုက္ခသည်အချို့ သူ့အစုနှင့်သူ ကျေး ရွာများသို့ ပြန်လည်ထွက်ခွာသွား ကြသည်ကို တွေ့ရသည်။
Subscribe to:
Post Comments (Atom)


No comments:
Post a Comment