
နှလုံးရောဂါ ဝေဒနာရှင်များ သည် ၄င်း၏ နှလုံးခုန်ခြင်း ရုတ် တရက် ရပ်တန့် သွားပြီး မည်သည့် လက္ခဏာ ကိုမျှ မပြဘဲ သေဆုံး တတ်၏။ ယင်းသို့ဖြစ်ရခြင်းမှာ လူသားတို့တွင် ရှိသော မျိုးရိုးဗီဇ၊ ဂျင်း(န်) (Genes) တစ်ခု ပြောင်းလဲ သွားခြင်းကြောင့် ဖြစ်သည်ဟု နှလုံး သုတေသီတို့က တွေ့ရှိခဲ့ကြသည်။ နှလုံးခုန် ရုတ်တရက် ရပ်တန့်သေဆုံး ခဲ့သူဦးရေ ၄၄၀၂ ဦးတို့၏ ဂျင်း(န်) ကို စမ်းသပ်စစ်ဆေးခဲ့ရာတွင် (BAZ2B) Genes ဂျင်း(န်)တွင် ပြောင်းလဲမှုဖြစ်ပေါ်နေခြင်းနှင့် ဆက် နွှယ်နေသည်ဟု သိရသည်။ တစ်ဖန် နှလုံးကျန်းမာသူ လူဦးရေ ၃၀ဝ၀ဝ တို့၏ ဂျင်း(န်)Genes များကို စမ်း သပ်လေ့လာရာတွင်မူ အပြောင်းအလဲ မရှိကြောင်း တွေ့ရှိရ၏။

No comments:
Post a Comment