Saturday, October 15, 2011

အရစ်ကျစနစ်ဖြင့် အိုင်တီပစ္စည်းနှင့် မိုဘိုင်းဖုန်း ဝယ်နိုင်တော့မည်


IT ပစ္စည်းများနှင့် မိုဘိုင်းဖုန်း များ အရစ်ကျ ဝယ်ယူနိုင်တော့ မည်ဖြစ်ကြောင်း DoCoMo မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန် ရှိသူတစ်ဦးကပြောသည်။ IT ပစ္စည်းနှင့် မိုဘိုင်းဖုန်းအရစ် ကျဝယ်ယူရာတွင် မိမိဝယ်ယူမည့် ပစ္စည်းတန်ဖိုးကို ကုမ္ပဏီအား ထက် ဝက်ပေးချေရမည် ဖြစ်ပြီး ကျန်ငွေ များကို လစဉ်အရစ်ကျ ပေးသွင်းရ မည်ဖြစ်သည်။ "အောက်တိုဘာလ အတွင်း ဝန်ဆောင်မှု စတင်မှာပါ။ ဖုန်း အသုံးပြုချင်သူတွေ အလွယ် တကူ ဝယ်ယူသုံးစွဲနိုင်အောင် ရည်ရွယ်ပြီး ဆောင်ရွက်တာပါ။ နောက်ပိုင်း ဘဏ်စနစ်နဲ့ပါ ဝန် ဆောင်မှုပေးနိုင်အောင် ဆောင်ရွက် သွားမှာပါ"ဟု DoCoMo မိုဘိုင်း ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းစနစ်တွင် ဖုန်းဝယ်ယူသည် နှင့် ဝယ်သူနှင့် ရောင်းချသည့် ကုမ္ပဏီ နှစ်ဦးသဘာတူ စာချုပ် ချုပ်ဆိုရမည်ဖြစ်ပြီး ဝယ်ယူမည့် ပစ္စည်းတန်ဖိုးအပေါ် မူတည်၍ လက်ကျန်ငွေများကို ၁၂ လအတွင်း အပြီးပေးချေရမည် ဖြစ်သည်။ "ပထမတစ်ဝက်ပေးချေပြီ ဆိုတာနဲ့ဖုန်း SIM ကတ်နဲ့ ဟန်း ဆက်ကတ်ပါ ထည့်ပေးလိုက်မှာပါ။ စာရွက်စာတမ်းကိုတော့ ပြန်သိမ်း ထားမှာပါ။ ကျန်ငွေတွေကို အရစ် ကျပေးသွင်းပြီးမှ စာရွက်စာတမ်း ပြန်ပေးမှာပါ။ လောလောဆယ် တော့ ၅၀ ရာခိုင်နှုန်း အရင်ဆုံးပေး သွင်းရတယ် ဆိုပေမယ့် နောက်ပိုင်း ၅၀ ရာခိုင်နှုန်းထက် လျှော့ချပေး သွားဖို့ရှိပါတယ်"ဟု ၄င်းက ဆက် လက်ပြောသည်။

ပြည်တွင်း၌ အရစ်ကျစနစ်ဖြင့ ရောင်းချမှုများမှာ တန်ဖိုးမြင့်မား သည့် စက်ပစ္စည်းနှင့် ကွန်ဒိုတိုက် ခန်းများနည်းတူ မိုဘိုင်းဖုန်းများကို အရစ်ကျရောင်းချမှုအချို့ ရှိခဲ့ပြီး တစ်နှစ်နီးပါးအထိ အရစ်ကျရောင်း ချမှုမျိုး မရှိသေးကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုအား စုံစမ်း မေးမြန်းမည်ဆိုပါက ဖုန်း ဝ၉- ၄၉၇၇၇၆၆၆ သို့ ဆက်သွယ်မေး မြန်းနိုင်ကြောင်း သိရသည်။ "ဘဏ်စနစ်ပါ ပါဝင်လာခဲ့ ရင်တော့ ရောင်းတဲ့သူရောဝယ်တဲ့ သူပါ ယုံကြည်မှုခိုင်မာလာမှာပါ၊ ဖုန်းနဲ့ အလုပ်လုပ်နေရသူတွေ အတွက်တော့ ဒီစနစ်ကို အသုံးပြု သွားကြမယ်ထင်တယ်၊ သာမန် လူတန်းစားတွေဆိုရင် ထက်ဝက် နှုန်း အရင်ပေးသွင်းနိုင်ဖို့ မဖြစ်နိုင် သေးဘူး။ ဒီထက် လျှော့ချပေး မယ်ဆိုရင်တော့ လူတိုင်းနီးပါး ဖုန်း ကိုင်နိုင်ကြမှာပါ"ဟု မိုဘိုင်းဖုန်း ကျွမ်းကျင်ပညာရှင်တစ်ဦးက သုံး သပ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text