Saturday, October 15, 2011
အပျော်ရွှင်ဆုံး ဒိန်းမတ်နိုင်ငံနဲ့ မရွှင်တဲ့ တရုတ်
ယခုနောက်ပိုင်း နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို စုစုပေါင်း အမျိုးသားထုတ်ကုန် (GNP) နဲ့သာ မကဘဲ၊ စုစုပေါင်း အမျိုးသား ပျော်ရွှင်မှု (GNH) နဲ့ပါ တိုင်းတာကြည့်လာသည်။ တစ်နည်းအားဖြင့် တစ်ဦးချင်း ၀င်ငွေသာမကဘဲ တစ်ဦးချင်း ပျော်ရွှင်မှုကိုပါ ဆက်စပ် ကြည့်လာခြင်း ဖြစ်သည်။
တစ်ဦးချင်း ၀င်ငွေအပြင်၊ အခြားမေးခွန်းတွေက 'ခင်ဗျားရဲ့ အလုပ်အကိုင်မှာ ပျော်ရွှင်ရဲ့လား၊ ခင်ဗျား ကျန်းမာရေး အခြေအနေက ဘယ်လိုလဲ၊ ခင်ဗျားရဲ့ ကလေးတွေနဲ့အတူ နေ့စဉ် နေဖို့ အချိန်ပေးနိုင်ရဲ့လား၊ ခင်ဗျား လိုအပ်တဲ့ အချိန်မှာ မိတ်ဆွေတွေ အနား ရှိရဲလား၊ အိမ်နီးနားချင်းတွေကို ခင်ဗျား ယုံကြည်ရဲ့လား၊ ကိုယ့်ဘ၀ကိုယ်ရော ကျေနပ်ရဲ့လား' စတာတွေ ဖြစ်သည်။
မကြာခင်က ၀ါရှင်တန် အခြေစိုက် Gallup အဖွဲ့က ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ စီးပွားရေး တိုးတက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ အချို့ရဲ့ ပျော်ရွှင်မှုတွေကို နှိုင်းယှဉ်ကြည့်သည်။ နှိုင်းယှဉ်ချက်အရ ဒိန်းမတ်နိုင်ငံက အပျော်ရွှင်ဆုံး နိုင်ငံဖြစ်ပြီး၊ တရုတ်က မရွှင်ပြတဲ့ နိုင်ငံဖြစ်နေသည်။ မပျော်ရွှင်နိုင်ဖြစ်နေတဲ့ ဒိန်းမတ် တစ်ယောက်ဟာ အပျော်ဆုံးဆိုတဲ့ တရုတ် တစ်ယောက်နဲ့ အခြေအနေ သွားတူ့ညီသလောက်ရှိသည်။
အောက်ဖော်ပြပါ ဇယားမှာ နိုင်ငံ ၂၀ ရဲ့ ပျော်ရွှင်ကျေနပ်မှု အနည်းဆုံး အခြေအနေနဲ့ ပျော်ရွှင်ကျေနပ်မှု အများဆုံး အခြေအနေကို နှိုင်းယှဉ်ဖော်ပြထားသည်။ ထူးခြားချက်က ပျော်ရွှင်ကျေနပ်မှုမှာ ၀င်ငွေ အနည်း အများနှင့် သိပ်မဆိုင်တာ တွေ့ရသည်။ ဇယားဘေးမှာ နိုင်ငံတွေရဲ့ ၀င်ငွေကွာဟချက်ကို Gini coefficient ဖြင့် ဖော်ပြထားပြီး၊ (Gini coefficient (1) ဂဏန်းက ၀င်ငွေမညီမျှဆုံး အခြေအနေ ဖြစ်ပြီး၊ (1) အောက်လျှော့လေ ၀င်ငွေ ကွာဟမှု နည်းလေ ဖြစ်သည်။
Subscribe to:
Post Comments (Atom)


No comments:
Post a Comment