Tuesday, December 27, 2011

လကမ္ဘာပေါ်မှာ နေမုန်တိုင်းတိုက်ခတ်

လကမ္ဘာပေါ်တွင် နေမုန်တိုင်း တိုက်ခတ်လျက်ရှိရာ လမျက်နှာပြင်နေရာ အများအပြားမှာ ဆိုးရွားစွာ ထိခိုက်ပျက်စီး လျက်ရှိသည်ဟု နာဆာမှ သိပ္ပံပညာရှင်များက နိုဝင်ဘာ ၇ ရက်နေ့က ပြောကြားလိုက်သည်။ ကွန်ပျူတာများဖြင့် တွက်ထုတ်လိုက်သော ရလဒ်များအရ နေမုန်တိုင်းသည် မားစ်ဂြိုဟ်အပါအဝင် ဂြိုဟ်အများစုကို  ထိခိုက်သွားနိုင်သည်ဟုဆိုသည်။ သိပ္ပံပညာရှင်များအနေဖြင့် လကမ္ဘာအပေါ် နေစွမ်းအင်၏ အကျိုးသက်ရောက်မှုကို ပထမဆုံးအကြိမ် ခန့်မှန်းတွက် ထုတ်နိုင်ခြင်းပင်ဖြစ်သည်။ နေမှဓာတ်ငွေ့တန်ချိန် သန်းထောင်ပေါင်းများစွာ ထုတ်လွှင့်နေပြီး ယင်းတို့မှာ တစ်နာရီလျှင် မိုင်သန်းပေါင်းများစွာ ပေါက်ကွဲလွင့်စဉ်လျက်ရှိသည်။ ကမ္ဘာဂြိုဟ်ကိုမူ နေအပူလှိုင်းများမှ ကာကွယ်ပေးနိုင်သော သံလိုက်စက်ကွင်းရှိသောကြောင့် ထိခိုက်မှု မရှိနိုင်ကြောင်းသိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text