အင်ဒိုနီးရှားနိုင်ငံက သင့်တော်သည့် ဖွဲ့စည်းဆောင်ရွက်မှုများ မပြုလုပ်ပါက အိမ်ဖော်များ သွားရောက်လုပ်ကိုင်ခွင့်ကိုခွင့်မပြုပဲ ရွှေ့ဆိုင်းထားမည်ဟု ကြေညာခဲ့ပြီး ၃ ရက်မြောက်သည့်နေတွင် ယင်းသို့ထွက်ပေါ်လာခြင်းဖြစ်သည်။
မလေးရှားအလုပ်ရှင်က ကမ္ဘောဒီးယား အိမ်ဖော်များကို ရိုက်နှက် အတင်းအဓ္ဓမ ပြုကျင့်ခဲ့သည့်အပေါ် စိတ်ပျက်ကာဝန်ကြီးချုပ်
ဟွန်ဆန်က ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာ သတင်းထောက်က ဖနွမ်းပင်မှ သတင်းပေးပို့ခဲ့သည်။မတော်မတရားအနိုင်ကျင့်ခံရသည့် အိမ်ဖော်များကို ကူညီနေသည့် ကမ္ဘောဒီးယား လူ့အဖွဲ့အစည်း တရားဝင် ပညာရေး အဖွဲ့က မလေးရှားတွင် ကမ္ဘောဒီးယား အိမ်ဖော် ၃ ဦး အသတ်ခံရပြီး ၂ ဦး အဓ္ဓမပြုကျင့်ခံရကာ သီးသန့်ခွဲထားကြောင်း ပြောသည်။
နိုင်ငံကူးလတ်မှတ်ကိုလည်း အလုပ်ရှင်များက သိမ်းဆည်းထားသည်ဟု သိရသည်။ ကမ္ဘောဒီးယား အလုပ်ရှာဖွေရေး ကုမ္ပဏီ ဥက္ကဋ္ဌ An Bunhak က အစိုးရအမိန့်ကို အားပေးထောက်ခံကြောင်းပြောသည်။
“အလုပ်သမားဝန်ကြီးက ၀န်ကြီးချုပ်ပြောတာကို အရေးယူဆောင်ရွက်ပါလိမ့်မယ်” ဟု An Bunhak က ပြောသည်။
၂၀၀၉ ခုနှစ်ကတည်း အိမ်ဖော် ၅ သောင်းသည် မလေးရှားတွင် အလုပ်ရှာဖွေခဲ့ကြောင်း သိရသည်။
ကူဝိတ်တွင်လည်း အိမ်ဖော်များမတော်မတရား အလုပ်ခံရသည်ဟု တိုင်တန်းခံရပြီးနောက် ပို့ဆောင်ခြင်းမပြုရန် ယခုနှစ် အစောပိုင်းက ဆုံးဖြတ်ခဲ့သည်ဟု ကမ္ဘောဒီးယား အလုပ်ရှာဖွေရေး ကုမ္ပဏီက ပြောသည်။
အင်ဒိုနီးရှားက အိမ်ဖော်များကို မလေးရှားသို့ သွားရောက်လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ခဲ့ပြီးနောက် အလုပ်ရှင်အများစုက ကမ္ဘောဒီးယား အိမ်ဖော်ဌားရမ်းရန် ပြုလုပ်နေချိန်တွင် ယခုဆုံးဖြတ်ချက်သည် အိမ်ဖော်လိုအပ်နေသည့် မလေးရှား မိသားစု အတွက် အကြပ်ရိုက်စရာ ဖြစ်နေသည်ဟု ဆိုသည်။
မလေးရှား အမျိုးသား အလုပ်ရှင်များ အဖွဲ့ ဥက္ကဋ္ဌက Datuk Raja Zulkepley Dahalan က တားမြစ်ပိတ်ပင်မှုသစ်သည် အလွန်ဆိုးသည့် သတင်းဖြစ်ကြောင်း ပြောသည်။
အိမ်ဖော်ပြတ်လတ်သည့် ပြဿနာသည် အိမ်ဖော်ရှာဖွေရေး ကုမ္ပဏီများအတွက် ရိုက်ချက်တခုဖြစ်ပြီး တချို့ဆိုလျှင် ပိတ်ပစ်ရန်အထိ ဖြစ်နေသည်ဟု ပြောသည်။
“အလုပ်ရှင်သာမက ကုမ္ပဏီတွေကိုလည်း ထိခိုက်တယ်၊ အရင်က ကုမ္ပဏီ ၃၀၀ ကနေ အခု ၁၅၀ ပဲရှိတော့တာကြည့်ပါလား ” ဟု သူက ပြောသည်။ ယခု မလေးရှားတွင် အိမ်ဖော် ရရှိရေးသည့် အရေးပေါ်အခြေအနေရောက်ရှိနေကြောင်း သိရသည်။
အလုပ်ရှင်များက အိမ်ဖော်ကို ဖိလစ်ပိုင်နိုင်ငံတွင် ပြောင်းလဲ ရှာဖွေရန် ပြင်ဆင်ထားသင့်ပြီး အိမ်ဖော်ရှာဖွေရေး ကုမ္ပဏီများကို ဖိအား မပေးသင့်ဟုလည်း Raja Zulkepley ကပြောသည်။
ကမ္ဘောဒီးယား ဆုံးဖြတ်ချက်သည် ပြင်းထန် ဆိုးဝါးသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု မလေးရှား အိမ်ဖော်အလုပ်ရှင်များအဖွဲ့က ဆိုသည်။
ကမ္ဘောဒီးယားက အိမ်ဖော်များအတွက် ပိုမို ကာကွယ်နိုင်ပေးနိုင်မည့် လုပ်ဆောင်မှုကို အာရုံစိုက်သင့်ကာ လုံးလုံးလျားလျား ရပ်ဆိုင်းမှုကို မထုတ်ပြန်သင့်ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ Engku Ahmad Fauzi Engku Muhsein က ပြောသည်။
“အလုပ်ရှင်အများစုက အိမ်ဖော်တွေကို ကောင်းကောင်းဆက်ဆံပါတယ်၊ ဒီဆုံးဖြတ်ချက်က မလေးရှားက အိမ်ဖော်တွေ အခြေအနေကို ပိုမိုဆိုးဝါးစေပါတယ်” ဟု သူက ပြောသည်။
မလေးရှားအလုပ်ရှင်များကို ပညာပေး၍ အိမ်ဖော်များသည် မိသားစု၏ တစိတ်တပိုင်းဖြစ်သည်ဟူသော စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲရန်လိုသည်ဟု Engku Ahmad Fauzi က ပြောသည်။
ဒေသခံအာဏာပိုင်များက အိမ်ဖော်များ မတော်မတရားအလုပ်ခံရသည့် အစီရင်ခံစာကို အလေးအနက် ထား၍ အလုပ်ရှင်များ အပေါ် အလျင်အမြန်အရေးယူဆောင်ရွက်သင့်ကြောင်းလည်း သူက ပြောသည်။

No comments:
Post a Comment