
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (မန္တလေးရုံးခွဲ) တွင် နိုဝင်ဘာလဆန်းမှ စတင်၍ ကျောက်စိမ်း အချောထည်များ တရားဝင် သယ်ယူခွင့် အတွက် One Stop Service ပုံစံဖြင့် သတ်မှတ် နှုန်းထားများ ပေးဆောင်ကာ တရားဝင် သယ်ယူခွင့် ရနိုင်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ One Stop Service လုပ်ဆောင်မှုအတွက်ဌာန ၆ ခုမှ တာဝန်ရှိသူ များ၏ ကြီးကြပ်မှုဖြင့် သယ်သူမည့် ပစ္စည်းများအား ချိတ်ပိတ်စည်းနှောင်ကာ သယ်ယူခွင့် ရမည် ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည။်
ယခုကဲ့သို့ တရားဝင် ဝယ်ယူခွင့်ကြောင့် ဈေးကွက်တွင် စီးဆင်း မှုပိုမိုကောင်းမွန်ကာ မန္တလေး အချောထည် ဈေးကွက်တွင် ယခင်ထက်ပို ကောင်းလာမည်ဟု ခန့်မှန်းကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ထို့အပြင် ကုန်ချောထွက်ရှိမှုတိုးကာ ယခင် တရားမဝင် သယ်ယူမှုများကြောင့် ဖမ်းဆီးခံရပြီး ဆုံးရှုံးခြင်းများ ရှိတော့မည်မဟုတ်ဟု၎င်းကဆိုသည်။
အချောထည် သယ်ယူခွင့် အတွက် ပေးဆောင်ရမည့် နှုန်းထားများ အနေဖြင့် လက်ကောက် တစ်ကွင်း ၃၀ဝ ကျပ၊် လွှာချပ်(ရိုးရိုး ) တစ်ကီလိုဂရမ်၂,ဝ၀ဝ ၊ ကျပ် လွှာချပ်(ပန်း စပါ) တစ်ကီလိုဂရမ် ၅,ဝ၀ဝ ကျပ်၊ ပုတီးတစ်ကီလိုဂရမ် ၂,ဝ၀ဝ ကျပ်တို့ဖြစ်သည်။

No comments:
Post a Comment