
no-fly zone သတ်မှတ်ပြီးနောက် လစ်ဗျားကို အကာအကွယ် ပေးခဲ့တဲ့ နေတိုးလေယာဉ်တွေ
လစ်ဗျား နိုင်ငံ ဝေဟင်မှာ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ချက်နဲ့ နိုင်ငံတကာ တပ်ဖွဲ့ရဲ့ စစ်ဆင်ရေး ခွင့်ပြုမိန့် ပေးထားတာကို ကုလသမ္မဂလုံခြုံရေး ကောင်စီက ရုတ်သိမ်းလိုက် ပါပြီ။
အောက်တိုဘာ ၃၁ ရက်နေ့ တင်္နလာနေ့ ညသန်းခေါင်ယံ မတိုင်ခင်မှာ စစ်ဆင်ရေးတွေကို အဆုံးသတ် ရမယ်လို့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
နေတိုးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေ ရုတ်သိမ်းမသွားသေးဘဲ ဆိုင်းငံ့ထားပေးဖို့ လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီက တောင်းဆိုထားပေမယ့် ကုလသမ္မဂ လုံခြုံရေး ကောင်စီက ဒီဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့တာ ဖြစ်ပြီး လစ်ဗျား အာဏာပိုင်တွေ အနေနဲ့ ကဒါဖီ တပ်ဖွဲ့တွေကို လက်စားချေ တိုက်ခိုက်မှုတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့က ဆန္ဒပြသူတွေဟာ ကဒါဖီ တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှု ခံနေရတာကြောင့် လစ်ဗျားမှာ လေယာဉ် မပျံသန်းရဇုံ သတ်မှတ်ပြီး မြေပြင် စစ်ဆင်ရေး တွေကနေ အရပ်သားတွေကို ကာကွယ်ဖို့ ကုလသမ္ဂအမိန့်ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

No comments:
Post a Comment