ဗြိတိန်နိုင်ငံတွင် အောက်တိုဘာလ ၈ ရက်နေ့ညက တာဘာသာမက်ကုတ် အမည်ရှိ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဆံပင်များကိုဆေးဆိုး ပြီးနောက် အလွန်အမင်းနာကျင်စွာ ခံစားရပြီး လဲကျသတိမေ့မြောပြီးနောက်သေဆုံးသွားကြောင်း သိရသည်။ သူသည် သူ၏သူငယ်ချင်းနေအိမ်တွင် ဆံပင်ကို ဆေးဆိုးပြီးနောက် အလွန်အမင်းနာကျင်လာသောကြောင့် ငယ်သံပါအောင် အော်ဟစ်ပြီး ထိုးအန်ကာ လဲကျသေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။သူ့အား လန်နက်ရှိုင်းယားဆေးရုံသို့ ပို့ခဲ့သေးသော်လည်း သေဆုံးခြင်းကိုသာအတည်ပြုနိုင်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါမိန်းကလေးတွင်ဆံပင်ဆိုးဆေး၌ပါသော ဟိုက်ဒရိုဂျင်ပါရောက်ဆိုက်နှင့် ဓာတ်မတည့်သော ရှားရှားပါးပါး ရောဂါ တစ်မျိုးရှိခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
Thursday, October 27, 2011
ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ဆံပင်ဆေးဆိုးပြီး မိနစ် ၂ဝ အကြာ၌ သေဆုံး
ဗြိတိန်နိုင်ငံတွင် အောက်တိုဘာလ ၈ ရက်နေ့ညက တာဘာသာမက်ကုတ် အမည်ရှိ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဆံပင်များကိုဆေးဆိုး ပြီးနောက် အလွန်အမင်းနာကျင်စွာ ခံစားရပြီး လဲကျသတိမေ့မြောပြီးနောက်သေဆုံးသွားကြောင်း သိရသည်။ သူသည် သူ၏သူငယ်ချင်းနေအိမ်တွင် ဆံပင်ကို ဆေးဆိုးပြီးနောက် အလွန်အမင်းနာကျင်လာသောကြောင့် ငယ်သံပါအောင် အော်ဟစ်ပြီး ထိုးအန်ကာ လဲကျသေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။သူ့အား လန်နက်ရှိုင်းယားဆေးရုံသို့ ပို့ခဲ့သေးသော်လည်း သေဆုံးခြင်းကိုသာအတည်ပြုနိုင်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါမိန်းကလေးတွင်ဆံပင်ဆိုးဆေး၌ပါသော ဟိုက်ဒရိုဂျင်ပါရောက်ဆိုက်နှင့် ဓာတ်မတည့်သော ရှားရှားပါးပါး ရောဂါ တစ်မျိုးရှိခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment