Saturday, November 5, 2011

၂၀၁၁ လူသားဖွံ့ဖြိုးမှုညွန်းကိန်း အစီရင်ခံစာ၊ နော်ဝေ အကောင်းဆုံး


ကုလသမဂ္ဂက ၂၀၁၁ ခုနှစ် လူ့သားဖွံ့ဖြိုးမှုအစီရင်ခံစာကို နိုင်ဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ ကမ္ဘာ့နိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ GDP, GNP စီးပွားရေးညွှန်းကိန်းများသာ မကတော့ဘဲ၊ လူမှုရေးနဲ့ စီးပွားရေး နှစ်ခုစလုံးပါဝင်တဲ့ HDI ခေါ် လူသားဖွံ့ဖြိုးမှုညွှန်းကိန်းကနေသာ ကျယ်ကျယ်ပြန့်ပြန့် တိုင်းတာဆုံးဖြတ်လာသည်။
HDI မှာ နိုင်ငံသားတွေရဲ့ တစ်ဦးချင်းပျမ်းမျှသက်တမ်း၊ ပညာရေးပြီးမြောက်မှု၊ ၀င်ငွေနဲ့ လူနေမှုအဆင့်အတန်း စတဲ့ စာရင်းအင်း (statistic) တို့ကနေ တွက်ချက်ခြင်းဖြစ်သည်။ HDI တွက်ချက်မှု ညွှန်းကိန်းမှာ (0) နဲ့ (1) ကြား သတ်မှတ်ထားပြီး၊ (0) က အညံ့ဖျင်းဆုံး၊ (1) မှာ အကောင်းဆုံးဖြစ်သည်။
ယခုနှစ် အစီရင်ခံစာအရ နော်ဝေနိုင်ငံက (0.9) ကျော်ဖြင့် (1) နားအနီးဆုံးဖြစ်တဲ့အတွက် လူမှုစီးပွားဖွံ့ဖြိုးမှု အကောင်းဆုံး ဖြစ်သည်။
အောက်ပါဇယားမှာ နိုင်ငံအချို့ရဲ့ HDI အဆင့်အတန်းကို အကောင်းဆုံး နော်ဝေကနေ၊ အညံ့ဖျင်းဆုံး ကွန်ဂိုအထိ စီထားသည်။ HDI အဆင့်အရ အမေရိကန်က နံပါတ် ၄၊ တရုတ်က ၁၀၁ ဖြစ်သည်။ မြန်မာနိုင်ငံနဲ့ အခြား ဆင်းရဲတဲ့နိုင်ငံတွေရဲ့ HDI အဆင့်ကို သိချင်ရင်တော့ HDR ၂၀၁၁ ခုနှစ် အစီရင်ခံစာကို ဆက်ဖတ်ကြည့်ဖို့ လိုပါမည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text