
ဒီဖြစ်ရပ် လေးကတော့ ကိုယ်တိုင် ဝင်ရောက် တွေးကြည့်လေ ကြက်သီး မွေးညှင်း ထပြီး ကြောက်ရွံ့ တုန်လှုပ်စရာ ကောင်းလေ ပါပဲ။ ပုံမှာ တွေ့ရတဲ့ လေထီးခုန် သမားဟာ အမြင့် ပေ ၉၀ဝ ရှိတဲ့ တံတား တစ်ခုပေါ်က ခုန်ဆင်း ခဲ့ပေမယ့် လေထီးကပွင့်လာခြင်း မရှိခဲ့တာ ကြောင့် မြင်သူတကာကို စိုးရိမ်ကြောက်လန့် စိတ်တွေ ပိုစေခဲ့ပါတယ်။ ကာယ ကံရှင် ခရစ္စ တိုဖာဘရူဝါဆိုရင် ဘယ်လောက်ထိ ရင်ခုန်စိတ် လှုပ်ရှားသွားမလဲ ဆိုတာ စဉ်းစားကြည့် ပါတော့။ သူဟာ ဗာဂျီးနီးယားပြည်နယ် အနောက်ပိုင်း ဖေယက်တီဗီလီမြို့မှာ နှစ်စဉ် ကျင်းပ နေကျ Bridge Day အခမ်းအနားကို တက်ရောက်လာ ခြင်းဖြစ်ပြီး New River Gorge သံမဏိ ပေါင်း ကူးတံတားပေါ်ကနေ လေထီးခုန်ဆင်း ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အခမ်းအနား ကို တခြား BASE အဖွဲ့ဝင် လေထီးခုန် သမား ၄၀ဝ အပါအဝင် ဧည့်ပရိသတ် ၁၀ဝ၀ဝ၀ ကျော်တက် ရောက်ခဲ့ပြီး ဒီအခမ်းအနားနေ့ ရောက်တိုင်း သက်စွန့်ဆံဖျား လေထီးခုန်ချချင် တဲ့သူတွေကို တံတားပေါ်ကနေ တရားဝင်ခုန်ချ ခွင့်ပြု ထား ပါတယ်။ ဘရူဝါအနေနဲ့ လေထီးပွင့်မလာခဲ့ ပေမယ့်လည်း သူ့ရဲ့တောင်ပံဝတ်စုံ (Wingsuit) ကအောက်ကို ဇောက်ထိုးကျ မသွားဘဲ ရှေ့ဖက် ရွေ့လျားပျံ သန်းသွား အောင် ပြုပြင် ဖန်တီးနိုင် ခဲ့တာကြောင့် သူ့ရဲ့အရှိန်ကို အတိုင်းအတာ တစ်ခုအထိ နှေးကွေး လျော့နည်း သွားစေခဲ့ပြီး အသက်လည်း ချမ်းသာ ရာရခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် သူဟာ ရေထဲကို တစ်နာရီမိုင် ၆၀- ၈၀ နှုန်းနဲ့ ပြုတ်ကျလာခဲ့တာကြောင့် ဆီးခုံရိုး ကျိုးဒဏ်ရာ၊ အဆုတ် ဒဏ်ရာ တွေနဲ့ ကျောရိုးဒဏ် ရာတွေရ ရှိသွားခဲ့ပါ တယ်။ဘရူဝါလို နောက် လေထီးသမား တစ်ဦးလည်း လေထီးမပွင့်ခဲ့တာ ကြောင့်ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ တယ် လို့ ဆိုပါတယ်။

No comments:
Post a Comment