
လူဟာ တိရစ္ဆာန်တွေထက် အသိဥာဏ် သာလွန် ထက်မြက် တယ်ဆို တာကို အားလုံး သိကြပါတယ်။ တိရစ္ဆာန်တွေ မတွေးနိုင် မကြံနိုင် မလုပ်နိုင်တဲ့ အလုပ်တွေကို လူတွေ က ကြံဆ လုပ်ကိုင် တတ်တာကြောင့် လူဟာ သက်ရှိ လောကမှာ အဆင့် အမြင့်ဆုံး သတ္တဝါဖြစ် နေရတာပါ။ ဒါပေမဲ့ တချို့လူတွေဟာ အကြောင်း အမျိုးမျိုး ကြောင့် လူစိတ်ပျောက်ပြီး လူ့ သဘော၊ သဘာဝနဲ့ သွေဖီတဲ့ လုပ် ရပ်တွေ လုပ်ဆောင် တတ်ကြ ပါတယ်။ အခုလည်း သာမန်လူတွေ လုပ်လေ့ လုပ်ထမရှိတဲ့လုပ်ရပ်တစ်ခုကြောင့် အိန္ဒိယ လယ်သမား ကမ်လက်ရှ်ဝါဆန့် ဟာ ဆရာဝန်တွေ အတွက် အလွန် ထူးခြားတဲ့ လူတစ်ယောက် ဖြစ်ခဲ့ရပါ တယ်။ မစ္စတာဆန်းဟာ (၁၃) ပေါင် လောက်ရှိတဲ့ သတ္တုတွေဝါးမျိုးခဲ့တာ ကြောင့် အခုတော့ သေဆုံးသွားပါပြီ။ ဒီလိုဝါးမျိုခဲ့တဲ့ မစ္စတာဆန်းဟာ မခံ မရပ်နိုင်အောင် ဗိုက်နာလာခဲ့ပြီး Chhattisgarh ပြည်နယ်ဆေးရုံကို တက်ရောက် ကုသခံယူခဲ့ရပါတယ်။ ဓာတ်မှန်ရိုက်ချက်တွေအရ အစာအိမ် ထဲမှာ ဒင်္ဂါးပြား (၄၃) ပြား၊ သံကျည် ဆန် (၁၉၆) တောင့်၊ မူလီ အသေး (၁၇)လုံးတိတိတွေ့ရှိခဲ့တာကြောင့် အရေးပေါ် ခွဲစိတ် ဖယ်ရှား နိုင်ခဲ့ပေမယ့် သူ့အသက်ကိုတော့ ကယ်ဆယ်နိုင် ခြင်း မရှိခဲ့ပါဘူး။
ရှရက်စ်တီဆေးဝါး သိပ္ပံင်စတီကျူနဲ့ သုတေသနစင်တာ ဒါရိုက်တာ ဘိုရမ်ဒီဝန်ဂန်က “မစ္စတာ ဆန်းဟာ သံထည် ပစ္စည်းလေးတွေကို လွန်ခဲ့တဲ့ (၉)လကတည်းက စား သောက်ခဲ့ တာပါ။ ဗိုက်အရမ်းနာ တယ် ဆိုပြီး ကျွန်တော်တို့ဆီ ရောက်လာခဲ့ပါ တယ်။ ဓာတ်မှန် ရိုက်ကြည့် လိုက်တော့ မှ အခုလို သံထည်ပစ္စည်းတွေ စား ထားမှန်း သိလိုက်ရ တာပါ”လို့ ဖွင့်ဟ သွားခဲ့ပါတယ်။ အံ့ဩဖို့ကောင်းတာက မစ္စတာဆန်းရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဟာ သူအခုလို စား သောက်နေတာကို လုံးဝမရိပ်မိ ခဲ့ကြပါ ဘူး။ “ကျွန်မ အမျိုးသားဟာ ဗိုက် အောင့်တဲ့ဝေဒနာတွေ မကြာခဏခံစား ခဲ့ရပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ (၄) ပတ်ကျော်ကစပြီး ညဘက် တွေဆို မအိပ်တော့ပါဘူး။ သူအမှောင်ထဲမှာ သံထည် ပစ္စည်းတွေ ဝါးမျိုခဲ့တာကို လုံးဝမသိခဲ့ရပါဘူး။ နောက်ပြီး ပုံမှန် အစားအစာ တွေလည်း မစားတော့တာ ကြောင့် တဖြည်းဖြည်းအားနည်းလာ ခဲ့ပါတယ်”လို့ ဇနီးဖြစ်သူကစိတ်ဝေ ဒနာတစ်မျိုး ခံစားခဲ့ရ တာကြောင့် အခု လိုပုံမှန်မဟုတ်တဲ့ အရာတွေ စား သောက် ခဲ့တာ ဖြစ်တယ်လို့ ယုံကြည် နေကြပါတယ်။

No comments:
Post a Comment