Popular News

တစ်ပတ်ရစ်မော်တော် ယာဉ် အရောင်းစင်တာများကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့၌ စမ်းသပ်ဖွင့်လှစ်ခွင့်ကို ပြုလုပ်ပေးတော့ မည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ အကြီးတန်းအရာရှိတစ် ဦးက ပြောသည်။ "ပြောတဲ့ နေရာ ၃ ခုကိုပဲ လက်ရှိမှာလောလောဆယ်စမ်းသပ် ကာလအနေနဲ့ ဖွင့်ခွင့်ပေးသွားမှာပါ။
ကျန်တဲ့နေရာတွေ မပါသေးပါဘူး တင်သွင်းခွင့်ပေးတဲ့ ကားအစီးရေကို လည်း ၁၀ဝ ထက်ကျော်ပြီးပေးမှာ မဟုတ်ဘူး"ဟု တစ်ကြိမ်လျှင် အစီး ရေ ၅၀ မှ ၁၀ဝ အထိ ကိုသာတင် သွင်းရောင်းခွင့်ပြုသည့် ၄င်းစင်တာ များနှင့်ပတ်သက်၍၄င်းကပြောသည်။ လက်ရှိအချိန်အထိ အဆိုပါ အရောင်းဌာနများဖွင့်လှစ်ခွင့်လျှောက် ထားသည့် ကုမ္ပဏီနှင့် အဖွဲ့အစည်း များတစ်ခုမှ မရှိသေးဘဲ စုံစမ်းမေး မြန်းခြင်းမျိုးသာ လုပ်ဆောင်နေ ကြောင်း ကော်မတီမှ သိရသည်။ ကော်မတီမှ ကုမ္ပဏီများကို အရောင်းဌာနဖွင့်ခွင့်ရရှိရန်အတွက် အာမခံပေးငွေကို ဒေါ်လာ ၁ သိန်း သတ်မှတ်ထားပြီး မဖွင့်ဖြစ်တော့မှ သာလျှင် ထိုငွေကို ပြန်ရမည်ဖြစ် ကြောင်း၊ သက်သေပြငွေကိုလည်း မြန်မာငွေကျပ် သိန်း ၃၀ဝ၀ ပြရ မည်ဖြစ်သည်ဟု အသိပေးထား ကြောင်း အရောင်းစင်တာဖွင့်လှစ်ရန် စုံစမ်းနေသည့် ကုမ္ပဏီတို့ထံမှ သိရသည်။ "သူတို့ သတ်မှတ်ထား တာက ဝန်ဆောင်မှုကုမ္ပဏီဖြစ်ရ မယ်၊ ထားသိုရမယ့် မြေနေရာ ရှိရမယ်နဲ့ ကိုယ်တင်သွင်းတဲ့ ကားမကုန်ရင် မိမိစရိတ်နဲ့ပြန်ပို့ရမယ် ဆိုတဲ့ အချက်တွေပါတယ်။ နောက် ပြီး အဓိက ပြောတာကတော့ Black List မဖြစ်ရဘူးဆိုတာပါပဲ" ဟု ဟွန်ဒိုင်း ကိုရီးယားကားတင် သွင်းမည့် ကုမ္ပဏီက ဆိုသည်။
ကားအရောင်းပြခန်းများ ခွင့် ပြုရန်လျှောက်ထားသူများရှိထား သော်လည်းပဲ ယခုအရောင်းစင်တာ မှာ သီးခြား ခေါင်းစဉ်အနေဖြင့် သွား မည်ဖြစ်သဖြင့် ကုမ္ပဏီများအနေဖြင့် ထပ်မံလျှောက်ထားရန်လိုမည်ဖြစ် ကြောင်းနှင့် သတ်မှတ်ကိုက်ညီမှု ရှိပါက ပေးအပ်သွားမည်ဟု ကော် မတီမှ တာဝန်ရှိသူ၏ ထပ်လောင်း ပြောကြားချက်အရ သိရသည်။ ယခု ဖွင့်လှစ်ခွင့်ပေးမည့် အ ရောင်းစင်တာများမှာ ယာဉ်တင် သွင်းခွင့်ရထားသည့် ပါမစ်ရှိသူများမှ ဝယ်ယူရန် အတွက်သာဖြစ်ပြီး နယ်များကို လိုအပ်သည်ဟု ယူဆ မှသာလျှင် ဖွင့်လှစ်ခွင့်ပေးရန်စဉ်း စားသွားမည်ဟု ကော်မတီထံမှ ထပ်မံသိရသည်။

No comments:
Post a Comment