
စင်ကာပူနိုင်ငံ အိုးအိမ်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနမှ ဝန်ကြီး မစ္စတာ ရှီဝင်ယွမ်က (၂၀.၁၀.၂၀၁၁) ရက် နေ့တွင် ပြုလုပ် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ ထုတ်ဖော် ပြောကြားရာမှာ စင်ကာပူနိုင်ငံရှိ လုံးချင်းအိမ်ခန်း၊ တိုက်ခန်း များကို နိုင်ငံခြားသားများက အမျာစု ဝယ်ယူ ရင်းနှီးမြှုပ်နှံလျက်ရှိရာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က လုံး ချင်းအိုးအိမ် ဝယ်ယူမှုမှာ ၁၂% ရှိ ပြီး၊ ယခုနှစ် ပထမ နှစ်ဝက်အထိ လုံးချင်းအိုးအိမ် ဝယ်ယူမှုကတော့ ၁၆% ရှိသဖြင့် ဖွံ့ဖြိုးတိုးတက်လာ နေလျက်ရှိကြောင်း ပြောကြားခဲ့ သည်။ နိုင်ငံခြား နိုင်ငံအနေဖြင့် အဓိကအားဖြင့် ဩစတြေးလျနိုင်ငံ က ဝယ်ယူ ရင်းနှီး မြှုပ်နှံလျက် ရှိသည်ကို တွေ့ရသည်ဆိုသည်။

No comments:
Post a Comment