Tuesday, November 1, 2011

ယူရီဂါဂါရင် နှစ် ငါးဆယ် ပြည့် ရုရှား က အာကာသယာဉ် လွှတ်


Soyuz TMA-21 ဒုံးကို အာကာသထဲ ပစ်လွှတ် ရန် အတွက် သယ်ဆောင် လာစဉ်
ရုရှား အာကာ သယာဉ် မှုး ယူရီဂါဂါရင် ၏ ပထမဦး ဆုံး အာကာသထဲ ခြေဆန့် နိုင်ခဲ့ မှု အထိမ်းအမှတ်
အဖြစ် ရုရှား နိုင်ငံ က ယူရီ ဂါဂါရင် ဟု အမည် ပေးထားသည့် အာကာသယာဉ် တစ်စီး ကို သယ်ဆောင်
ထား သည့် ဒုံးကျဉ် တစ်စီး ကို အာကာသထဲ ပစ် လွှတ်တော့ မည် ဖြစ်သည်။
အဆိုပါ အာကသ ယာဉ် ကို ကာဇက်စတန် နိုင်ငံ ဘိုင်ကော နောဗ် အကာသ စခန်း မှ နေ၍ ယနေ့ မနက်
အစောပိုင်းတွင် ပစ်လွှတ် ခဲ့ပြီး အမေရိကန် အာကာသ ယာဉ်မှုးဟောင်း တစ်ဦး နှင့် ရုရှား အာကာသ ယဉ်မှုး
နှစ်ဦး လိုက်ပါသွား ကြသည်။
ယူရီဂါဂါရင် သည် ၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက် အသက် ၂၇ နှစ် အရွယ် တွင် အာကာ သထဲ ရောက်ရှိ ခဲ့ခြင်း
ဖြစ်သည်။ ၎င်း သည် ၁၉၆၈ ခုနှစ် အသက် ၃၄ နှစ် အရွယ် တွင် ကွယ်လွန် ခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text