Wednesday, November 2, 2011

သုံးနှစ်ဝန်းကျင် ကလေးတစ်ဦး ဗဟန်း၃လမ်းထိပ်တွင်ကောက်ရ


news
သီတင်းကျွတ်လပြည့်နေ့ နေ့လယ်ပိုင်းတွင် ရွှေတိဂုံစေတီတော် အနီး ဗဟန်း ၃ လမ်းထိပ်၌ သုံးနှစ်ရွယ်ကလေးတစ်ဦး ကောက် ရခဲ့ကြောင်းသတင်းရရှိသည်။ “ကလေးကား လမ်းဖြတ်ကူး
ခါနီးကို မိန်းမတစ်ယောက် က အော်ပြောတော့မှ ပြေးဆွဲထားပြီး လမ်းထိပ်ဆိုင်မှာ ခေါ်ထား တာ။ ညနေအထိလာရှာတဲ့လူလည်းမတွေ့တာနဲ့ သက်ဆိုင်ရာ ရဲစခန်းနဲ့ရပ်ကွက်ရုံးကို သွားအကြောင်းကြားခဲ့ပါတယ်” ဟု ကလေးအား တွေ့ရှိထိန်းသိမ်းထားသူ ဗဟန်း ၃ လမ်းမှ ကိုဝေလွင် ကဆိုသည်။ ကလေးငယ်အား သက်ဆိုင်ရာသို့အပ်နှံရာ ထိုရက်တွင် မိန်းကလေးလူပျောက်တိုင်ကြားမှုသာရှိပြီး ထိုကလေးအား လူပျောက်တိုင်ကြားမှု မရှိသေးသဖြင့်တွေ့ရှိထားသူက ထပ်မံ ထိန်းသိမ်းထားရန်ဟုဆိုသဖြင့် ဗဟန်း၃ လမ်းတွင် ကွမ်းယာဆိုင် ဖွင့်လှစ်ထားသော ကိုဝေလွင်နှင့် အခြားတစ်ဆိုင်တို့က ဆက် လက်ထိန်းသိမ်းထားခဲ့၇ပြီး ယခုချိန်တွင် ပ၇ဟိတ ဂေဟာတစ်ခု သို့ ပို့ဆောင်ထားကြောင်းသိရသည်။ အဆိုပါကလေးမှာ အသက်သုံးနှစ်ဝန်းကျင်ရှိ ယောကျာ်း လေးဖြစ်ကာ မိဘအမည်နှင့်သူ၏အမည်တို့ ကိုမေးမြန်းမရ သော်လည်း ကျန်သည့်ပြောဆိုဆက်ဆံမှုတွင် သွက်လက်ချက် ချာရှိပြီး ပြောဆိုရာတါင် တိုင်းရင်းသားသွေားစပ်သည့်ပြောဆိုဟန် များရှိကြောင်း သိရသည်။ကလေးပျောက်ဆုံးနေသူများသည် ကေို ဝလငွ်(ဗဟန်း ၃လမ်း )၊ ကိုဝေယံ(ဖုန်းး -ဝ၉ ၄၉၃၁၁၁၃၉) နှင့် ဗဟန်းမြို့နယ် ရဲစခန်းတို့သို့ မေးမြန်းစုံစမ်းနိုင်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text