Thursday, October 27, 2011

အိမ်အမြန်ဆောက်လိုသူများအတွက် အဆင်သင့် တပ်ဆင်ဆောက်လုပ်ပေးနိုင်မည့် အိမ်များကို ဈေးကွက်၌ အသုံးပြုလာပြီ

ရက်ပိုင်းအတွင်း အိမ်တစ်လုံး အမြန်ဆောက်လုပ်ရမည့် သူများအတွက် မှာယူသည့် အချိန်မှစတင်ကာ တစ်ရက် အတွင်း အပြီး တပ်ဆင် တည်ဆောက်ပေးနိုင်သော Modular Building System ဖြင့် တည်ဆောက်ခြင်း စနစ် သုံးစွဲနိုင်ပြီဖြစ်ကာ လတ်တလော လူအများ စိတ်ဝင်စားမှု ရှိနေကြောင်း စုံစမ်း သိရှိရသည်။ အဆိုပါစနစ်မှာ ဓာတုဗေဒနှင့် ရူပဗေဒနည်းပညာ ဘာသာရပ်များတွင် သင်ကြားခဲ့ရသော မော်လီကျူး နည်းပညာဖြင့် ကွင်းဆက်သဏ္ဌာန် အိမ်အဆောက်အအုံ တည်ဆောက်ခြင်း မျိုးဖြစ်ကြောင်း သိရသည်။ လက်ရှိကာလတွင် တရုတ်နိုင်ငံ၏ နည်းပညာဖြင့် ပြည်တွင်းကုမ္ပဏီတစ်ခုက တင်သွင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ဈေးကွက်အတွင်းသို့ ယခုနှစ်အတွင်းမှ စတင်ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ''ပြည်တွင်းကို  ဒီနှစ်ထဲမှာမှ စပြီးရောက်လာတာဖြစ်ပါတယ်။ ပြပွဲမှာ ပြသတာနှစ်ကြိမ်ရှိပါပြီ။ အခုဆိုရင် စုံစမ်းသူတွေ နေ့စဉ်များလာတယ်။  လတ်တလောမှာ ကျောင်းတွေ၊ တိုက်ခန်းတွေနဲ့ပုဂ္ဂလိက ကုမ္ပဏီတွေက မှာထားတာတွေရှိသလို တပ်ဆင်နေတာတွေလည်း ရှိလာပါပြီ။ ရောင်းရတဲ့အလုံးရေကို ပြောပြလို့မရပေမယ့် ကျွန်တော်တို့ တင်လာသမျှ ၈ဝ ရာခိုင်နှုန်းလောက် ရောင်းချနေရပါပြီ'' ဟု အဆိုပါ မော်လီကျူး အိမ်ကို တင်သွင်းသည့် Hi Cool ကုမ္ပဏီမှ MD ဦးသူရိန်ဦးက ပြောကြားသည်။ အဆိုပါ အဆောက်အအုံသည် အပူဒဏ်၊ အအေး ဒဏ်နှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိ သည်ဟု သိရပြီး Moblie စနစ် ရွှေ့လျား နိုင်ကြောင်းလည်း သိရသည်။ ''ဒီမြေမှာ မကြိုက်လို့အခြား မြေ နေရာတစ်ခုကို သွားဆောက်မယ်ဆိုရင် လည်း ဖြုတ်ပြီးရွှေ့လို့ရတယ်။ အထပ် အမြင့်တွေလည်း ဆောက်လို့ရတယ်။ သဘာဝဘေးဒဏ်နဲ့ ပြောရရင် သူက မြေမှာချထားသလိုမျိုးဆိုတော့ လေတိုက်တာ ငလျင်လှုပ်တာ ကိုမမှုဘူးဗျ။ ဒီထဲက တံခါးပေါက်တွေကိုလည်း လိုသလိုရွှေ့လို့ရတယ်'' ဟု ယင်းက ဆက်လက်ပြောကြားသည်။ အဆိုပါ မော်လီကျူးအိမ်ကိုစတီးနှင့် ပြုလုပ်ထားပြီး ၄င်း၏ပြုပြင်တပ်ဆင်မှုအတွက် အမြန်ဆုံးလုပ်ဆောင်လျှင် တစ်ရက်နှင့်ပင် ပြီးစီးမည်ဟု သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text