
မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် စင်ကာပူနိုင်ငံမှ M1 တံဆိပ်ဖုန်း များ အသုံး ပြုနိုင်ကြောင်း အောက်တိုဘာလ အတွင်းက စင်ကာပူမှ ပြန်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ ယင်းအတွက် မြန်မာ့ဆက်သွယ် ရေးသို့ ဆက်သွယ်မေးမြန်းရာ နေပြည် တော်ရှိ မိုဘိုင်းလ်ဖုန်းဆိုင်ရာ အင်ဂျင်နီယာ ချုပ်က "ခွင့်ပြုထားလို့ရတာပေါ့" ဟု ပြန်လည်ဖြေကြားသည်။ "စင်ကာပူက လူနဲ့ပြောဖို့ အင်တာနက်ဆိုင်မပြေးရတော့ဘူးပေါ့" ဟု ပြီးခဲ့သည့်လက စင်ကာပူနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လာသည့် စာရင်းကိုင် အမျိုးသမီးတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် အတွင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင် ဗီယက်နမ် နိုင်ငံမှ ဖုန်းများ မြန်မာနိုင်ငံ အတွင်းသို့ ယူဆောင်အသုံးပြုနိုင်ရန် ခွင့်ပြု ထားပြီးဖြစ်ပြီး ယခုတွင် စင်ကာပူနိုင်ငံမှ ဖုန်းများပါ အသုံးပြုနိုင်ပြီး ယင်းစနစ် ကို Inpound Roamingဟုခေါ်ကာ မြန်မာ နိုင်ငံမှ အခြားနိုင်ငံသို့ယူဆောင်အသုံး ပြုနိုင်မည့် Outpound Roaming စနစ် မှာမူ မရရှိသေးပေ။ ယခုနှစ်ကုန်တွင် အာဆီယံ ၁၀ နိုင်ငံအပြင် ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယ နိုင်ငံမှ ဖုန်းများပါ မြန်မာနိုင်ငံတွင် သုံး စွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းဆိုင်ရာ မြန်မာ့ဆက်သွယ် ရေးမှ အင်ဂျင်နီယာချုပ်က ဇူလိုင်လ တွင်း The Voice Weekly သို့ပြော ကြားခဲ့ဖူးသည်။ စင်ကာပူနိုင်ငံတွင် M1 , Starhub၊ Singtelတံဆိပ်ဖုန်းကတ်များမှာ လူသုံး အများဆုံးဖြစ်ပြီး ယခု M1 ဖုန်းကတ် မှာ ပထမဆုံးအနေဖြင့် Roaming စနစ် သုံးနိုင်ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁ ရက်နေ့ထုတ် စင် ကာပူအခြေစိုက်THE STRAITS TIMES နေ့စဉ် သတင်းစာတွင် ၄င်းတို့ ဖုန်းကတ်တစ်ခုတည်းကသာ မြန်မာ အပါအဝင် အပြည်ပြည်ဆိုင်ရာ Roaming အနေဖြင့် ဝန်ဆောင်ပေးခြင်းဖြစ်ပြီး နှုန်းထားများကို m1.com.sg/m1roaming တွင်ဖော်ပြထားကြောင်း ကြေညာထား သည်။

No comments:
Post a Comment