
ရန်ကုန်မြို့တော်၌ လျှပ်စစ် ဓာတ်အား ပေးဝေမှုကို ၂၄ နာရီ ပေးဝေ ထားလျက်ပြီး ၂၄ နာရီ လျှပ်စစ်မီးမရပါက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး အဖွဲ့ YESB သို့ တိုင်ကြား နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက နိုဝင်ဘာ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေး ခေတ္တ အားလပ်ချိန် မီဒီယာများနှင့် တွေ့ ဆုံစဉ်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်အား ယခု အခါတွင် ၂၄ နာရီပတ်လုံး လျှပ်စစ် ဓာတ်အားပေးဝေရန် ဓာတ်အား အလုံအလောက် ရှိကြောင်း ဝန်ကြီး ချုပ်က ပြောသည်။ ယခုအခါ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်ရခြင်း သည် လျှပ်စစ် ဓာတ်အားခွဲရုံများ တွင် တပ်ဆင်ထားသည့် ကိရိယာ များမှာ ခံနိုင်ဝန်အား ကျော်လွန် ခြင်း၊ မြေအောက်ကြိုးများ သက်တမ်း ကြာမြင့် လာခြင်းတို့ကြောင့် ဖြစ်သည်။
လျှပ်စစ်ဓာတ်အား ပြတ် တောက်မှုများ ဖြစ်ပွားပါက မည် သည့် အကြောင်းကြောင့် ပြတ် တောက်ရခြင်းဖြစ်သည်ကို ရန်ကုန် မြို့ တော် လျှပ်စစ်ဓာတ်အားပေး ဝေးရေးအဖွဲ့နှင့် မြို့နယ်ရုံးများသို့ စုံစမ်းမေးမြန်းနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာ ဝန်ရှိသူက ပြောသည်။ ရန်ကုန်မြို့တော်၌ ၂၀ဝ၇- ၂၀ဝ၈ ခုနှစ်က လျှပ်စစ်ဓာတ်အား ၄၀၉ မဂ္ဂါဝပ် သုံးစွဲမှုရှိခဲ့ပြီး ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၆၉၀ မဂ္ဂါဝပ် တိုးတက်သုံးစွဲလာ နိုင်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရပါက ပိုမိုတိုးတက်အောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးက ကျင်းပလျက်ရှိသည့်လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

No comments:
Post a Comment