Monday, November 7, 2011

အင်္ဂါဂြိုဟ်သွားခရီးစဉ်အတွက် ရက်ပေါင်း ၅၂၀ ကြာ အလုံပိတ်စမ်းသပ်ခံမှုပြီးဆုံး


အင်္ဂါဂြိုဟ်သို့ လူစေလွှတ်ရေးအတွက် စမ်းသပ်မှုအဖြစ် ကမ္ဘာမြေပေါ်တွင်ပင် လူခြောက်ဦးအား ရက်ပေါင်း ၅၂၀ ကြာ အလုံပိတ်စမ်းသပ်မှုမှာ နိုဝင်ဘာလ ၄ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။ မော်စကိုရှိ အလုံပိတ်အခန်းကြီးတွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုပြီးစီးခဲ့ပြီးနောက် ပြန်ထွက်လာကြသော အဖွဲ့ဝင်အားလုံးမှာ ကျန်းမာရေးအရ ထိခိုက်မှုလုံးဝမရှိခဲ့ဟု ဆိုသည်။
သုတေသနပညာရှင်တစ်ဦးက အခမ်းတံခါးကိုဖွင့်ပေးခဲ့ပြီးနောက် နိုင်ငံစုံမှ အဖွဲ့ဝင်ခြောက်ဦးသည် အပြာရောင်ဝတ်စုံများဖြင့် ထွက်လာခဲ့ကြပြီး မိသားစုဝင်များ၊သိပ္ပံပညာရှင်များက ဂုဏ်ပြုခဲ့ကြသည်။ ရုရှား မှ သုံးဦး၊တရုတ်၊ပြင်သစ်၊အီတလီ မှ တစ်ဦးစီပါဝင်သော အဖွဲ့သည် နောက်ထပ်ဆေးစစ်မှုများကိုမူ ထပ်မံ ပြုလုပ်ရဦးမည်ဖြစ်သည်။
စမ်းသပ်မှုတွင် အလုံပိတ်အခန်းအတွင်း လပေါင်းများစွာ နေထိုင်မှုအပါအ၀င် အင်္ဂါဂြိုဟ်ပေါ်လမ်းလျှောက်မှု ဂြိုဟ်ပုံတူမျက်နှာပြင်ပေါ်တွင် ပြုလုပ်မှု၊ကမ္ဘာမြေနှင့်ဆက်သွယ်မှုပြတ်တောက်သွားချိန်တွင် မည်သို့ကိုင်တွယ်မည် ဆိုခြင်းကို စမ်းသပ်မှုများ ပါဝင်ခဲ့သည်။
အငြင်းပွားဖွယ်မှာ စမ်းသပ်မှုတွင် အမျိုးသမီးတစ်ဦးမှ မပါဝင်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သူများသည် အမှန်တစ်ကယ် အင်္ဂါဂြိုဟ်သို့ လူစေလွှတ်ပါက လိုက်ပါခွင့်ရရန် မသေချာခြင်းဖြစ်သည်။ယခုစီမံကိန်းကို ရုရှားတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ဥရောပ အာကာသအေဂျင်စီက ဦးဆောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text