Wednesday, November 2, 2011

Wireless Broadband Master Plan ကို ဒေသတွင်း ၄နိုင်ငံပူးပေါင်းရေးဆွဲမည်


မိုဘိုင်းဖုန်းများပေါ်တွင် သရီးဂျီ နက်ဝါ့ခ်စနစ်(3G Network) ဖြင့် အင်တာနက်အသုံးပြုမှုများ တွင် ကျယ်လာစေရန် အတွက် မြန် မာနိုင်ငံအပါအဝင် အာရှဒေသ တွင်းလေးနိုင်ငံမှ Wireless Broband Master Plan ဟူသော စီမံကိန်း တစ်ခု ကိုပူးပေါင်းရေးဆွကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ အဆိုပါ wireless Broband Master Plan ကို မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံ တို့က ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်ကြောင်း ယင်းလုပ် ငန်း ၏ တာဝန်ရှိသူတစ်ဦးကပြော သည်။ ထို့ကြောင့် ITU အနေဖြင့် အာရှဒေသတွင်းနိုင်ငံများ၏ မို ဘိုင်းဖုန်းများပေါ်တွင် အင်တာ နက် သုံးစွဲနိုင်သည့် အဆိုပါနည်း စနစ်ကို ပိုမိုတွင်ကျယ်လာစေရန် အတွက် Wireless Broband Master Plan ကိုဆောင်ရွက်ရ ခြင်းဖြစ်ကြောင်းသိရသည်။ ထို စီမံကိန်းကို ITU မှ နည်းပ ညာဆိုင်ရာ အထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့ သည့် စက်တင်ဘာလ ၂၄ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည်။ ITU ၏အထောက်အပံ့ဖြင့် ရေးဆွဲဆောင်ရွက်မည့် အဆိုပါ စီ မံကိန်းနှင့်ပတ်သက်ပြီး မြန်မာနိုင် ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ၏ဥကဋ္ဌ္က ဦး ရြဲမတသ် ကူ "အစိုး ရအ နေနဲ့ ဒီလိုနည်းပညာဆိုင်ရာ၊ ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်း တွေ ဆောင်ရွက်တဲံ နေ၇ာမှာ လက် ရှိပြည်တွင်းမှာ တကယ်လိုအပ်နေ တဲ့ အကြောင်းအရာတွေကိုအဓ ကဦး စားပေးသငပ့်ါတယ။် ဒီလိုမျိုး မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်အ သုံးပြုတာပိုပြီးတွင်ကျယ်လာ အောင်၊ အဆင့်မြင့်လာအောင် လုပ်တာကောင်းတယ်။ ဒါပေမဲ့ တကယ်တမ်းမဖြစ်မနေလုပ်ရမှာ က ပြည်တွင်းရဲ့အင်တာနက်တွေ နှေးကွေးလွန်းအားကြီးနေတာပါ ပဲ” ဟုသုံးသပ်ပြောကြားသည်။ အစိုးရအနေဖြင့် ယခုနှစ်ဧပြီ လနောက်ပိုင်းမှစတင်ကာ ဆက် သွယ်ရေးပိုင်းဆိုင်ရာ ကဏ္ဍများကို တဖြည်းဖြည်းချင်းတိုးတက်လာ အောင်ဆောင်ရွက်ပေးခဲ့သော် လည်း သတင်းအချက်အလက် ဖြန့်ဝေမှုပိုင်း၏ အဓိကကျသော အင်တာနက်ဆက်သွယ်မှုလိုင်း များကိုမူ ယခင်ထက်ပိုမိုကောင်း မွန်လာအောင်ပြုပြင်ပြောင်းလဲ နိုင်ခြင်းမရှိသေးကြောင်း ပြည် တွင်းကွန်ပျူတာပညာရှင်များနှင့် လုပ်ငန်းရှင်အချို့ကသုံးသပ်ပြော ကြားကြသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text