Monday, November 7, 2011

လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကင်ဆာ(၇) မျိုးကိုကာကွယ်နိုင်


exercise
ကင်ဆာသည် ကုသ ရခက်ခဲသော ရောဂါဖြစ် သော်လည်း လေ့ကျင့်ခန်း လုပ် ခြင်းဖြင့် ကင်ဆာဖြင့် သေဆုံးသည့် အရေ အတွက် တစ်ဝက်ကိုလျော့ချနိုင်ကြောင်း၊ ကင်ဆာရောဂါ တိုက်ဖျက်ရေး၏ အဓိက လက်နက်မှာ ကိုယ်လက်လှုပ်ရှားလေ့ ကျင့်ခန်းပင်ဖြစ်ကြောင်း အမေရိကန်ကင် ဆာအသင်းကြီးက ပြောသည်။
ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းသည် ကိုယ်အလေး ချိန်ကိုထိန်းသိမ်းပေးနိုင်ခြင်း၊ သွေးပေါင် ချိန်မှစေခြင်း၊ စိတ်ကြည်လင်ခြင်းတို့ ကြောင့် အချို့သော ရောဂါများဖြစ်ပွားမည့် ဘေးမှ ကာကွယ် နိုင်ကြောင်း အထူးသဖြင့် ရင်သား ကင်ဆာနှင့်အူမကြီးကင်ဆာဖြစ်ပွား နှုန်းမှ ကာကွယ်နိုင်ကြောင်း သိရသည်။ ဂျော့တောင်း တက္ကသိုလ်မှ ပါမောက္ခ ပရက်စီလာဖာ ကလေ့ကျင့်ခန်း လုပ်ဖို့ အချိန် နောက်ကျနေပြီဆိုတာ မရှိပါဘူး။ ပြီး တော့ စက်ဘီးပဲစီးစီး၊ ပြေးပဲပြေးပြေး၊ အလေးပဲမမ ဘယ်လေ့ကျင့်ခန်းလုပ်ရ မယ်ဆိုတာ မရှိပါဘူး။ အဓိကကတော့ နေ့စဉ် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခု လုပ် ဖို့ပဲ လိုတာပါဟု ပြောသည်။
အသက် ၅၀ မှ ၆၄ နှစ်ကြားအမျိုးသား အမျိုးသမီး (၅၅၄၈၉) ဦးကို ဆယ်နှစ် တာ လေ့လာမှုပြုပြီး ယခုကဲ့သို့ ပြော ကြားလိုက်ခြင်းဖြစ်သည်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကာကွယ်နိုင်သောကင်ဆာ များမှာ
၁။ အမျိုးသမီးများတစ်ပတ်လျှင် မီး နစ် (၁၅၀) ကိုယ်လက်လေ့ကျင့်ခန်းလုပ် ပါက သားအိမ်ကင်ဆာဖြစ်မည့်ဘေးမှ ၃၄ ရာခိုင်နှုန်းလျော့ကျနိုင်မည်။
၂။ အူမကြီး အောက်ပိုင်း ကင်ဆာ ဖြစ်ပွားမည့် ဘေးမှ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဖြင့် ၂၃ ရာခိုင်နှုန်းလျော့ ချနိုင်သည်။
၃။ ဆီးကျိတ်ကင်ဆာ
၎။ တစ်နေ့လျှင် မိနစ် ၂၀ ဖြင့် တစ်ပတ်လျှင်ငါးရက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်လုပ်သူအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားမှုကို ၂၅ ရာခိုင လျော့ချနိုင်သည်။
၅။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း သည်ဆေးလိပ်သောက် သူများကိုပင် အဆုတ်ကင်ဆာဖြစ်မည့်ဘေးမှ ကာကွယ် ပေးနိုင်သည်။
၆။ မျိုးဥအိမ်ကင်ဆာ
၇။ အစာအိမ်ကင်ဆာကို ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ၅၀ ရာခိုင်နှုန်းအထိလျော့ချနိုင်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text