
“သေသွား သူကြာရင်မေ့၊ ပျောက်သွားသူ ရှာရင်တွေ့” ဆိုတဲ့ စကား အတိုင်းဘဝ တစ်ပါးကူးရှာလေ သူကို ဘယ်လောက်ပဲ ချစ်ပါတယ်၊ ခင်ပါတယ် ပြောပြော အချိန်တွေ ဟောင်းနွမ်း ကုန်ဆုံး သွားတာနဲ့အမျှ အရင်ကလို သတိရ တမ်းတစိတ်တွေ မရှိတောဘဲ့ တဖြည်းဖြည်းမေ့ပျောက် သွားတတ်သလိုမျိုး ပျောက်သွားသူ ပျောက်သွားတဲ့ ပစ္စည်းတွေကို အသက် ခန္ဓာရှိနေသရွေ့ ဆက်ရှာ နေမယ်ဆိုရင် တစ်နေ့ အချိန်တော့ ပြန်တွေ့ကောင်း တွေ့နိုင်ပါတယ်။
ဒီလို လိုက်ရှာက်လို့ ပြန် မတွေ့ခဲ့ရင် အတိုင်းအတာ တခုအထိ ခံစားရနိုင် ပေမယ့် ပြန်တွေ့လိုက်ရမယ် ဆိုရင်တော့ အတိုင်းထက်အလွန် ဝမ်း သာမိမှာ သေချာပါတယ်။ အခုလည်း ပြီးခဲ့တဲ့ နှစ်ရက် အပန်းဖြေခရီးထွက်ရင်း သမုဒ္ဒရာ ရေအောက်ကြမ်းပြင်ထဲ ကျ ပျောက်သွားတဲ့ Canon အမျိုးအစား ကင်မရာနဲ့ အဖိုးတန်အားလပ်ရက် ဓာတ်ပုံတွေကို ဘယ်တော့မှ ရှာတွေ့ တော့မှာ မဟုတ်ဘူးလို့ ကင်မရာပိုင်ရှင် အမည်မဖော်လိုတဲ့ ကနေဒါမီးသတ်သ မားတစ်ဦးက တွေးထင်နေခဲ့တာပါ။
ဒါပေမဲ့ တစ်နှစ်ကျော် အကြာမှာ ရေ ငုပ်သမား တစ်ဦးက အဲဒီကင်မရာကို တွေ့ရှိဆယ်ယူခဲ့ပြီး အံ့ဩစရာ အကောင်းဆုံးကတော့ SD memory card ထဲရှိတဲ့ ဓာတ်ပုံတွေကို ပြန်လည် ကူးနိုင်ခဲ့ တာပါပဲ။ ပြန်လည်ကူးယူနိုင် ခဲ့တဲ့ ဓာတ်ပုံ (၅၀) ကို Google စာ မျက်နှာပေါ်တင်ခဲ့သလို Canon FOS 1000 D အမျိုးအစား ကင်မရာ တစ်လုံး မတော်တဆ ကျပျောက်သွားခဲ့သူ ရှိရင် သူ့ဆီအကြောင်းကြားပေးဖို့ ကင်မရာ ရှာတွေ့ခဲ့တဲ့ ဓာတ်ပုံဆရာ မာကက်စ် သွမ်ဆင်က စာရေးသား ခဲ့ပါတယ်။ အဲဒီဓာတ်ပုံ တွေထဲမှာ ဒေသတွင်း မီး သတ်ပြိုင်ပွဲတစ်ခုရဲ့ ဓာတ်ပုံတစ်ပုံ လည်းပါဝင်ခဲ့ပါတယ်။ သွမ်ဆင်ရဲ့ စာ ကြောင့် လူမှုကွန်ရက် စုံထောက်တွေ ဟာ စုံစမ်း ရှာဖွေရေး လုပ်ငန်းတွေ ဆက်လုပ်ခဲ့ကြသလို မစ္စတာသွမ်ဆင် ဆီကိုလည်း ထင်မြင်သုံးသပ်ဝေဖန် စာတွေ အများကြီးရောက်ရှိလာပါ တယ်။
ဒါပေမဲ့ ကင်မရာပိုင်ရှင်ရဲ့ သူ ငယ်ချင်း တစ်ဦးဆီက အီးလ်မေးစာ တစ်စောင် ရောက်ရှိလာတာကြောင့် ကင်မရာ ရှာပုံတော် အဆုံးသတ် သွားခဲ့ ရတာဖြစ်ပါတယ်။ ဗြိတိသျှ ကိုလံဘီ ယာမီးသတ် သမားဟာ ပြီးခဲ့တဲ့ နှစ် ဩဂုတ်လက ဗန်ကူးဘားကျွန်းကို လာရောက်အပန်းဖြေတုန်း သူ့ရဲ့ကင်မ ရာဟာ Deep ပင်လယ်အော်ထဲ မတော် တဆပြုတ်ကျ သွားခဲ့တာပါ။ အခုလို ပြန်ရှာတွေ့ခဲ့တာကလည်း ရိုးသားဖြောင့်မတ်တဲ့ သူတစ်ဦး ကြောင့် ဓာတ်ပုံတွေ အကောင်း ပကတိ ဖြစ် နေသေး တာကြောင့် ဖြစ်တယ် ဆိုရင် မှားမယ်မ ထင်ပါဘူး။ ဒါပေမယ့် စိတ် မကောင်း စရာတစ်ခုက ကင်မရာကို ဆက်သုံးလို့ မရတော့တာပါပဲ။

No comments:
Post a Comment